ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 7, 2011

ကျိုက်ထီးရိုး ဘုရားဖူးရအောင်

ကျွန်တော်လည်း ဘလော့ကို (၂)နှစ်လောက်ရှိပြီ၊ ဘာဓါတ်ပုံမှ မတင်ဖြစ်တာ၊ အလုပ်ကလည်းမအား၊ ဘယ်မှလည်း မသွားဖြစ်နဲ့၊ ကျွန်တော်အီတလီက ပြန်ရောက်ပြီ (၂)နှစ်လောက်ရှိမှ ဟိုတစ်နေ့က ကျိုက်ထီးရိုးဘုရားကို မိသားစုနဲ့ရောက်ခဲ့တယ်၊ အဲဒါနဲ့ အီတလီမှာ ရှိတဲ့ ကျွန်တော့ရဲ့မိတ်ဆွေတွေကို ကျိုက်ထီးရိုးဘုရားဖူးရအောင် ဓါတ်ပုံလေးတွေ တင်လိုက်အုံးမယ် စိတ်ကူးတာနဲ့ ကျိုက်ထီးရိုးဘုရားပုံလေးတွေ တင်လိုက်ပါတယ်။ ကျွန်တော့မိတ်ဆွေများသိတဲ့အတိုင်း ကျိုက်ထီးရိုးစေတီတော်ဟာ မွန်ပြည်နယ်ရှိ ပေါင်းလောင်းတောင်ရဲ့ ကြီးမားမတ်စောက်တဲ့ တောင်ထွဋ်အစွန်းမှာ လုံးပတ်ပေ ၅၂ ပေခန့်ရှိ (ရသေ့ဦးခေါင်းနှင့်ပုံသဏ္ဍန်တူသည့်) ကျောက်လုံးကြီးပေါ်မှာ အံဖွဃ်ထူးဆန်းစွာတည်ထားတဲ့ ဥာဏ်တော် ၁၂ တောင်ခန့်ရှိ စေတီတော် ဖြစ်ပါတယ်။

မွန်ဘာသာဖြင့် ရသေ့ရွက်ထားသောဘုရား ကျိုက်ဏ္ဍသိရိုးလို့ အဓိပ္ပါယ်ရကြောင်းနဲ့၊ ကေလာသရသေ့ထံမှ ဆံတော်တစ်ဆူ၊ တိသရသေ့ကြီးထံမှ ဆံတော် နှစ်ဆူကို ဌာပနာကာ မဟာသက္ကရာဇ် ၁၁၈ ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ သီဟရာဇာမင်းကိုယ်တိုင်ရွှေထီးအထွတ်တင်လှူ ရေစက်သွန်းချခဲ့တဲ့ စေတီဖြစ်ပါတယ်။
သက္ကရာဇ် ၉၁၇ တွင် ဘုရင့်နောင်၊ ၁၀၃၁ တွင် ပြည်မင်း၊ ၁၀၄၈ တွင် မင်းရဲကျော်ထင်၊ ၁၀၆၂ တွင် စနေမင်း တို့ ရွှေထီးတော်များ တင်လှူခဲ့ကြကြောင်းနဲ့ ထူးဆန်းအံ့သြဖွယ် တည်ရှိနေတာကြောင့် ကမ္တာ့အံ့ဖွယ်စာရင်းဝင် စေတီတစ်ဆူဖြစ်တယ်လို ဆိုပါတယ် မိတ်ဆွေများခင်ဗျာ။




ကိုလှစိုးမောင်တို့၊ မမျိုးတို့၊ ကိုဝင်းနိုင်တို့၊ ကိုစောမူလယ်တို့၊ ကိုထွန်းထွန်းတို့ တ၀ကြီး ဖူးလိုက်ကြပါ...