ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, September 19, 2009

Ceiling Painting (Vatican Museum)













Sunday, September 13, 2009

မပြီးသေးတဲ့ Vatican Museum

ကျွန်တော်လည်း သူများတွေ ပြောသလို ဆားချက်နေတာပါ။ ကျွန်တော့ဘလော့မှာ အမှတ်တရ အဖြစ် ကျန်နေအောင်လို့။ မိတ်ဆွေတို့လည်း ကြုံတုံးအားပေးသွားပါအုံးဗျာ။ အားလည်းနာတယ် ခင်လည်း ခင်တယ်ပေါ့။























Sunday, September 6, 2009

painting inside Vatican Museum

ကျွန်တော် Vatican Museum ထဲမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံအချို့ပါ။ လူတွေက များတော့ ရိုက်ရတာ မကောင်းဘူး၊ တချို့ပုံတွေ ကောင်းမယ်ထင်သလို ဖြတ်ညှပ် crop လုပ်ပြီး တင်လိုက်ပါတယ် ... ကျွန်တော့ရဲ့ အီတလီ အမှတ်တရ documentary ပါ။ အခုတော့ ပန်းချီပုံတွေ တင်လိုက်ပါတယ်၊ နောက်တခါ ရုပ်ထုတွေ တင်ပါမယ်၊ နောက်တခါ Ceiling Painting တင်မယ်လို့ စိတ်ကူးပါတယ်။

















ကျေးဇူးတင်ပါတယ်။

Monday, August 31, 2009

Sphere Within Sphere (Sfera con Sfera)

ဒီအလုံးကြီးကို အီတလီ ပန်းပုအကျော်အမော် Arnaldo Pomodoro ထုလုပ်သွန်းလောင်း ထားတယ်လို့ဆိုပါတယ်၊

သူ့ရဲ့လက်ရာတွေကို အခုကျွန်တော် ဓါတ်ပုံရိုက်ထားတဲ့ ဗာတီကန်၊ ဒူဘိုင်းမှာရှိတဲ့ Trinti College ၊ နယူးယောက် UN Headquarter ၊ ၀ါရှင်တန် မှာရှိတဲ့ Hirshhorn Museum နဲ့ Sculpture Garden ၊ Indianapolis က Christian Theological Seminary ၊ အီရန်မှုာရှိတဲ့ Tehran Museum ၊ Berkeley က University of California နေရာတွေမှာ ကြည့်ရှု့နိုင်တယ်လို့ဆိုဘဲ၊

ကျွန်တော်လည်း ဘာအလုံးကြီးမှန်း မသိလို့ အင်တာနက် မှာ လွယ်လွယ်ကူကူ တွေ့တာလေး ရေးလိုက်တာပါ၊ အသေးစိတ် သိချင်ရင်တော့ မိတ်ဆွေများကိုယ်တိုင် ရှာဖွေ လေ့လာဖတ်ပါခင်ဗျာ။ :D) ကျေးဇူးတင်ပါတယ်။





(Sphere Within Sphere by Arnaldo Pomodoro in the Cortile della Pigna, Vatican, Rome)

Sunday, August 30, 2009

Monumental Stairs of the Vatican Museum

ကျွန်တော် ဒီနေ့ (၃၀-၈-၂၀၀၉)ရက်နေ့မှာ Vatican Museum ကို သွားခဲ့တယ်၊ မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ သြဂုတ်လ (၃၀)ရက်နေ့က တနင်္ဂနွေနေ့ လေ၊ ဟုတ်ပါတယ် တနင်္ဂနွေနေ့ပါ၊ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက လ တစ်လရဲ့ နောက်ဆုံး တနင်္ဂနွေနေ့။

Vatican Museum က လတစ်လရဲ့ နောက်ဆုံး တနင်္ဂနွေနေ့မှာ Museum ထဲကို အလကား ၀င်ခွင့် Entrance Free ပေးပါတယ်၊ ကျွန်တော် လည်း Free ရလို့ အခု အကြိမ်နဲ့ဆို ရောက်ခဲ့တာ (၂)ကြိမ်ရှိသွားပါပြီ။

နေ့လည် ၁၂း၃၀ ဆို ၀င်ခွင့်ပိတ်ပါတယ်။ မနက် (၇)နာရီလောက် ထသွားရင် အကောင်းဆုံးပါ။ ကျွန်တော်တော့ အအိပ်မက်လို့ ၈ နာရီခွဲမှ သွားတယ်၊ မနက် ၉ နာရီက စပြီးတန်းစီတာ ၁၀ နာရီလောက်မှာ Museum ထဲ ရောက်ပါတယ်။ နေ့ခင်း ၂ နာရီမှာ ပြန်ထွက်လာခဲ့တယ်။ ဒီတစ်ကြိမ်တန်းစီတာ မြန်တယ်လို့ ပြောရမယ်၊ အရင်ကဆို ၂ နာရီလောက်ကြာတယ်၊

အီတလီ၊ ရောမမှာ ရောက်ဖူးသင့်တဲ့ နေရာတစ်ခုပါ။ အီတလီ၊ ရောမမှာလို့ ဆိုလိုက်ပေမဲ့ Vatican ဟာ သီးခြား City State ဆိုတာ ကျွန်တော်တို့ ရွှေတွေ မပြောလဲ သိမှာပါ။

Free ၀င်ခွင့်ပေးတဲ့နေ့ဆိုတော့ လူကများပါတယ်။ တန်းစီတဲ့ လူတွေဟာ တမျှော်တခေါ် ဘဲလေ၊ Museum ထဲ တစ်ချို့နေရာတွေ ၀င်ခွင့်မပေးပါဘူး၊ မလှမ်းမကမ်းကဘဲ ကြည့်လို့ရပါတယ်။ လူများတော့ သေသေချာချာတော့ မကြည့်ရဘူးပေါ့။

ကျွန်တော် Vatican Museum မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို မိတ်ဆွေတို့ကို မျှဝေချင်ပါတယ်၊ အခုတော့ လှေကား stairs ကို အပေါ်နဲ့ အောက်က ရိုက်ထားတဲ့ ဓါတ်ပုံလေးနဲ့ စလိုက်ကြရအောင် ......









အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ ခင်မင်စွာဖြင့်

Monday, August 24, 2009

Monument to Vittorio Emanuele II

ကျွန်တော် မနေ့က ရောမမြို့လယ်ခေါင် Monument to Vittorio Emanuele II လမ်းလျှောက်ဖြစ်တယ်၊ ရန်ကုန်မှာဆို ဆူးလေဘုရား နေရာ မျိုးပေါ့၊ ကျွန်တော်ကတော့ ဒီနေရာကို Unknown Soldier လို့ဘဲခေါ်တယ်၊ အီတလီမှာရောက်နေတဲ့ ကျွန်တော့မိတ်ဆွေတွေကတော့ Piazza Venezia လို့ ပြောကြတယ်၊ ကျွန်တော် ဒီ Piazza Venezia ကို မြင်းရုပ်စစ်သည်နား အပေါ်ကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေရှိတယ် Flickr နဲ့ Picasa မှာတော့ တင်ထားတယ်၊ ဒါပေမဲ့ ဒီဘလော့မှာ မတင်ရသေးဘူး၊

ကျွန်တော် အောက်က ဓါတ်ပုံလေးတွေ စိတ်ထင်သလို Test သဘော ရိုက်ထားပါတယ်၊ tripod မပါဘဲနဲ့ ရိုက်ထားတာပါ။ ဓါတ်ပုံပညာရှုဒေါင့်ကကြည့်လဲ ချို့တဲ့ပုံရိပ် poor image ဘဲဖြစ်မှာပါ၊ ဘာဘဲဖြစ်ဖြစ်... ဒီဓါတ်ပုံလေးတွေဟာ ကျွန်တော့အတွက်တော့ ထာဝရ အမှတ်တရ ဖြစ်နေမှာပါ၊ အားပေးပါခင်ဗျာ၊

















အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ ခင်မင်စွာဖြင့်

Friday, August 14, 2009

စွမ်းရည်ပြ လှုပ်ရှားမှု

သူတို့အုပ်စုက ၇ ယောက်လောက်ရှိတယ်၊ တစ်ဦးချင်းအလိုက် သူတို့ လုပ်ချင်တာ လုပ်ပြကြတယ်၊ တစ်ယောက်တစ်လှည့်စီပေါ့၊

ဒီတစ်ယောက် လုပ်ပြတာကြတော့ မလွယ်ဘူး၊

ပထမပုံအတိုင်း အရှိန်ယူလိုက်တယ်၊ ပြီးတော့ အရှိန်ရလာပြီးဆိုတာနဲ့ လက်နှစ်ဖက်လုံးကို လွှတ်လိုက်ပြီး၊ ဦးထုပ်ဆောင်းထားတဲ့ ခေါင်းနဲ့ ဒုတိယပုံလို အရှိန်နဲ့ လှည့်တာ အရှိန်သေသွားတဲ့အထိဘဲ၊

အော် မလွယ်ပါ့လား၊

သူတို့ ရှေ့မှာ ဖွင့်ချထားတဲ့ box လေးကလဲ ကျွန်တော် ရပ်ကြည့်နေတဲ့ အချိန် ဘယ်သူမှ မထည့်ကြဘူး၊

သူတို့ကလည်း ဂရုမစိုက်ကြဘူး၊ စွမ်းရည်ပြနေရရင် ကျေနပ်နေတဲ့သူတွေ ထင်တယ်၊ အားပေးတဲ့ လက်ခုပ်သံကတော့ ညံနေတာဘဲ၊ ပီတိ ကိုစား အားရှိနေတဲ့သူတွေလား မသိဘူး။

ဆိုလိုချင်တာက ငွေအတွက်မဟုတ်ဘူး၊ ချီးမြှောက် ဂုဏ်ပြုချင်ရင် ထည့်သွားချင် ထည့်သွားပေါ့။

ကြည့်ချင်ရင်ကြည့်၊ မကြည့်ချင်ရင် ကိုယ့်လမ်းကို ဆက်လျှောက်ဆိုတဲ့ သဘောပါဘဲ။





Tuesday, August 11, 2009

အဆင်ပြေပါစေ

သနားပါတယ် မလှုပ်ဘဲ ငြိမ်နေရတာ၊ ပိုက်ဆံထည့်လိုက်ပါလို့ ပြောတော့ ရှိတဲ့ ယူရိုအကြွေစိလေး ရှာပြီးထည့်လိုက်တယ်၊

ကိုယ်တော်ချောတွေက လူကသာ မလှုပ်တာ မျက်လုံးက အကဲခတ်နေတာ၊

အကြွေစိလေးထည့်လိုက်မှ သူတို့က လှုပ်ပြကြတာ၊ အညောင်းဖြေကြတာထင်ပါတယ်၊

ရောမမှ ဒီလို ၀တ်ရုံတွေ အမျိုးမျိုးရှိတယ်၊ တူတာက ၀တ်ထားတဲ့ လူတွေအားလုံးက ငြိမ်နေကြတယ်၊

ခွက်ထဲ ပိုက်ဆံထည့်တဲ့ အသံ ကြားမှ လှုပ်ပြကြတာ၊

အားလုံး အကြိမ်များစွာ လှုပ်နိုင်ကြပါစေ၊ အားလုံး အဆင်ပြေကြပါစေ။







ငြိမ်ငြိမ်မနေဘဲ ပင်ပင်ပမ်းပမ်း စွမ်းရည်ပြ လှုပ်ရှားနေတဲ့ပုံတွေလည်း ရိုက်ထားတာရှိပါတယ်၊ နောက်မှတင်ပေးမယ်နော်၊ ခင်မင်စွာဖြင့်

Thursday, July 30, 2009

ဆီမီးတိုင်

ကျွန်တော် တစ်နေ့က ရောမမြို့ထဲ လမ်းလျှောက်တယ်၊

မြို့လယ်ခေါင် ဆိုင်တစ်ဆိုင်မှာ ထောင်ထားတဲ့ Menu Board နဲ့ ဆီမီးတိုင် က ကျွန်တော့ကို ဆွဲဆောင်မှု အပြည့်နဲ့ ကြိုနေတယ်၊

ဒါနဲ့ ကျွန်တော် ဒီဆိုင်မှာ ၀င်စားလိုက်တယ်၊ :p)

အဲလိုမထင်လိုက်ပါနဲ့ အောက်က ဓါတ်ပုံလေးဘဲ ရိုက်လိုက်တာပါ၊



Tuesday, July 28, 2009

ဂစ်တာအို



Monday, July 27, 2009

Direction

ကျွန်တော် ဒီလမ်းညွှန်လေးအတိုင်း Leonardo da Vinci လေဆိပ်ကို မကြာမှီ ဦးတည်ရတော့မယ်၊ မြန်မာပြည်ကို ပြန်ရင် ဒီလေဆိပ်ကနေ ပြန်ရမှာလေ၊ ကိုယ့်မွေးရပ်မြေ ပြန်ရတော့မယ် ဆိုတော့လည်း ၀မ်းသာမိတယ်၊ အီတလီမှာ ရှိနေတုံး အမှတ်တရ ဖြစ်အောင် ဓါတ်ပုံလေးတွေ ဆက်တင်နေမှာပါ၊ ဘယ်သူမှ မကြည့်တောင် အီတလီ အလွမ်းပြေ ကိုယ့်ဖာသာကိုယ် ပြန်ကြည့်လို့ ရတာပေါ့……

လာရောက်အားပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ် …



Thursday, July 16, 2009

Trevi Fountain

ရောမမြို့ရဲ့ အကြီးဆုံး Baroque Fountain လို့ ဆိုပါတယ်၊ Baroque ကို မသိလို့ dictionary မှာ ကြည့်တာ ဥရောပတွင် ၁၇-၁၈ ရာစုနှစ်က ခေတ်စားခဲ့သော အဆန်းတကြယ် အနုပညာ(လက်ရာ) လို့ ဖွင့်ဆိုထားပါတယ်၊ ဒီရေပန်း (Fountain) ရဲ့ အမြင့်က 25.9 မီတာ ( ၈၅ ပေ) မြင့်ပြီး၊ အကျယ် က 19.8 မီတာ (၆၅ ပေ) ကျယ်ပါတယ်၊


သမိုင်းကြောင်းကိုတော့ မိတ်ဆွေများ ကိုယ်တိုင် လေ့လာနိုင်တဲ့အတွက် ကျွန်တော် မရှင်းတော့ပါဘူး၊ အီတလီကို မရောက်ဖူးသေးတဲ့ မိတ်ဆွေများ အတွက် ကျွန်တော် ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို ဝေမျှ ပေးချင်တာပါ၊

ဒီ Trevi Fountain ကို ရောက်လာတဲ့လူတိုင်း မလုပ်မဖြစ် လုပ်တာက ဓါတ်ပုံရိုက်တယ်၊ :P


ရောက်လာတဲ့ဧည့်သည်တွေက ငွေအကြွေစေ့ Coin ကို ညာဖက်လက်နဲ့ ကိုယ့်ရဲ့ ပခုံးကို ကျော်ပြီး ရေထဲကို ပစ်ကြတယ်၊ နောက်ပြန်ပေါ့၊ ဒီလို ပစ်လိုက်ရင် သင်ရောမကို နောက်တစ်ကြိမ် ပြန်လာဖြစ်မှာ အသေအချာဘဲလို့ ဆိုပါတယ်၊

ကျွန်တော်တော့ မပစ်ခဲ့ပါဘူး၊ ဓါတ်ပုံဘဲ ရိုက်ဖြစ်ခဲ့ပါတယ်၊ လူတွေက များတော့ ဓါတ်ပုံရိုက်ရတာ သိတ်အဆင်မပြေဘူး။

တစ်နေ့တစ်နေ့ ဧည့်သည်တွေ ပစ်သွားတဲ့ ငွေအကြွေတွေ ခန့်မှန်းခြေ ယူရို ၃၀၀၀ လောက်ရတယ် ဆိုပါတယ်၊ ဒီငွေတွေကို မရှိဆင်းရဲသားတွေအတွက် ထောက်ပံ့တဲ့ နေရာမှာ ပြန်သုံးတယ်လို့ဆိုပါတယ်။


အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဓါတ်ပုံတွေ သိတ်မကောင်းလို့အားတော့နာပါတယ်။
ခင်မင်စွာဖြင့်