ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 24, 2008

ဖလောရန့်မြို့လေးသို့ ရောက်ခဲ့စဉ်


ကျွန်တော်လေ ဒီလို ဓါးနဲ့ ကွယ်နေအောင် သစ်သားဘောင်ပေါ်တက်ပြီ သေသေချာချာ ရိုက်ထားတာ ဒါပေမဲ့ ရုပ်ထုကို နဂိုအရှိအရှိအတိုင်း ပြောင်မြောက်တဲ့ လက်ရာကို ခံစားချင်သူတွေအတွက် ဓါးကိုဖယ်ပြီး ကြည့်ချင်ရင် အောက်မှာပါ.





ရန်သူကို ခေါင်းဖြတ်ပြီး ဓါးတ၀င့်ဝင့် အောင်ပွဲခံနေပေမဲ့ ...........








Saturday, July 5, 2008

Say! Good Bye

ကျွန်တော် ဘာရယ်မဟုတ် ထိုင်းစကားပြော (၃)လ သွားသင်ရတယ်၊ ဆရာတွေက တွန်းသင်တယ်၊ ကျွန်တော်တို့က မလိုက်နိုင်။

စာမလိုက်နိုင်တာလည်း မပြောနဲ့လေ၊ ကျောင်းခန်းထဲ ရောက်မှ စာအုပ်ဖွင့်တယ်၊ ကျောင်းဆင်းလို့ ဟိုတယ်ရောက်ရင် စာအုပ်တွေချ ဗန်ကောက်ရောက်တုံး ဂိုးပြီဟေ့ ဆိုပြီး ရောက်တတ်ရာရာသွားတယ်။ ရောက်ဖူးတာ အမြတ်ပေါ့။ နောက်ပြီး 100 Pipers ကလည်း လူကိုဘာများမှတ်နေလည်း မသိ လာလာနှောက်ယှက်တယ်။

တစ်နေ့ ဆရာစာသင်ပြီး နားလည်လားလို့ မေးတော့၊ အားလုံး ငြိမ်နေတယ်၊ မဖြေ။ ဒါပေမဲ့ ဆရာ ဆက်ပြောတဲ့ စကားကြောင့် တစ်ခန်းလုံး ပွဲကြသွားပါလေရော၊

နောက်ပိုင်းဆရာနားလည်လာလို့ မေးရင် နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ သင်တန်းသားအားလုံးက ညီညီညာညာနဲ့ ဆရာပြောခဲ့တဲ့ အောက်ကစကားအတိုင်း ပြန်ပြောခဲ့ကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင်လည်း နောက်ပြောင်ကာ ဒီစကားစုလေးဘဲ ပြောဆိုဖြစ်ခဲ့ကြတယ်။ အဲဒီစကားစုလေးက...

စာဖတ်သူ သိချင်ရင် ဆက်ဖတ်လေ...

ဆရာ၊ เข้าใจไหม

တပည့်၊ ไม่เข้าใจ

ဆရာ၊ ไม่เข้าใจ... ไม่เป็นไร

.............. Say! Good Bye.

သြော်မေ့နေလို့ ... ထိုင်းလို မတတ်တဲ့ ကျွန်တော့ရဲ့မိတ်ဆွေတွေ ဖတ်လို့ ရအောင် .....
(ကျွန်တော် ထိုင်းလို တတ်တယ်လို့ မထင်လိုက်ပါနဲ့)

เข้าใจไหม Do you understand?
khao jai mai

ไม่เข้าใจ (I) don't understand
mai khao jai

ไม่เป็นไร "It doesn't matter."
mai bpen rai

ဆရာ စကားနဲနဲ ခြားလိုက်တယ်....အဲ ပြီးတော့ပြောလိုက်တာက

Say! Good Bye.

(မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ၊ နောက်လည်း လာလည်နော်။