ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 26, 2009

Champions League

”မနက်ဖြန် ရုံးစောစောဆင်းရင်ကောင်းမယ် ”

ကျွန်တော် အလုပ်လုပ်ရင်းနဲ့ ဒီစကားကြားတော့ စိတ်ဝင်းစားသွားတယ်၊

အလုပ်လုပ်ချင်ယောင်ဆောင် ပေကပ်ပြီး ဆက်နားထောင်နေတာ၊

”ဘာဖြစ်လို့လဲ”

ဘောစိက မသိချင်ယောင်ဆောင် ပြန်မေးတယ်၊

” ဘောလုံးပွဲ ရှိတယ်လေ၊ နေ့လယ်ထဲက လူအုပ်ကို ရှောင်ဖို့မလွယ်ဘူး ”

အမှန်တော့ ဘောစိရော၊ အီတလီတွေအားလုံး ဘောလုံးပွဲကြည့်ချင်နေတာ၊


ကျွန်တော်လဲ ဘောလုံးပွဲကြည့်ချင်ပေမဲ့ အနားတောင် မကပ်နိုင်ပါဘူး၊ အညံ့ဆုံး အတန်းတောင်း ယူရိုတစ်ထောင်ကျော်နေပြီ။ တီဗီကဘဲ ကြည့်တော့မယ်။

တစ်ချို့ကလဲ ဘောလုံးကွင်းအပြင်က တီဗီအကြီးကြီးမှာ သွားကြည့်ကြမယ်၊

တစ်ချို့ကလည်း ချိန်းပွဲလေ၊ ခြံကျယ်၊ အိမ်ကျယ်ကြီးမှာ ရေ၊ မီးအဆုံနဲ့၊

ကျွန်တော်မောင်မောင် တစ်ယောက်လဲ သူဌေးရပ်ကွက်ထဲမှာရှိတဲ့ ခြံကျယ်၊ အိမ်ကျယ်ကြီးမှာ အစီအစဉ်ဆွဲထားတယ်၊ တစ်ချို့ အပေါင်းအသင်းတွေနဲ့တောင် ချိန်းထားပြီးပြီ။

Champions League ဘောလုံးပြိုင်ပွဲရဲ့ Manchester United Vs Barcelona Final ပွဲစဉ်ကို မနက်ဖြန် ရောမမြို့ အီတလီအိုလံပစ်ကွင်း Stadio Olimpico မှာ ကျင်းပမှာပါ၊

မန်ချက်စတာယူနိုက်တက် က အင်္ဂလန်ပရိတ်သတ်၊ ဘာစီလိုနား က စပိန် ပရိတ်သတ်၊ ဒီပရိတ်သတ်တွေ ရောမမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲ ကရောက်နေကြပြီ။ အီတလီ ကတော့ အေစီမီလန်နဲ့ ရောမ အသင်းတို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ရင်မှာ ဟာတာတာနဲ့ ဒီဗိုလ်လုပွဲကို ကြည့်ကြမှာပေါ့။
မန်ယူနိုင်ရင် ပွဲကြမ်းမယ် လိုလို ဘာလိုလို။ ရွှေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာဘဲလေ။
မနက်ဖြန် ဘောလုံးပွဲမှာ ဆုချီးမြှင့်မဲ့ ဖလားကို ဒီနေ့ ရောမမြို့ အထင်ကရ နေရာ ကိုလိုဆဲလို မှာ ပြထား ပါတယ်။ ဘောလုံး ပရိတ်သတ်တွေ လာကြည့်ကြ၊ ဘောလုံးသမားတွေ အချိန်ပိုင်းနဲ့ လက်မှတ် ထိုးပေးတယ်လို့ ဆိုပါတယ်။
မိတ်ဆွေတွေအတွက် ဒီဖလားကြီးကို ကျွန်တော် လက်ဆင့်ကမ်းလိုက်ပါတယ်၊ ယူထားလိုက်ပါနော်........
ကျွန်တော့ရဲ့ မိတ်ဆွေများ အောက်ကဘောလုံးကွင်းရဲ့ ဘယ်ထိုင်ခုံမှာ ထိုင်နေကြပါသလဲ။ ကျွန်တော်တော့ ရောမ ဒီကွင်းကြီးနားမှာ ဖြတ်သန်းဖြတ်လာ လုပ်နေရပေမဲ့ ကွင်းထဲတော့ မရောက်ဘူးသေးပါဘူးခင်ဗျာ။


Thursday, May 21, 2009

အိပ်ရာဝင် ပုံပြင်

မေမေ ….. သိပ်တော့
ပုံပြောပြမှ အိပ်မယ်ဆိုတဲ့ ကျွန်တော် ….. ။

ကျားအကြောင်း ပြောတော့
မေ့မေ့ရင်ခွင်ထဲ ….. အတင်းတိုးဝှေ့ …..
ကြောက်ကြောက်နဲ့အိပ်ခဲ့တဲ့ ….. ကျွန်တော်။

ယုန်အကြောင်းပြောတော့
သနားလို့ ….. မျက်ရည်ဝေ့ …..
မငိုနဲ့သား ….. အိပ်အိပ် ဆိုတော့
ရှိုက်ကာငို ….. အိပ်ခဲ့တဲ့ ….. ကျွန်တော်။

အော် .....
ကျွန်တော်ငယ်ငယ်က ..... မေမေပြောပြခဲ့တဲ့ပုံပြင် …..၊

တစ်ကြိမ်က …..
ကြီးနိုင်ငယ်ညှင်း ..... မလုပ်ရဘူးဆိုပြီး
အဆုံးသတ်ခဲ့တယ်နော် ….. မေမေ။

တစ်ကြိမ်က…..
ခွန်အားနည်းသူကို ….. သနားညှာတာရမယ်ဆိုပြီး
ဆုံးမသွားတာ ….. သားမှတ်မိနေတယ် .…. မေမေ။

ဒါဟာ ….. မေမေ ….. ပြောပြခဲ့တဲ့ …..
အိပ်ရာဝင် ပုံပြင်ထဲက ……
သားဘ၀အတွက် ….. အသိတရားတွေဘဲလေ။

မေမေပြောခဲ့တဲ့ ….. အိပ်ရာဝင်ပုံပြင်နဲ့ ဖီလာပြီး
တရားမျှတမှုနဲ့ ….. သနားကြင်နာမှု ကင်းမဲ့တာ …..
လောဘ၊ ဒေါသ၊ မာန်မာန တွေနဲ့
မကင်းဝေးနိုင်လို့ဘဲလား ….. မေမေ။

ဒါမှမဟုတ်…..

ပုံပြင်ပြောပြီး မသိပ်တဲ့ အမေ …..
နားမထောင်ရဘဲ အိပ်ခဲ့ရတဲ့ကလေးတွေ …..
များပြား မွေးဖွား ကြီးပြင်းလာလို့ဘဲလား ….. မေမေ။

ကျားကြီးကိုလည်း ကြောက်တယ်
ယုန်လေးကိုလည်းသနားတယ် ….. မေမေရယ်။…။

အဆုံးထိ အခုလို သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Friday, May 15, 2009

ချစ်မိတာ အပြစ်လား

ကူညီပါခင်ဗျာ (ရှေ့နေမလေးသို့သိစေရန်)

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။

အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊


အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက...

“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။


“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန် လုပ်မယ်ကွာ”၊

“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊

“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊

လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။

“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊
ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊

“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊

“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ တော်ပြီကွာ မချစ်တော့ဘူး”၊

“ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့ အဲဒါမှ ထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။

ဘယ်လိုလုပ်ရတော့မလဲဗျာ၊ ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

အထက်ဖေါ်ပြပါ ကူညီပါခင်ဗျာ (ရှေ့နေမလေးသို့သိစေရန်)ဆိုတာကို http://ogga.mmgenius.com/ မှကူးယူ ဖေါ်ပြထားခြင်းသာ ဖြစ်ပါသည်။


အပေါ်က ပြစ်မှုများကြောင့် အခုတော့ ကျွန်တော် ”အိမ်ထောင်” ကျသွားပါပြီ၊

Tuesday, May 12, 2009

Paestum Museum သို့ ရောက်ခဲ့စဉ်

ကျွန်တော်တို့ရဲ့ Tour Guide က archaeological sites ထဲနေမပူခင် အရင်သွားမယ်၊
ပြီးမှ Museum ထဲဝင်မယ်ဆိုပြီး ခေါ်သွားလို့ တော်သေးတယ်၊
Sites ထဲမှာ ကြည့်ပြီးပြန်ထွက်လာတော့ နေက တော်တော်ပူနေပြီ၊
Museum ထဲရောက်တော့ အားလုံး ချွေးတစိုစိုနဲ့လေ......
ကျွန်တော် Paestum Museum ထဲမှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကတော့ အများကြီးဘဲ....
ဒါပေမဲ့ မိတ်ဆွေတို့ download လုပ်ရတာ ကြာမှာဆိုးလို့ ဒီလောက်ဘဲ တင်ပေးလိုက်ပါတယ်..
အောက်က Video လေးက ကျွန်တော့ကင်မရာသေးသေးလေးနဲ့ ရိုက်ခဲ့တာဆိုတော့

သိတ်မကောင်းဘူး၊ (ဘာဘဲဖြစ်ဖြစ်အားပေးပါနော်)
ဒီပြကွက်မှာ ရှင်းပြတာတွေကို ကျွန်တော် ဗီဒီယိုလေးမှာ ရေးထားပါတယ်၊



အပေါ်ဗီဒီယိုမှာပါတဲ့ နံရံဆေးရေးပန်းချီအခန်းထဲမှာ ကျွန်တော် ရိုက်ခဲ့တဲ့ ဓါတ်ပုံ (၃)ပုံပါ။
အခန်းက ကျဉ်းတော့ အဖြတ်အတောက် မကောင်းဘူးဖြစ်သွားပါတယ်။








Symposium as a social activity
The Celling Painting; Tomb of the Diver



အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ နောက်လဲ လာအားပေးပါနော်

Sunday, May 10, 2009

Paestum သို့ ရောက်ခဲ့စဉ်

Ancient Greek City with three Doric Temples

ကျွန်တော်တို့ အီတလီနိုင်ငံ၊ Campania ဒေသ Salerno နားမှာ ရှိတဲ့ ရှေးဟောင်း ဂရိမြို့လေးတစ်မြို့ ရိုမန် အခေါ် Paestum ဂရိ အခေါ် Poseidonia (600 B. C) ကို
၈-၅-၂၀၀၉ ရက်နေ့က သွားခဲ့တယ်။

ဒီ Paestum မြို့လေးက Greek Temple တွေကို နဂိုမူလအတိုင်း ထိန်းသိမ်းထားလို့ ထင်ရှားတဲ့ မြို့လေးပေါ့။ Poseidon temple (450 B.C.) ၊ Temple of Athena (500 B.C.) Temple of Hera (550 B.C.) စတဲ့ Doric temples (၃)ခု ရှိတယ်။

ဒီ Poseidonia (Paestum) မြို့လေးက 600 B. C ခန့်က တည်ထောင်ခဲ့ပြီး၊ ဂရိလူမျိုးတွေ အီတလီနိုင်ငံမှာ လာရောက်အခြေချ စည်ပင်ဖွံ့ဖြိုးလာတဲ့ Sybaris ရဲ့ ကိုလိုနီ ဖြစ်ခဲ့တယ်လို့ မှတ်ယူကြတယ်။ (သမိုင်းကြောင်းကိုတော့ မိတ်ဆွေများ ကိုယ်တိုင် လေ့လာစေချင်ပါတယ်။)

ကျွန်တော်တို့ ပထမဦးဆုံး Paestum ရောက်တော့ (၅)ရာစုက တည်ဆောက်ခဲ့တဲ့ Palaeochristian Church - Basilica ဘုရားကျောင်းကို အရင်ဆုံးလေ့လာခဲ့တယ်၊ ဒီဘုရား ကျောင်းရဲ့ အကြီးဆုံး ဘုန်းတော်ကြီး က ဘုရားကျောင်းသမိုင်းကို အီတလီလို ရှင်းပြတယ်၊ ဒုတိယအကြီးဆုံးကိုယ်တော် Father က မြန်မာပါ၊ သူက ကျွန်တော် တို့ကို မြန်မာလို ရှင်းပြတယ်၊ ပြီးတော့ ကျွန်တော်တို့ archaeological sites ထဲကို သွားလေ့လာကြတယ်။ ပြီးတော့ Museum ထဲပေါ့။ အစစအရာရာ စီစဉ်ပေးတဲ့ Father ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နေ့လည်စာ Father ကျွေးတဲ့ အီတလီအစားအစာ စားတော့ Father ဧည့်ခံတဲ့ အိမ်လုပ်ဝိုင် အရသာလေးကို စွဲလန်းနေမိတယ်၊ ဘယ်တော့များ ထပ်သောက်ဖို့ အခွင့်အရေး ရအုံးမလဲ မသိဘူးနော်။

မိတ်ဆွေများ ဓါတ်ပုံလေးတွေ အားပေးပါအုံး၊ နောက်တစ်ခေါက်မှ Museum ထဲမှာ ရိုက်ခဲ့တဲ့ ပုံတွေ ဆက်တင်ပေးပါ့မယ်၊

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။



Palaeochristian Church - Basilica - 5th century

Temple of Athena - also called Ceres temple 500 B.C.





Poseidon temple 450 B.C.







Temple of Hera. Also called Basilica 550 B.C.