ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 27, 2008

Blogအသက်မရှိတာအတော်ကြာ

ကျွန်တော် Blog လေး အသက်မ၀င်တာ တော်တော်ကြာပါပြီ

အသက်မ၀င်တာ ကြာဆို ကျွန်တော်လည်း အလုပ်က မအား၊ ရေးစရာလည်းမရှိ။
ဟာသလေးတစ်ပုဒ် ကျွန်တော် ဖတ်မိရင်းနဲ့ ကျွန်တော့ ဦးလေးကို သတိရ မိခဲ့တယ်၊ ကျွန်တော် အခုလို နိုင်ငံခြားရောက်ခဲ့တာ ဒီဦးလေးရဲ့ ကျေးဇူးကြောင့်ပါ။

ကျွန်တောဦးလေး နေမကောင်း ဖြစ်တော့ ဆေးခန်းက အပြန် ကျွန်တော့ကို ပြောတယ်။ ဆရာဝန်တွေကကွာ လူနာကို လူနာလို့မမြင်ဘူး “ ပုလိပ် သူခိုး ဖမ်းမိလို့ စစ်နေတာ ကြနေတာဘဲ ” ကျွန်တော်က ဟုတ်တယ်ပေါ့။ ဦးလေးက ထပ်ပြောတယ်.. “ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ လူသတ်မှု ကျူးလွန်ထားတာ ကျနေတာဘဲ....... ”
ဦးလေးကြီး ဒီဆရာဝန်နဲ့ တော်တော်အဆင်မပြေခဲ့ပုံ၊ နောက်ဒီဆရာဝန်နဲ့ ကျွန်တော့ဦးလေး မပြတော့ပါ။
ကျွန်တော်ဖတ်မိတဲ့ ဟာသလေးက


နောက် ကျွန်တော်ဟာသလေးတွေ လိုက်ဖတ်ရင်းနဲ့အောက်က ဟာသလေးဖတ်မိတော့ ဘာသာစကား သုံးလေးမျိုးလောက်တတ်တဲ့ သူတစ်ယောက်ကိုသွားသတိရမိတယ်၊ တချို့ဘာသာပြန်တာတွေ အဆင်မပြေရင် သူ့ကိုဘဲအားကိုးရတာလို့ တစ်ယောက်က ပြောဖူးတယ်။ မိတ်ဆွေလည်း အပြင်းပြေ ဖတ်ရအောင် ကျွန်တော်တင်ပေးလိုက်ပါတယ်၊
(မိတ်ဆွေရော ဘာသာစကား
ဘယ်နှစ်မျိုးလောက် တတ်ပါသလဲ၊
မိတ်ဆွေကတော့
ဒီလိုတာဝန်မျိုး လုပ်ရမယ် မထင်ပါဘူး၊)


အခုလို အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရဲစတိုင်း၏ “ပြုံးပြီးမှရယ်” ရဲစတိုင်း၏ဟာသများစုစည်းမှုအမှတ်၊ ၂ မှ ဖြစ်ပါသည် ဖတ်ချင်ရင် မိတ်ဆွေ ဒီမှာ ရယူနိုင်ပါတယ်။

Tuesday, October 28, 2008

ကျွန်တော်သုံးတဲ့ မြန်မာဖေါင့်

ကျွန်တော်သုံးတဲ့ မြန်မာဖေါင့်

ကျွန်တော်တို့ မြန်မာစာရိုက်ရင် Fonts အမျိုးမျိုး သုံးကြတယ်။ ကျွန်တော် ပထမဆုံး သုံးခဲ့တာ Win Innwa Fonts ပေါ့။ အဲဒီမှာလည်း True Type Font လား ATM လား ကျွန်တော် နားမလည်ပါ။ -Win---Innwa (or) Win Innwa လို့ဘဲ ထားလိုက်ပါစို့။ Unicode Font အမျိုးမျိုး ထွက်လာတဲ့အခါ ကျွန်တော် ပထမဆုံးသုံးခဲ့တာက Myanmar2 ပေါ့။ သူက Keyman နဲ့ တွဲသုံးရတယ်။ အခု Myanmar3 Font ဖြစ်နေပြီ။ အခုအချိန်အထိ အဲဒီလက်ကွက်ကို စမ်းကြည့်နေတုံးပါ။ ဘာဘဲ ဖြစ်ဖြစ် ဒီ Font ကိုသုံးမှ ဖြစ်မှာကို။

ကျွန်တော်အခုသုံးနေတာက Alpha Zawgyi ပါ။ http://www.alpha.com.mm/blogday/ မှာ download လုပ်လို့ရပါတယ်။ အဲဒီ Alpha Zawgyi ကိုသုံးရင် Gtalk မှာလဲ မြန်မာလို ရိုက်လို့ အဆင်ပြေပါတယ်။ Zawgyi-One နဲ့ရိုက်ရတာ အတူတူဘဲလို့ ထင်ပါတယ်။

Gtalk မှာ မြန်မာလို မသုံးချင်သူတွေအဖို့ ဒါမှမဟုတ် မြန်လစ် Nay Kaung Lar? လို့ မမေးချင် သူတွေအဖို့တော့ အင်္ဂလိပ်လိုဘဲ သုံးကြမှာပေါ့။ ထားလိုက်ပါတော့။

ကျွန်တော်အခုရေးချင်တဲ့ ရည်ရွယ်ချက်က…………..

Myanmar2 ကိုသုံးနေလို့ Alpha Zawgyi ကို download ချသုံးတဲ့အခါ IE မှာ မြန်မာလို ဖတ်လို့ အဆင်မပြေ၊ ဂျီမစ် မှာလဲအဆင်မပြေလို မသုံးဘူးလို့ မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိ ပြောမိလို့ပါ။ စာလုံးတွေ ပေါက်ကရတွေ ဖြစ်နေတယ်လို့ သူပြောတယ်။ (ဥပမာ- ရောမ ဆိုရင် ရောမ ၊ ဂျကာတာဆိုရင် ဂကြာတာ အဲဒီလို မြင်နေရတယ်ပေါ့။)

အဲဒီလိုလောက်နဲ့ ဆိုရင်လေ Internet Option မှာ ကောင်းကောင်းမွန်မွန် ဖတ်လို့ရအောင် ပြင်လို့ရပါတယ်။

Tools >Internet Option > General > Accessibility ကို နှိပ်လိုက်ပါ။

Formatting မှာ အလယ်က အကွက် Ignore font styles specified on webpages ကို အမှန်ခြစ်ထားရင် အဲဒါလေးကို ဖြုတ်လိုက်ပါ။ အားလုံး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ အဲဒါလေးကိုတော့ Option ထဲဝင်ပြီး ပြင်ပေးရမှာပေါ့။

မိတ်ဆွေ RFA ကို ဖတ်မယ်ဆိုရင်လည်း အဲဒီအကွက်လေး အမှန်ခြစ်ထားတယ်ဆိုရင် အဆင် မပြေပါဘူး။ ဖြုတ်လိုက်ရင် အဆင်ပြေမှာပါ။ (သတင်းဌာနတွေရဲ့ "We Report, You Decide?" ဆိုတဲ့ ဆောင်ပုဒ် SLOGAN ကိုတော့ မိတ်ဆွေ မမေ့နဲ့နော်)

အခုနောက်ဆုံး မိတ်ဆွေကို မြန်မာ Blog လေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ ကွန်ပြူတာ၊ ဆော့ဝဲလ်၊ အင်တာနက် အစရှိသဖြင့် ဗဟုသုတများ မျှဝေပေးနေလို့ပါ။ ကျွန်တော် ကြိုက်လို့ပါ။ မိတ်ဆွေလဲ သွားရောက် လည်ပတ်ကြည့်ရှုနိုင်ပါတယ်။ အဲဒီဘလော့က http://www.thanlonengal.co.cc/ ပါ။

မိတ်ဆွေ ဒီဘလော့ကို ဖတ်ခြင်းဖြင့် အကျိုး မယုတ်ဘူး ဆိုတာကို ကျွန်တော် ရဲရဲကြီး အာမခံ ရဲပါတယ်။


Monday, October 27, 2008

ဖိတ်ခေါ်ခြင်း

ဖိတ်ခေါ်ခြင်း

တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ အီတလီကို ရောက်တော့ ရောက်ဖူးချင်တယ်တဲ့။ မှန်ပါတယ်။ အမှန်တကယ် ရောက်ဖူးသင့်တဲ့နေရာပါ။ လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့လူတွေအဖို့တော့ “ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့စကားနဲ့အညီပေါ့။ အဲလိုရေးလိုက်လို့ တလွဲမထင်လိုက်ပါနဲ့ တကယ်ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုပါ။

ရောက်ဖူးချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်အောက်ကပုံလေးတွေ ကြိုတင်ကြည့်ထားလို့ရအောင် တင်ပေးလိုက်ပါတယ်။
မိတ်ဆွေစိတ်ကူးနဲ့ အရင်လာကြည့်ပေါ့............









Wednesday, September 24, 2008

PISA သို့ ရောက်ခဲ့စဉ်

PISA သို့ ရောက်ခဲ့စဉ်

ကျွန်တော် အီတလီမှာ သွားချင်တဲ့နေရာတွေအနက်က တစ်ခု ဖြစ်တဲ့ ဒီမျှော်စင်စောင်းစောင်းကြီး PISA ကို ၁၂-၇-၂၀၀၈ ရက်နေ့က ရောက်ခဲ့တယ်၊ အသွားခရီးမှာ Florence မြို့လေးကို ၀င်ခဲ့သေးတယ်၊ ဒီမြို့လေးရောက်တော့ တစ်ခုခုကို လွမ်းသလိုဘဲ၊ မိတ်ဆွေလည်း ဒီမြို့လေးရောက်ရင် ကျွန်တော့လိုဘဲ ခံစားမိလိမ့်မယ် ထင်ပါတယ်၊

PISA တို့ Florence တို့အကြောင်းတွေတော့ ကျွန်တော် သိတ်မရှင်းပြတော့ပါဘူး မိတ်ဆွေ လေ့လာချင်ရင် Wikipedia, the free encyclopedia မှာ အကုန်လေ့လာလို့ရပါတယ်၊ အခုတော့ PISA ရောက်တုန် ကျွန်တော့ကင်မရာလေးနဲ့ ဟိုဟိုဒီဒီ သူများအမြင်ကပ်အောင် ရိုက်ခဲ့တဲ့ ရိုက်ချက်လေးတွေထဲက ကျွန်တော်ကြိုက်တဲ့ပုံလေးတွေ မိတ်ဆွေကို ပြချင်တာပါဘဲ၊

Florence မြို့လေးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ ဆက်တင်ပေးပါ့မယ်၊

PISA အ၀င်ဝ

PISA အ၀င်မုဉ်ဦးကျော်ပြီး တွေ့ရသည့်မြင်ကွင်း







Window Vista

ဝင်းဒိုးစ်အိတ်စ်ပီ (Window XP) operating System ကို သုံးလာတာကြာတော့ Window Vista ကို ပြောင်းသုံးချင်တာနဲ့ လေ့လာကြည့် တာ YouTube မှာ ဗစ်စတာ နဲ့ပတ်သက်လို့ ဘယ်လို အင်စတော လုပ်ရမယ်ဆိုတာ ဗီဒီယိုနဲ့ ရှင်းပြထားတယ်၊ အဲဒါ မိတ်ဆွေတွေကို အလွယ်တကူ ကြည်လို့ရအောင် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ် - (ဗီဒီယိုလေး မဖွင့်ခင် အဖြူရောင်သံစဉ်ရေဒီယိုလေးကို အရင် ပိတ်လိုက်အုံးနော်)





Thursday, July 24, 2008

ဖလောရန့်မြို့လေးသို့ ရောက်ခဲ့စဉ်


ကျွန်တော်လေ ဒီလို ဓါးနဲ့ ကွယ်နေအောင် သစ်သားဘောင်ပေါ်တက်ပြီ သေသေချာချာ ရိုက်ထားတာ ဒါပေမဲ့ ရုပ်ထုကို နဂိုအရှိအရှိအတိုင်း ပြောင်မြောက်တဲ့ လက်ရာကို ခံစားချင်သူတွေအတွက် ဓါးကိုဖယ်ပြီး ကြည့်ချင်ရင် အောက်မှာပါ.





ရန်သူကို ခေါင်းဖြတ်ပြီး ဓါးတ၀င့်ဝင့် အောင်ပွဲခံနေပေမဲ့ ...........








Saturday, July 5, 2008

Say! Good Bye

ကျွန်တော် ဘာရယ်မဟုတ် ထိုင်းစကားပြော (၃)လ သွားသင်ရတယ်၊ ဆရာတွေက တွန်းသင်တယ်၊ ကျွန်တော်တို့က မလိုက်နိုင်။

စာမလိုက်နိုင်တာလည်း မပြောနဲ့လေ၊ ကျောင်းခန်းထဲ ရောက်မှ စာအုပ်ဖွင့်တယ်၊ ကျောင်းဆင်းလို့ ဟိုတယ်ရောက်ရင် စာအုပ်တွေချ ဗန်ကောက်ရောက်တုံး ဂိုးပြီဟေ့ ဆိုပြီး ရောက်တတ်ရာရာသွားတယ်။ ရောက်ဖူးတာ အမြတ်ပေါ့။ နောက်ပြီး 100 Pipers ကလည်း လူကိုဘာများမှတ်နေလည်း မသိ လာလာနှောက်ယှက်တယ်။

တစ်နေ့ ဆရာစာသင်ပြီး နားလည်လားလို့ မေးတော့၊ အားလုံး ငြိမ်နေတယ်၊ မဖြေ။ ဒါပေမဲ့ ဆရာ ဆက်ပြောတဲ့ စကားကြောင့် တစ်ခန်းလုံး ပွဲကြသွားပါလေရော၊

နောက်ပိုင်းဆရာနားလည်လာလို့ မေးရင် နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ သင်တန်းသားအားလုံးက ညီညီညာညာနဲ့ ဆရာပြောခဲ့တဲ့ အောက်ကစကားအတိုင်း ပြန်ပြောခဲ့ကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တွေ့ရင်လည်း နောက်ပြောင်ကာ ဒီစကားစုလေးဘဲ ပြောဆိုဖြစ်ခဲ့ကြတယ်။ အဲဒီစကားစုလေးက...

စာဖတ်သူ သိချင်ရင် ဆက်ဖတ်လေ...

ဆရာ၊ เข้าใจไหม

တပည့်၊ ไม่เข้าใจ

ဆရာ၊ ไม่เข้าใจ... ไม่เป็นไร

.............. Say! Good Bye.

သြော်မေ့နေလို့ ... ထိုင်းလို မတတ်တဲ့ ကျွန်တော့ရဲ့မိတ်ဆွေတွေ ဖတ်လို့ ရအောင် .....
(ကျွန်တော် ထိုင်းလို တတ်တယ်လို့ မထင်လိုက်ပါနဲ့)

เข้าใจไหม Do you understand?
khao jai mai

ไม่เข้าใจ (I) don't understand
mai khao jai

ไม่เป็นไร "It doesn't matter."
mai bpen rai

ဆရာ စကားနဲနဲ ခြားလိုက်တယ်....အဲ ပြီးတော့ပြောလိုက်တာက

Say! Good Bye.

(မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ၊ နောက်လည်း လာလည်နော်။

Sunday, June 8, 2008

ဒီ a (အေ) ကို ဘယ်သူပြင်လိုက်တာလဲ

ဒီ a (အေ) ကို ဘယ်သူပြင်လိုက်တာလဲ

နိုင်ငံတကာညီလာခံ (International Conference) တစ်ခုသို့ နိုင်ငံပေါင်းများစွာမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ၀န်ကြီးများ တက်ရောက်ရာ အိမ်ရှင်နိုင်ငံ အနေဖြင့် ယင်းညီလာခံကြီးအား မည်မျှကြီးကျယ်ခမ်းနားစွာ ပြင်ဆင် ထားရှိမည်ကို ခန့်မှန်းတွေးဆရန်မလို အကောင်းဆုံး ပြုလုပ် ထားရှိ ပေလိမ့်မည်။

(ယင်းညီလာခံကျင်းပရာ အဆောက်အဦကြီး၏ Secretariat ရုံးခန်းတစ်ခုတွင် ဖြစ်ပါသည်။)

ဤရုံးခန်းတွင် ညီလာခံသို့ တက်ရောက်သည့် နိုင်ငံစုံမှ Delegate များအနေဖြင့် ညီလာခံ တက်ရောက်စဉ် အစဉ်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ကွန်ပြူတာ၊ ပရင်တာ၊ အင်တာနက်၊ တယ်လီဖက်စ်၊ တယ်လီဖုန်း အစရှိသည်မှသည် ကိုယ်စားလှယ်အဖွဲ့များ၏ မည်သည့် လျှပ်စစ်ပစ္စည်းမဆို တပ်ဆင်အသုံးပြုနိုင်သည့် မီးအားစနစ်၊ ပလပ်ခေါင်းမှသည် အားသွင်းကိရိယာများအဆုံး ထားရှိ ပေးထားသည်။

တက်ရောက်လာသည့်ကိုယ်စားလှယ်များအနေဖြင့် ဤရုံးခန်းတွင် မိမိနိုင်ငံသို့ ဖက်စ်၊ အီးမေးလ်ပို့ခြင်းများအပြင် မိမိနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြားမည့် Country Statement ကို ဖြစ်ပေါ်လာသည့် အခြေအနေနှင့် ကိုက်ညီစွာ နောက်ဆုံးမိနစ်အထိ ပြင်ဆင်နေရချိန်၊ အချိန်နှင့် တစ်ပြေးညီ ပျားပန်းခတ်မျှ အလုပ်များပြားနေကြချိန် ....

ရုတ်တရက် ပေါ်ထွက်လာသည့်အသံ တစ်သံကို အားလုံး သတိထားမိလိုက်ကြသည်...

ဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ

သို့သော် ကိုယ့်အလုပ်နှင့်ကိုယ် ဆက်လှုပ်ရှားခဲ့ကြရာ... ကြားခဲ့ရတဲ့ အထက်ဖော်ပြပဲါဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ အသံနဲ့ ပတ်သက်၍ မေ့မေ့ ပျောက်ပျောက်ရှိခဲ့သည်။ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ခဲ့ကြ သည်ပေါ့။

ဒါပေမဲ့ ညီလာခံ မွန်းလွှဲပိုင်း ကျင်းပစဉ် နိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် တစ်ဦး မိန့်ခွန်း ပြောကြားစဉ် ကြားခဲ့ရသည့်
ဲ ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ အသံနှင့် ပတ်သက်၍ ကြားရသူအပေါင်း သဘောပေါက်ကာ ပြုံးမိကြ တော့သည်။ အကြောင်းမှာ Delegate ကိုယ်စားလှယ် အသီးသီး
ထံသို့ ဖြန့်ဝေထားသည့် Country Statement ကြောင့်ပင် ဖြစ်ပါသည်။

ယင်း Country Statement တွင် ....... August Conference..... ဟု ဖတ်လိုက်ရသောကြောင့် ဖြစ်ပေသည်။

ဆိုလိုချင်တာက ဒီလောက်ပါဘဲ..


သို့သော်

ကြားမိသမျှ ဖေါက်သည်ချရမယ်ဆိုရင်လေ...


(ပ)အသံရှင် - ဟေ့ ဒီ a (အေ)ကို ဘယ်သူပြင်လိုက်တာလဲ

(ဒု)အသံရှင် - ကျွန်တော်ပြင်လိုက်တာပါခင်ဗျား

(ပ)အသံရှင် - ဘာလို့ ပြင်လိုက်တာလဲ

(ဒု)အသံရှင် - စာရိုက်တဲ့လူမှားလားလို့ လ ဆိုတာ အရှေ့ စာလုံးကို Capital Letter နဲ့ ရိုက်ရတာလေ ဒါကြောင့်မို့ A အကြီးပြင်လိုက်တာ

(ပ)အသံရှင် - အခုက လ ကို ပြောတာမှ မဟုတ်တာ

(ဒု)အသံရှင် - august ဆိုတာ လမဟုတ်လို့ ဘာလဲဆရာ

(ပ)အသံရှင် - ဟေ...သေပါလေရောကွာ... august ဆိုတာ လ မဟုတ်ဘူး မင်းအမေကြီးတော် ခမ်းနားကြီးကျယ် လေးစားဖွယ်ဖြစ်တဲ့ မင်းအမေကြီးတော်ကွ


(ဤတွင်ပြီးပါပြီ၊ စာဖတ်သူမိတ်ဆွေများ ကျန်းမာကိုယ်စိတ် မြဲပါစေ၊ နောက်လည်းလာအားပေးနော်။)

Saturday, May 24, 2008

Monument to Vittorio Emanuele II
(The Unknown Soldier of World War I, Italy)



/a>

Thursday, May 15, 2008

Pompei မြို့ဟောင်း (Naples, Italy)

Pompei မြို့ဟောင်း(နာပိုလီ၊ အီတလီ)
မီးတောင်ပေါက်ကွဲပြီး ပျက်စီးသွားတဲ့မြို့ဟောင်းနဲ့ ပြန်လည်တူးဖေါ်တွေ့တာတွေ






Wednesday, May 14, 2008

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

တစ်နေ့ ကျွန်တော့ကို ဆရာ လှိုင်မြင့်ဦး (ကလောင် အမည်) က သတင်းစာ ဖြတ်ပိုင်းလေး တစ်ခု လာပေးတယ်၊ သူက စာရေးဆရာပီပီ သူဖတ်မိတာလေးတွေ၊ မှတ်သားသင့် တာလေးတွေ အများသူငှာဖတ်ဖို့ သူကိုယ်တိုင် Copy ကူပြီး လိုက်လိုက် ဝေလေ့ရှိတယ်.....

နောက်ပြီး ဘယ်နေရာကဘဲဖြစ်ဖြစ် ရသမျှ စာအုပ်၊ စာစောင် အကုန် ယူလာတယ်၊ ပြီးရင် သင့်တော်တဲ့ နေရာ တွေကို ပို့ပါလေရော၊ ဒီအလုပ်ကို ကျွန်တော်က ဒိုင်ခံ လုပ်ပေးရတယ်၊ သူပို့လိုက်တဲ့ နေရာတွေက ကျေးဇူးတင် လက်ခံရရှိကြောင်း များစွာ အကျိုးရှိ အထောက်အကူ ဖြစ်ပါကြောင်း စတဲ့ ပြန်ကြားစာ acknowledgement လေးတွေ ရရင်လဲ သူပီတိ ဖြစ်သလို အများသူငှာကိုလဲ ပီတိ ဖြစ်စေချင် တဲ့သူ.....

သူမဂွဇင်းတိုက် အသီးသီးကို ပို့တဲ့စာမူတွေကို ကျွန်တော်ဘဲ စာစီပေးရတယ်၊ ကျွန်တော်ကလည်း သီးခြား အချိန်ပေး စာမဖတ်နိုင်တော့ စာစီရိုက်ရင်းနဲ့ ဖတ်ရတာကို ကျေနပ်မိတယ်.....

ကဲ သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဆက်ကြပါစို့ -

သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ကျွန်တော် ဖတ်ကြည့် လိုက်တော့ ... နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ ဆိုတဲ့ ခေါင်းစဉ်လေးပါ... စာဖတ်သူ အပေါင်း ဗဟုသုတ ဖြစ်စေရန် ရည်သန်လျက် အောက်တွင် ဖော်ပြလိုက်ပါတယ်.....


နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ


ဗုဒ္ဓမြတ်စွာဟော ကျမ်းဂန်များနှင့် နီတိကျမ်းများပါ နိုင်ငံဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ နိုင်ငံတော်အတွက် ၀န်ထမ်းကောင်းများ ရရှိပြီး တိုးတက်ကြီးပွားလာမည် ဖြစ်ပါသည် -

- အကြားအမြင် ဗဟုသုတရှိခြင်း၊

- ကိုယ် နှုတ် အမူအရာ ယဉ်ကျေး၍ တင့်တယ်သော ရုပ်ဆင်း အင်္ဂါနှင့် ပြည့်စုံခြင်း၊

- ကိုယ်ကျင့်တရား ကောင်းမွန်သူဖြစ်ခြင်း၊

- ရဲရင့်သူ (ရဲစွမ်းသတ္တိရှိသူ)ဖြစ်ခြင်း၊

- ဇွဲလုံ့လ ၀ီရိယ ရှိခြင်း၊

- အမှုကိစ္ခတာဝန်ကျေအောင် ထမ်းဆောင်သူဖြစ်ခြင်း၊

- ကာယဗလ ဉာဏဗလ ဖွံ့ဖြိုးခိုင်မာခြင်း၊

- ဥစ္ခာကို မမက်မောခြင်း၊

ဤ အထက်ဖော်ပြပါ ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံသူ တို့ကိုသာ ၀န်ထမ်းအဖြစ် ရွေးချယ်ရန်ဲမဃဒေ၀လင်္ကာသစ်ဲ အဖွင့်ကျမ်းတွင် မှတ်သားရလွယ်ကူရန် အောက်ပါအတိုင်း လင်္ကာဖြင့် ဖော်ပြထားပါသည် -

ဲ မြင်ကြားရှိခြင်း၊ အဆင်းအကျင့်

ရဲရင့်လုံ့လ၊ ကိစ္ခပြီးစီး

အားကြီးခိုင်မာ၊ ဥစ္ခာမမက်

ရှစ်ချက်အင်ကြုံ၊ ကုံလုံပြီးသူ

ထိုသည့်လူကို ကောက်ယူရွေးချယ်ပါကုန်လောဲ့

ဟု ညွှန်ပြခဲ့သည်။

ပညာအရည်အချင်း (ဉာဏဗလ) မရှိ၊ ရဲစွမ်းသတ္တိကင်း ညံ့ဖျင်းသူ၊ ဗဟုသုတနည်းပါ၍ ကိုယ်ကျင့်တရား ပျက်ပြားသူ တို့ကို အရည်အချင်းမရှိဘဲ နီးစပ်ရင်းနှီးမှုအရ ၀န်ထမ်းများ အဖြစ် ခန့်ထားမိပါက နိုင်ငံပျက်ပြားဖို့သာဖြစ်၏။ ကိုယ်နှုတ် အမူအရာ မယဉ်ကျေးသော ၀န်ထမ်းများကြောင့် အုပ်ချုပ်သူများနှင့် ပြည်သူတို့အကြား စိတ်ဝမ်းကွဲပြားမှု ပြဿနာများပင် ပေါ်လာ နိုင်၏။

ထိုကဲ့သို့သေဲာဲ လူမွှေ ယောက်ျား၊ မင်းစေမျာဲးဲ ကိဲုဲ ပြည်သူ့ မီးပွာဲးဲ ဟု ဆိုရ၏။ ဆန္ဒာဂတိလိုက်၍ဖြစ်စေ၊ တံစိုး လက်ဆောင်စား၍ ဖြစ်စေ ထိုပြည်သူ့မီးပွားတို့ကို နိုင်ငံဝန်ထမ်း များအဖြစ် အရွေးမမှားစေရန် အထူးသတိထားရပေမည်။

(သာသနာရေး)



ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, May 13, 2008

အထီးကျန်ခြင်းအကြောင်းများ

အထီးကျန်ခြင်းအကြောင်းများ

* လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင် အထီးကျန်ဖြစ်တယ်။

* ဟန်လုပ်တာ များတဲ့သူဟာ အဖေါ်နည်းတဲ့သူ ဖြစ်မှာပဲ။

* သူတပါးကို ပစ်ပယ်လေ့ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ဖြစ်မယ်။

* လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွှတ်နိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။

* သူများအကြောင်း မကောင်းပြောတတ်တဲ့သူဟာလည်း အဖေါ် မဲ့တယ်။

* အပြစ်တင်တတ်တဲ့သူမှာ မိတ်ဆွေရှားတယ်။

* မနာလိုစိတ်ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူ၊ သိမ်ငယ်စိတ် ရှိတဲ့သူလည်း အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* သူတစ်ပါးကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင်ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* မာနသိပ်ကြီးသွားရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* လူမသိအောင်ဖုံးရတာတွေများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တယ်။

* ဒေါသကြီးတဲ့သူလည်း အဖေါ်မဲ့နေတတ်တယ်။

* ဂုဏ်တုဂုဏ်ပြိုင်စိတ်ကြောင့်၊ မနာလိုစိတ်ကြောင့် အဖေါ်မဲ့ သွားတယ်။

* ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါက အထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့နေဦးမှာ ပါပဲ။

ဒါကြောင့်မို့

* အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင်ကိုယ်ကိုယ်တိုင် ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။

* ချစ်တတ် ကိုယ်ချင်းစာတတ်တဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနည်းတယ်။

* အထီးကျန်မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ၊ လူတွေကို တန်းတူ ရည်တူ ဆက်ဆံပါ၊ လူတွေကို စိတ်ဝင်စားပါ၊ လူတွေကို မေတ္တာ ပေးပါ၊ နားလည်မှုပေးပါ၊ သူ့အလိုအလျောက် ပေးလာတဲ့ ချစ်ခင်မှုကို တန်ဖိုးထားပါ။



တစိမ့်စိမ့်တွေးမယ် - ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) မှ ကိုပီကေ ကောက်နှုတ်တင်ပြသည်ကို ထပ်ဆင့်ဖော်ပြပါသည်။

ဗေဒင်၊ ယတြာနဲ့ ကျွန်တော်

ဗေဒင်၊ ယတြာနဲ့ ကျွန်တော်

ကျွန်တော် ဒီခေါင်းစဉ်လေးအောက်မှာ ရေးချင်တာ မရေးခင် စကားချီး နိဒါန်းပျိုးပါရစေခင်ဗျာ.....

ဗေဒင် ဆိုတာကို ကျွန်တော် ယခင်က အပျော် သဘောပဲ မေးတာပါ.....ကိုယ်ကတောင် အပျော်သဘောနဲ့ တစ်ခွန်းစ နှစ်ခွန်းစ ဟောခဲ့သေး၊

ယတြာဆိုတာ ယခင်က ဘယ်တော့မှ မချေ.. ဘယ်တော့မှ မလုပ်ခဲ့..မတတ်သာတဲ့အဆုံးမှ ဆရာဘဲကြည့်လုပ်ပေးပါလို့ ပြောခဲ့တာ.....

ကျွန်တော့ အမေပြောခဲ့ဖူးတယ်.. စိန်ကဲ မြကဲသာ မခတ်တတ်ရင်နေမယ်၊ မျက်နှာကဲတော့ ခတ်တတ်တယ်တဲ့.....

ကျွန်တော်လည်း အခုတော့ လက္ခဏာ၊ ဗေဒင်၊ ကျမ်းဂန်တွေသာ မဖတ်တတ်ရင်နေမယ် မျက်နှာကဲတော့ဖတ်တတ်တယ်လို့.....

မှန်ပါတယ်... တစ်နေ့တစ်နေ့ ဒီမျက်နှာတွေဘဲကြည့်ပြီး၊ အလုပ် လုပ်ခဲ့ရတာ...လုပ်နေရတာ.....

မြင်ရ.. တွေ့ရ..ကြုံရ..ဆုံရတဲ့ မျက်နှာတွေကလည်း တစ်နေ့ တစ်မျိုး မရိုးနိုင်အောင်ဘဲပေါ့.....(အမျိုးမျိုးလုပ်ပြတတ်တဲ့ မျက်နှာပိုင်ရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။)

ဗေဒင် ဘာကြောင့်မေးလည်း... မေးရတဲ့ ကြောင်းခြင်းရာ... အမျိုးမျိုး ရှိကြတာ စာဖတ်သူ သိမှာပါ.....

အပျော်ဘာရယ်မဟုတ်...အပူကင်းဝေးစေဖို့...လာဘ်လာဘ ရွှင်မြူးဖို့...ဆောင်ရန်...ရှောင်ရန်... ကံဇာတာ အနိမ့် အမြင့် အစရှိသဖြင့် သိရဖို့... လိုဘပြည့် သောကငြိမ်းဝေး စေဖို့လို့ဘဲ ကျွန်တော် မှတ်ယူ ပါတယ်.....

ဒီလိုနဲ့ ..စကားချီး နိဒါန်းပျိုးတာလည်း ရှည်သွားပြီ.....

ကျွန်တော်နဲ့ ဗေဒင်

တနင်္ဂနွေသား မောင်မောင်...ငယ်နာမည် သံမဏိ (နေ့နံ မကိုက်ညီ)

နာမည် ဘယ်သူပေးသလည်း... အဖေ ပေးတာပါ...အမေ ပေးတာပါ...ဘာလို့ဒီအမည်ပေးလည်း... မသိပါဘူးခင်ဗျား...

သိုက်ဖွား၊ ဗေဒင်ကိန်းအရ လက်ရှိ ရှိနေတဲ့ အခြေအနေမျိုး မဖြစ်နိုင်...(အရက်သောက်တတ်လား) ဟုတ်ကဲ့ သောက်တတ်ပါတယ်..... (လူကိုဖျက်အရက်လို့ ဆိုလိုချင်ပုံ။)

အော်ဒီလိုနဲ့...ဟောခဲ့.. ဆိုခဲ့...တွက်ခဲ့ချက်ခဲ့တဲ့... ကျွန်တော်နဲ့ ဗေဒင်ပေါ့.....

ဗေဒင်မေးရင် ကျွန်တော် ကိုယ်တိုင် ဆရာရှေ့ထိုင်ပြီး မေးဖြစ်တာနဲပါတယ်... ဇနီးချောဘဲ ဓါတ်ပုံလေးယူသွား၊ အဖေဒီလိုဟောတယ်၊ ဒီယတြာလေး လုပ်လိုက်ပါလား... ကျွန်တော်ကလည်း အေးအေး အမေကြီးဘဲ ကြည့်လုပ် လိုက်ပါဆိုပြီး တစ်ခန်းရပ်သွား ပြန်ရောပေါ့.....

ကျွန်တော်ကိုယ်တိုင် ဗေဒင်ဆရာရှေ့မှာထိုင်ပြီး မေးပြီ

မှန်ပါတယ်...ကျွန်တော် ဗေဒင်ဆရာရှေ့ရောက်ခဲ့ပါပြီ... ဘာကြောင့် ရောက်ခဲ့သလည်း... အပူကြောင့်လား... လာဘ်လာဘကြောင့်လား......

အကြိုးကြောင့် အကြောင်းဖြစ်တယ်... ကျွန်တော် ဆက်ရေးရင် စာသံပေသံပေါက်တော့မယ်...ဗဟုသုတ မကြွယ်တော့ စာသံ ပေသံပေါက်အောင်လည်း မရေးတော့ပါဘူးဗျာ၊

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံခြားသွားချင်လို့ ဗေဒင် မေးတာပါ.....

ဆရာက ဟောပါပြီ...ခင်ဗျား နိုင်ငံခြားသွားရမယ် (၃)လ အတွင်း သွားရမယ်...(ကျွန်တော့မိန်းမ ဆရာ့ဟောစကား ကြောင့် ပျော်သွားပုံ ရပါတယ်။) (မိန်းမဆိုတာ လျှာတော့ ရှည်သား ဆရာ ကျမတို့ရော လိုက်ရမှာလား....) မဟုတ်ဘူး တစ်ယောက်ထဲသွားရမှာ...(ကဲဘာပြောအုံးမလည်း။ မိန်းမ မျက်နှာညှိုး သွားပြီ။)

မိန်းမမျက်နှာလေး ညှိုးသွားတာ မြင်တော့ ကျွန်တော်လည်း မနေနိုင်တော့...ဆရာနဲ့ ဆွေးနွေးကြတာပေါ့... ဆရာက ခင်ဗျားဘာဘဲ ပြောပြော ခင်ဗျားတစ်ယောက်ထဲ အရင် သွားရမယ် သုံး၊ လေး လ ကြာမယ်၊ အဲဒီက ပြန်လာ ပြီးရင် ခင်ဗျားတို့ မိသားစုအတူ အ နဲ့စတဲ့ နိုင်ငံကို သွားရမယ်၊ ဒါပေမဲ့ အနှောက်အယှက်၊ အခက်အခဲ ရှိတယ်၊ ယတြာချေရမယ်... နောက် နေ့နံကျတဲ့ တနင်္ဂနွေနေ့ အခုပြောလိုက်တဲ့ကိစ္စတွေ စီမံပြီးပြန်လာခဲ့... ကဲဆိုလေပြီ.....

ပြဿနာစပါပြီ၊ ယတြာဆိုတာ ဘယ်တော့မှ မလုပ်ခဲ့တဲ့ ကျွန်တော်၊ တတွတ်တွတ် ပြောတဲ့မိန်းမ၊ နားလည်း ငြီးလှပြီ၊ လုပ်မယ်၊ မလုပ်ဘူး၊ ငါမလိုက်ဘူး၊ နင်ဘဲသွား၊ နင်မပါရင် ဘယ်ဖြစ်မလည်း၊ ရှုပ်နေပြီ...(နောက်ဆုံး)

ယတြာချေရန် ဆရာရှေ့ ကျွန်တော် ရောက်ခဲ့ရပြီ

(မှန်ပါသည်။ ဆရာဟောတဲ့အတိုင်း ကျွန်တော် တစ်ယောက်ထဲ နိုင်ငံခြားကို (၃)လခန့်သွားခဲ့ရပါသည်။ ပြန်ရောက်ပြီး (၁)လ ကျော်တွင် နိုင်ငံခြားသို့ မိသားစုနှင့်အတူ သွားရောက်ခဲ့ရ ပါသည်။)(ကျေးဇူးတင်ပါတယ်ဆရာ။)

ဒီနေရာတွင် ပြန်လည်ဖော်ပြလိုသည်မှာ ဆရာဟောခဲ့တဲ့ အနှောက်အယှက်၊ အခက်အခဲ ရှိတယ်ဆိုတဲ့စကားပင် ဖြစ်ပါတယ်။

(မှန်ပါသည်။ အနှောက်အယှက်၊ အခက်အခဲ အမှန်ပင် ကြုံတွေ့ ခဲ့ရပါသည်။ ယတြာအစွမ်းကြောင့်ရယ်ဘဲ ကျော်လွှားနိုင်ခဲ့ ခြင်းပင်လား။)

ဆရာဟောခဲ့တဲ့ အဟောနဲ့ ဆရာရဲ့ယတြာ






နောက်လဆက်ဖတ်ရန်

Friday, April 25, 2008

Colosseo

Colosseo (အီတလီ) ဒီနေရာရောက်ရင် ရောမမြို့ ကို ငါရောက်ခဲ့ပြီးပြီလို့ ကြွေးကြော်လို့ရပါပြီ
(အပေါ်ကပုံ ကျွန်တော်ရိုက်တာ မဟုတ်ပါ)








ထိုင်းနိုင်ငံရောက် အမှတ်တရပုံရိပ်များ

ဤဓါတ်ပုံများအတွက် အိုလန်နဲ့ ကိုဝပ်ကို ကျေးဇူးတင်ကြောင်း ဖေါ်ပြလိုပါတယ်။














Wednesday, April 23, 2008

Castel Sant' Angelo

Sant' Angelo ရဲတိုက်