ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 28, 2009

Venice သို့ ရောက်ခဲ့စဉ် (၂)

ကျွန်တော်တို့ ဗင်းနစ် ရဲ့ အဓိကနေရာ Piazza San Marco (St Mark's Square) ကို ရောက်တော့ နေက တက်နေဖြစ်နေပြီ၊ အနေအထားအရ ဘယ်လိုမှ ကိုယ်လိုချင်သလို ရိုက်လို့မရခဲ့ဘူး၊ ရိုက်တဲ့ ကင်မရာကလည်း ကလေးရိုက်တဲ့ ကင်မရာလေးဆိုတော့ ထင်သလောက် ခရီး မပေါက်ဖူးပေါ့။

စိတ်ကြိုက် မရခဲ့ဘူးလို့ ဆိုရင် .................
(သူ့ကိုယ်သူများ ပရော်ဖက်ရှင်နယ်များ အောင်းမေ့နေသလားမသိ၊ လက်ရာကတော့ ကလေးရိုက်ချက်ကမှာ သူ့ပုံတွေထက်သာအုံးမယ်။)

ဘာဘဲဖြစ်ဖြစ် အားပေးမှုကို မျှော်လင့်နေပါတယ်။

ကျွန်တော်နဲ့ အတူတူသွားခဲ့တဲ့ သူတွေကတော့ ဗင်းနစ်ကို ထပ်သွားအုံးမယ်ဆိုဘဲ၊ ကျွန်တော်လည်း ထပ်တော့ သွားချင်သေးတယ်၊ သွားဖြစ်အုံးမယ်လို့လည်း မျှော်လင့်ပါတယ်။

သွားဖြစ်ရင် မိတ်ဆွေတွေအတွက် အမှတ်တရ တစ်ခုခုတော့ ရအောင် ယူလာခဲ့မယ်နော်.........











ဒီမြင်းတွေက အစစ်တွေ မဟုတ်ပါဘူး။၊ မြင်းအစစ်တွေက museum ထဲမှာပါ။ အဆောက်အဦ ထဲဝင်တော့ ပန်း (၁၀)မျိုး အမျိုးမျိုးပေါ့။ တစ်ချို့လည်း ရွှေအစင်းနဲ့ ရွှေအစစ်ချထားတာဆိုဘဲ။ လက်ရာတွေက တော်တော် ကောင်းပါတယ်။ ဓါတ်ပုံမရိုက်ရဘူးဆိုတော့ မရိုက်ခဲ့ရဘူး၊ ပုဂံအနန္ဒာဘုရားထက် အနုစိပ်တယ် ရှေးကျတယ်ဆိုတော့ နဲနဲတော့ မခံချင်ဘူး၊



အောက်ကပုံကိုတော့ သီးခံပြီး ကြည့်ပါခင်ဗျာ၊ ကြော်ငြာဝင်တာမဟုတ်ပါဘူး၊
ဒီမြင်ကွင်းပုံ ဒီပုံဘဲရှိလို့ပါ

1 Comment:

swem said...

လွင်မိုးနဲ့ထွန်းအိနြာဗိုလ်လား ?