ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 8, 2008

ဒီ a (အေ) ကို ဘယ်သူပြင်လိုက်တာလဲ

ဒီ a (အေ) ကို ဘယ်သူပြင်လိုက်တာလဲ

နိုင်ငံတကာညီလာခံ (International Conference) တစ်ခုသို့ နိုင်ငံပေါင်းများစွာမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ၀န်ကြီးများ တက်ရောက်ရာ အိမ်ရှင်နိုင်ငံ အနေဖြင့် ယင်းညီလာခံကြီးအား မည်မျှကြီးကျယ်ခမ်းနားစွာ ပြင်ဆင် ထားရှိမည်ကို ခန့်မှန်းတွေးဆရန်မလို အကောင်းဆုံး ပြုလုပ် ထားရှိ ပေလိမ့်မည်။

(ယင်းညီလာခံကျင်းပရာ အဆောက်အဦကြီး၏ Secretariat ရုံးခန်းတစ်ခုတွင် ဖြစ်ပါသည်။)

ဤရုံးခန်းတွင် ညီလာခံသို့ တက်ရောက်သည့် နိုင်ငံစုံမှ Delegate များအနေဖြင့် ညီလာခံ တက်ရောက်စဉ် အစဉ်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ကွန်ပြူတာ၊ ပရင်တာ၊ အင်တာနက်၊ တယ်လီဖက်စ်၊ တယ်လီဖုန်း အစရှိသည်မှသည် ကိုယ်စားလှယ်အဖွဲ့များ၏ မည်သည့် လျှပ်စစ်ပစ္စည်းမဆို တပ်ဆင်အသုံးပြုနိုင်သည့် မီးအားစနစ်၊ ပလပ်ခေါင်းမှသည် အားသွင်းကိရိယာများအဆုံး ထားရှိ ပေးထားသည်။

တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် ဤရုံးခန်းတွင် မိမိနိုင်ငံသို့ ဖက်စ်၊ အီးမေးလ်ပို့ခြင်းများအပြင် မိမိနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြားမည့် Country Statement ကို ဖြစ်ပေါ်လာသည့် အခြေအနေနှင့် ကိုက်ညီစွာ နောက်ဆုံးမိနစ်အထိ ပြင်ဆင်နေရချိန်၊ အချိန်နှင့် တစ်ပြေးညီ ပျားပန်းခတ်မျှ အလုပ်များပြားနေကြချိန် ....

ရုတ်တရက် ပေါ်ထွက်လာသည့်အသံ တစ်သံကို အားလုံး သတိထားမိလိုက်ကြသည်...

ဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ

သို့သော် ကိုယ့်အလုပ်နှင့်ကိုယ် ဆက်လှုပ်ရှားခဲ့ကြရာ... ကြားခဲ့ရတဲ့ အထက်ဖော်ပြပဲါဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ အသံနဲ့ ပတ်သက်၍ မေ့မေ့ ပျောက်ပျောက်ရှိခဲ့သည်။ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ခဲ့ကြ သည်ပေါ့။

ဒါပေမဲ့ ညီလာခံ မွန်းလွှဲပိုင်း ကျင်းပစဉ် နိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် တစ်ဦး မိန့်ခွန်း ပြောကြားစဉ် ကြားခဲ့ရသည့်
ဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ အသံနှင့် ပတ်သက်၍ ကြားရသူအပေါင်း သဘောပေါက်ကာ ပြုံးမိကြ တော့သည်။ အကြောင်းမှာ Delegate ကိုယ်စားလှယ် အသီးသီး
ထံသို့ ဖြန့်ဝေထားသည့် Country Statement ကြောင့်ပင် ဖြစ်ပါသည်။

ယင်း Country Statement တွင် ....... August Conference..... ဟု ဖတ်လိုက်ရသောကြောင့် ဖြစ်ပေသည်။

ဆိုလိုချင်တာက ဒီလောက်ပါဘဲ..


သို့သော်

ကြားမိသမျှ ဖေါက်သည်ချရမယ်ဆိုရင်လေ...


(ပ)အသံရှင် - ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ

(ဒု)အသံရှင် - ကျွန်တော်ပြင်လိုက်တာပါခင်ဗျား

(ပ)အသံရှင် - ဘာလို့ ပြင်လိုက်တာလဲ

(ဒု)အသံရှင် - စာရိုက်တဲ့လူမှားလားလို့ လ ဆိုတာ အရှေ့ စာလုံးကို Capital Letter နဲ့ ရိုက်ရတာလေ ဒါကြောင့်မို့ A အကြီးပြင်လိုက်တာ

(ပ)အသံရှင် - အခုက လ ကို ပြောတာမှ မဟုတ်တာ

(ဒု)အသံရှင် - august ဆိုတာ လမဟုတ်လို့ ဘာလဲဆရာ

(ပ)အသံရှင် - ဟေ...သေပါလေရောကွာ... august ဆိုတာ လ မဟုတ်ဘူး မင်းအမေကြီးတော် ခမ်းနားကြီးကျယ် လေးစားဖွယ်ဖြစ်တဲ့ မင်းအမေကြီးတော်ကွ


(ဤတွင်ပြီးပါပြီ၊ စာဖတ်သူမိတ်ဆွေများ ကျန်းမာကိုယ်စိတ် မြဲပါစေ၊ နောက်လည်းလာအားပေးနော်။)