ကျွန်တော် မနေ့က ရောမမြို့လယ်ခေါင် Monument to Vittorio Emanuele II လမ်းလျှောက်ဖြစ်တယ်၊ ရန်ကုန်မှာဆို ဆူးလေဘုရား နေရာ မျိုးပေါ့၊ ကျွန်တော်ကတော့ ဒီနေရာကို Unknown Soldier လို့ဘဲခေါ်တယ်၊ အီတလီမှာရောက်နေတဲ့ ကျွန်တော့မိတ်ဆွေတွေကတော့ Piazza Venezia လို့ ပြောကြတယ်၊ ကျွန်တော် ဒီ Piazza Venezia ကို မြင်းရုပ်စစ်သည်နား အပေါ်ကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေရှိတယ် Flickr နဲ့ Picasa မှာတော့ တင်ထားတယ်၊ ဒါပေမဲ့ ဒီဘလော့မှာ မတင်ရသေးဘူး၊
ကျွန်တော် အောက်က ဓါတ်ပုံလေးတွေ စိတ်ထင်သလို Test သဘော ရိုက်ထားပါတယ်၊ tripod မပါဘဲနဲ့ ရိုက်ထားတာပါ။ ဓါတ်ပုံပညာရှုဒေါင့်ကကြည့်လဲ ချို့တဲ့ပုံရိပ် poor image ဘဲဖြစ်မှာပါ၊ ဘာဘဲဖြစ်ဖြစ်... ဒီဓါတ်ပုံလေးတွေဟာ ကျွန်တော့အတွက်တော့ ထာဝရ အမှတ်တရ ဖြစ်နေမှာပါ၊ အားပေးပါခင်ဗျာ၊
အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ ခင်မင်စွာဖြင့်
Myanmar National Anthem
6 years ago
2 Comments:
အစ်ကိုရေ...
ဓါတ်ပုံတွေကို ဖိုင်ဆိုဒ်ကောင်းကောင်းနဲ့
ရှယ်ပေးလို့ရမလား ? ကျွန်တော်က ဓါတ်ပုံလှလှလေး
တွေ စုရတာဝါသနာပါလို့ .....
ု kyetaryar100@gamil.com
မျိုး
flickr မှာ ဒေါင်းလုပ် လုပ်ကြည့်ပါလား၊ ဒါမှ ဖိုင်ဆိုဒ် မကောင်းဘူးဆိုရင် လိုချင်တဲ့ပုံပြောပါ ပို့ပေးပါ့မယ်၊ http://www.flickr.com/photos/maung2maung/
မောင်မောင်
Post a Comment