ကျွန်တော် ဓါတ်ပုံလေးတစ်ပုံ ရိုက်ဖြစ်ခဲ့တယ်၊
ဒီပုံလေးကို အပြုံးပုံရိပ် လို့ အမည်ပေးထားပါတယ်၊
သူတို့နှစ်ဦးဟာ ကင်မရာကို တစ်ယောက်ကို အကူအညီ တောင်းပြီး ရိုက်ခိုင်းလိုက်တယ်၊
အဲဒီလို ရိုက်ပြီး ရလာတဲ့ ပုံရိပ်ကို ကင်မရာမှာ သူတို့နှစ်ဦး ပြန်ကြည့်တဲ့အချိန်၊
သူတို့နှစ်ဦးလုံးက ကင်မရာရဲ့ ပုံရိပ်မှာ နစ်မျောခံစားပြီး၊ အပြုံးလေးတွေ ပွင့်အံလာခဲ့ကြတယ်၊
ဒီအချိန်မှာသူတို့ နှစ်ဦးရဲ့ အပြုံးက အသက်ဝင်လို့ ကျွန်တော်လည်း ရိုက်လိုက်မိတာ၊
ခံစားကြည့်ပါခင်ဗျာ၊
Saturday, September 3, 2011
အပြုံးပုံရိပ်
Posted by မောင်မောင် at 10:03 AM 0 comments
Labels: ခရီးသွားအမှတ်တရ
Friday, August 14, 2009
စွမ်းရည်ပြ လှုပ်ရှားမှု
သူတို့အုပ်စုက ၇ ယောက်လောက်ရှိတယ်၊ တစ်ဦးချင်းအလိုက် သူတို့ လုပ်ချင်တာ လုပ်ပြကြတယ်၊ တစ်ယောက်တစ်လှည့်စီပေါ့၊
ဒီတစ်ယောက် လုပ်ပြတာကြတော့ မလွယ်ဘူး၊
ပထမပုံအတိုင်း အရှိန်ယူလိုက်တယ်၊ ပြီးတော့ အရှိန်ရလာပြီးဆိုတာနဲ့ လက်နှစ်ဖက်လုံးကို လွှတ်လိုက်ပြီး၊ ဦးထုပ်ဆောင်းထားတဲ့ ခေါင်းနဲ့ ဒုတိယပုံလို အရှိန်နဲ့ လှည့်တာ အရှိန်သေသွားတဲ့အထိဘဲ၊
အော် မလွယ်ပါ့လား၊
သူတို့ ရှေ့မှာ ဖွင့်ချထားတဲ့ box လေးကလဲ ကျွန်တော် ရပ်ကြည့်နေတဲ့ အချိန် ဘယ်သူမှ မထည့်ကြဘူး၊
သူတို့ကလည်း ဂရုမစိုက်ကြဘူး၊ စွမ်းရည်ပြနေရရင် ကျေနပ်နေတဲ့သူတွေ ထင်တယ်၊ အားပေးတဲ့ လက်ခုပ်သံကတော့ ညံနေတာဘဲ၊ ပီတိ ကိုစား အားရှိနေတဲ့သူတွေလား မသိဘူး။
ဆိုလိုချင်တာက ငွေအတွက်မဟုတ်ဘူး၊ ချီးမြှောက် ဂုဏ်ပြုချင်ရင် ထည့်သွားချင် ထည့်သွားပေါ့။
ကြည့်ချင်ရင်ကြည့်၊ မကြည့်ချင်ရင် ကိုယ့်လမ်းကို ဆက်လျှောက်ဆိုတဲ့ သဘောပါဘဲ။
Posted by မောင်မောင် at 8:25 PM 0 comments
Labels: ခရီးသွားအမှတ်တရ
Tuesday, May 12, 2009
Paestum Museum သို့ ရောက်ခဲ့စဉ်
ပြီးမှ Museum ထဲဝင်မယ်ဆိုပြီး ခေါ်သွားလို့ တော်သေးတယ်၊
Sites ထဲမှာ ကြည့်ပြီးပြန်ထွက်လာတော့ နေက တော်တော်ပူနေပြီ၊
Museum ထဲရောက်တော့ အားလုံး ချွေးတစိုစိုနဲ့လေ......
ကျွန်တော် Paestum Museum ထဲမှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကတော့ အများကြီးဘဲ....
ဒါပေမဲ့ မိတ်ဆွေတို့ download လုပ်ရတာ ကြာမှာဆိုးလို့ ဒီလောက်ဘဲ တင်ပေးလိုက်ပါတယ်..
အောက်က Video လေးက ကျွန်တော့ကင်မရာသေးသေးလေးနဲ့ ရိုက်ခဲ့တာဆိုတော့
ဒီပြကွက်မှာ ရှင်းပြတာတွေကို ကျွန်တော် ဗီဒီယိုလေးမှာ ရေးထားပါတယ်၊








အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ နောက်လဲ လာအားပေးပါနော်
Posted by မောင်မောင် at 11:11 PM 1 comments
Labels: ခရီးသွားအမှတ်တရ
Monday, April 6, 2009
ငလျင်သတင်း
ဒီနေ့ ငလျင် သတင်းကြားလို့ ဖုန်းဆက်သတင်းမေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါ တယ်ဗျာ၊
အိပ်လို့ကောင်းတုံးအချိန်၊ မနက် ၃ နာရီခွဲလေ၊ ညကလည်း အိပ်တာနောက်ကျတယ်၊ ၁၁း၃၀ လောက်မှ အိပ်ရာဝင်ဖြစ်တယ်၊ တော်တော်နဲ့ အိပ်မပျော်၊ နှစ်ယောက်သား အိပ်နေလိုက်တာ၊ ငလျင်လှုပ်တဲ့ အချိန်က ကျွန်တော်သာ အသာလေး နေလိုက်မယ် ဆိုရင် အတူအိပ်နေတဲ့ အချစ်လေးတောင် သိမယ် မထင်ဘူး၊း)
ပထမဆုံး သတိထားမိတာက ကုတင်ကြီးက လှုပ်လာတယ်၊ ဟ ငါလည်း လှုပ်ရှားမှု မရှိ အိပ်နေတာပါဆိုပြီး၊ ဘေးက ဇနီးချောကို မိန်းမ နင်လှုပ်တာလား၊ နင်လှုပ်တာလားလို့ မေးတဲ့အချိန်၊ ဟ...ဟ ကုတင်တင် မကတော့ဘူး၊ အိမ်ကြီးလဲ လှုပ်နေပြီး၊ ပြူတင်းပေါက်တွေ၊ နရံကပ် ဘီဒိုတွေလည်း အသံတွေမြည် တုန်လှုပ်နေပြီ၊ တစ်ချို့ အိမ်တွေ alarm တွေ ထမြည်နေပြီ၊ ငလျင်လှုပ်တာ သေချာပြီပေါ့၊
ဘာလုပ်ရမလဲ၊ ကုတင်အောက်ဝင်ရမှာလား၊ ထပြီးတော့ဘဲ ဆင်းပြေးရမှာလား၊

ဟူး…တော်ပါသေးတယ်၊ ဗဟိုချက်က မိုင် ၅၀ ၊ ၆၀ လောက် ကွာသွားလို့၊
ကျွန်တော် နေတဲ့ ရောမမြို့ကနေ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာ
L’ Aquila မှာ လှုပ်သွား တာပါ။ ရစ်စတာစကေး ၅.၈ လို့ ပြောတာဘဲ၊
တစ်ချို့သတင်းတွေမှာတော့ ၆.၃ တဲ့။

အော်တိတ်ဆိတ်တဲ့ည၊ အိပ်ကောင်းတဲညလေးကို ဖျက်းဆီးပြစ်လိုက်ပါဘိ၊
ဆက်ကြိုးစားအိပ်ခဲ့ပေမဲ့…စိတ်ထဲ ရန်ကုန်မှာရှိတဲ့ သမီးနဲ့
(၇)လွှာရှိတဲ့ကန်ထရိုက်တိုက် အမြင့်ကြီးကို
မျက်စိထဲမြင် စိုးရိမ်ပူပန်မိလိုက်တယ်၊
အမေနဲ့အဖေသာ အခုရေးထား တာသိရင်
ကိုယ့်သမီးကြတော့ကို
စိတ်ပူတတ်သားဘဲလို့
ပြောမှာသေချာတယ်။
တစ်ချို့ဓါတ်ပုံတွေဆို မြင်မကောင်းလို့ မဖေါ်ပြတော့ပါဘူးဗျာ၊

ယခုအချိန်ထိ လူ (၉၀)လောက်သေသွားပြီတဲ့ဗျာ၊ သနားပါတယ်၊ အော် သဘာဝဘေးဒါဏ်၊ သဘာဝဘေးဒါဏ်၊ အင်္ဂါနေ့မှာ သေတာ (၂၀၀) ကျော်သွားပြီတဲ့။ ဒီနေ့ (၈-၄-၂၀၀၉) (၂၅၀) ကျော်သွားပြီတဲ့။
ငါတို့ နာဂစ်နဲ့စာရင် ဘာရှိသေးလို့လဲလို့ စိတ်ထဲမှာ အတွေးဝင်မိသေးတယ်၊
ဘာဘဲဖြစ်ဖြစ် လူဘ၀အသက်တစ်ချောင်း ရခဲတယ်မဟုတ်လား၊
အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ သူ့ရဲ့
ရုရှားနိုင်ငံ ခရီးစဉ်ကိုဖျက်၊ ငလျင်ဘေးသင့်ဒေသကို သွားရောက်အားပေးနေတဲ့ သတင်းတွေ ထုတ်လွှင့်ပြသနေပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း သေဆုံးဒဏ်ရာရသူတွေအတွက် ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
ဗွီအိုအေ သတင်းအရ အမေရိကန်သမ္မတ အိုဘားမား (Barack Obama) က ငလျင်ကြောင့် သေဆုံး ပျက်စီး ဆုံးရှုံးမှုတွေအတွက်
ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့တယ်လို့ ဆိုပါတယ်။
အခု ငလျင်လှုပ်သွားတဲ့ ဒီမြို့လေးက ရှေးဟောင်းမြို့လေးတစ်မြို့၊ ဘယ်လောက်လှပသလဲဆိုရင် မိတ်ဆွေ ခံစားလို့ရအောင် အောက်ကဓါတ်ပုံလေးတင်ပေးလိုက်ပါတယ်၊ ကျွန်တော်လဲ မရောက်ဖူးပါဘူး။း)

Posted by မောင်မောင် at 8:19 PM 4 comments
Labels: ခရီးသွားအမှတ်တရ
Monday, October 27, 2008
ဖိတ်ခေါ်ခြင်း
ဖိတ်ခေါ်ခြင်း
တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ အီတလီကို ရောက်တော့ ရောက်ဖူးချင်တယ်တဲ့။ မှန်ပါတယ်။ အမှန်တကယ် ရောက်ဖူးသင့်တဲ့နေရာပါ။ လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့လူတွေအဖို့တော့ “ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့စကားနဲ့အညီပေါ့။ အဲလိုရေးလိုက်လို့ တလွဲမထင်လိုက်ပါနဲ့ တကယ်ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုပါ။
ရောက်ဖူးချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်အောက်ကပုံလေးတွေ ကြိုတင်ကြည့်ထားလို့ရအောင် တင်ပေးလိုက်ပါတယ်။
မိတ်ဆွေစိတ်ကူးနဲ့ အရင်လာကြည့်ပေါ့............
Posted by မောင်မောင် at 7:23 PM
Labels: ခရီးသွားအမှတ်တရ
Tuesday, March 25, 2008
ထိုင်းနိုင်ငံရောက်စဉ်က အကြောင်းလေးများ
ကျွန်တော်ထိုင်းနိုင်ငံရောက်စဉ်က အကြောင်းလေးတွေ ပြန် မျက်စိထဲ မြင်နေတယ်...
ဘာကြောင့်လည်းဆိုတော့ ကျွန်တော့ သူငယ်ချင်း က ဗန်ကောက်မှာ ရှိနေတာကို...
တလွှဲမထင်လိုက်ပါနဲ့ သူနဲ့ကျွန်တော်က နှစ်ပေါင်း (၂၀)ကျော် ပေါင်းသင်းလာတာ...
ကျွန်တော် ထိုင်းနိုင်ငံရောက်တော့ ကျွန်တော့သူငယ်ချင်းကို ဖုန်းဝယ်မယ် နဲနဲပါးပါး လိုအပ်တာရှိတာ ၀ယ်မယ်လို့ ပြောလိုက်တယ်...
ကျွန်တော့ ဖုန်းရောဂါက မသေးပါ ကိုင်မှ မကိုင်နိုင်တာကို ကိုင်နိုင်တဲ့နေရာမှာ အကိုင်ချင်ဆုံးက အဲဒီ အုန်းသီး အဲ မဟုတ်ပေါင် အဲဒီ ဟမ်းဖုန်း...
အဲလိုနဲ့ ဟိုတယ်သွား အထုပ်အပိုးတွေ ချပြီး သူငယ်ချင်း ငါတို့ ဟိုဟာကြီးစီးမယ် ဆိုပြီး ကားပေါ်က မြင်ရတဲ့ အပေါ်က ပြေးနေတဲ့ဟာကြီးကို လက်ညိုးထိုးလိုက်မိတယ်...
အေးစီးရမယ် နေအုံး အပေါ်က ဟာလည်း စီးရမယ် အောက်က ဟာလဲ စီးရမယ် ကမ္ဘာကျော်တဲ့ နေရာလည်း လိုက်ပို့အုံးမယ် ဆိုဘဲ (မင်းကလည်း အောက်ကဟာတော့ မစီး ချင်ပါဘူးလို့ ထိုစဉ်က ပြောခဲ့မိတယ်။)...
ထိုင်းနိုင်ငံ ရောက်ရောက်ချင်းတော့ အားလုံးဟာ အမြင် ဆန်း နေတာပေါ့... ဆန်းလည်း ဆန်းလောက်ပါတယ်...
သူငယ်ချင်းအိမ်မှာ ထမင်းစားပြီးတော့ MBK လို့ ခေါ်တဲ့နေရာကို အဲဒီအပေါ်က ဟာကြီး Sky Train နဲ့ ခေါ်သွားတယ်...
အော် ရောက်ခဲ့ပြီပေါ့ ထိုင်းနိုင်ငံ.......
ကျွန်တော် ထိုင်းနိုင်ငံမှာ မြဘုရား (Emerald Buddha) ကို သွားရောက် ဖူးမျှော်ခဲ့တယ်... မိတ်ဆွေလည်း ရောက်ဖူးမယ် ထင်ပါတယ်...
Grand Palace ထဲ လည်ပတ်ခဲ့တယ်။
အဲ Wat Arun ဘုရားကိုလည်း ရောက်ခဲ့တယ်ပေါ့။
အဲနောက်နေ့တွေ ကြတော့လေ.....
Bang Pa-in Palace
Ayutthaya
Muang Boran Ancient City
Pathom Chedi
Thai Human Imagery Museum
Nong Nooch Tropical Garden
Pattaya Beach
Laser Buddha Image အဲဒီနေရာတွေ ရောက်ခဲ့တယ်...
နေရာတိုင်းမှာ အမှတ်တရလေးတွေ ရှိနေပေမဲ့ နောက်မှဘဲ ဆက်ရေးပေးပါ့မယ်.....
ကျွန်တော် မပြန်ခင် တစ်ရက်အလို ........
Siam Niramit မှာ Buffet Dinner စားကြတယ်၊ ပြီးတော့Journey to the Enchanted Kingdom of Siam လို့ အမည်ရှိတဲ့ Spectacular performance of Thailand ကို ပျော်ပျော်ပါးပါး ကြည့်ခဲ့ဖြစ်သေးတယ်။ ကျွန်တော့ဘ၀မှာ ကြည့်ဘူးတဲ့ အကောင်းဆုံး STAGE စင်ကြီးပါဘဲ။ ပြန်ရတော့မယ် ဆိုတဲ့ အသိကြောင့် သူငယ်ချင်းတွေ အားလုံးရင်ထဲမှာ မကောင်းကြ...ဒါပေမဲ့ ပျော်တော့ ပျော်ကြတယ်...
(ညစာမစားခင် ရိုးရာ အိမ်လေးတွေမှာ မောင်းထောင်းခဲ့တယ်၊ သရုပ်ပြလုပ်ကျွေးတဲ့ မုန့် လေးတွေ စားပြီး၊ လှေလေးတောင် စီးခဲ့ဖြစ်သေးတယ်။)
မြန်မာ တွေအတွက် အဆန်း မဟုတ်ပေမဲ့ သူတို့ရဲ့ လုပ်နည်း လုပ်ဟန်ကိုတော့ အားကျ အတုယူစရာပါ..
မေ့နေလို ..
Pattaya Beach မှာလေ Banana Boat စီးတာ ကံကောင်းလို့ မသေကောင်း မပျောက်ကောင်း၊
အဲ နောက်ပြီး Pattaya မှာလေ gay show ကို သွားကြည့်ဖြစ်သေးတယ်...
အဲဒီ အခြောက် အဲမဟုတ်ပေါင် အဲဒီ အလှဖန်တီးရှင်များ မရှိတဲ့နိုင်ငံ၊ အဲဒီ အလှဖန်တီးရှင်တွေ ကို နေရာ မပေးတဲ့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ နိုင်ငံဆိုဘဲ...(သူတို့အဆို)
ရဟတ်ကြီးနဲ့ နိုက်ဘစားကိုလည်း ရောက်ခဲ့တယ်...
အဲဒီမှာ Puppet Show ကို ကြည့်ဖြစ်ခဲ့တယ်။ အ၀င်မှာ ကိုယ့်ကို ဓါတ်ပုံရိုက်တော့ ရုပ်သေးနားတောင်ကပ်ပြီး အရိုက်ခံခဲ့ သေးတယ်...
ကြည့်ပြီးပြန်အထွက် ကိုယ့်ဓါတ်ပုံလေးကို ခွက်လေးမှာ ကပ်ပြီး ဈေးနှုန်းလေး ချိတ်ထားတယ်..
အို ငါ့ဓါတ်ပုံ ငါမှ မယူရင် သူတို့ လုပ်ချင်တာ လုပ်ပစ်ရော့မယ် ဆိုပြီး ၀ယ်လာတာ...အခုတော့
အမှတ်တရပေါ့..
ကျွန်တော် ရောက်ခဲ့တဲ့နေရာ တစ်ခု ဖေါ်ပြဖို့ ကျန်သွားတယ် အဲဒါ က ကမ္ဘာကျော်တဲ့ နေရာ.........
မိတ်ဆွေ သိမှာပါ........
ကျွန်တော် တည်းခိုခဲ့တဲ့ နေရာက နားနာ Nana အနီးမှာ...သတိရသွားတယ်.. Nana ဆိုတဲ့ ထိုင်းဗီဒီယိုကားလည်း ကြည့်ဖြစ်ခဲ့တယ်။ ထိုင်းအချစ်သရဲကားလေး၊ သေသည်အထိ ချစ်ကြတယ်...
အဲနောက်ပြီး အပေါ်ကဟာ စီးပြီးတော့ အောက်ကဟာလည်း စီးဖြစ်ခဲ့တယ်... သိတ်တော့မကွာပါဘူး မှန်ကာထားတာဘဲ ကွာပါတယ်...
ရှေ့လဆက်ဖတ်ရန်..
Posted by မောင်မောင် at 5:03 AM 0 comments
Labels: ခရီးသွားအမှတ်တရ
