ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 24, 2008

Monument to Vittorio Emanuele II
(The Unknown Soldier of World War I, Italy)



/a>

Thursday, May 15, 2008

Pompei မြို့ဟောင်း (Naples, Italy)

Pompei မြို့ဟောင်း(နာပိုလီ၊ အီတလီ)
မီးတောင်ပေါက်ကွဲပြီး ပျက်စီးသွားတဲ့မြို့ဟောင်းနဲ့ ပြန်လည်တူးဖေါ်တွေ့တာတွေ






Wednesday, May 14, 2008

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

တစ်နေ့ ကျွန်တော့ကို ဆရာ လှိုင်မြင့်ဦး (ကလောင် အမည်) က သတင်းစာ ဖြတ်ပိုင်းလေး တစ်ခု လာပေးတယ်၊ သူက စာရေးဆရာပီပီ သူဖတ်မိတာလေးတွေ၊ မှတ်သားသင့် တာလေးတွေ အများသူငှာဖတ်ဖို့ သူကိုယ်တိုင် Copy ကူပြီး လိုက်လိုက် ဝေလေ့ရှိတယ်.....

နောက်ပြီး ဘယ်နေရာကဘဲဖြစ်ဖြစ် ရသမျှ စာအုပ်၊ စာစောင် အကုန် ယူလာတယ်၊ ပြီးရင် သင့်တော်တဲ့ နေရာ တွေကို ပို့ပါလေရော၊ ဒီအလုပ်ကို ကျွန်တော်က ဒိုင်ခံ လုပ်ပေးရတယ်၊ သူပို့လိုက်တဲ့ နေရာတွေက ကျေးဇူးတင် လက်ခံရရှိကြောင်း များစွာ အကျိုးရှိ အထောက်အကူ ဖြစ်ပါကြောင်း စတဲ့ ပြန်ကြားစာ acknowledgement လေးတွေ ရရင်လဲ သူပီတိ ဖြစ်သလို အများသူငှာကိုလဲ ပီတိ ဖြစ်စေချင် တဲ့သူ.....

သူမဂွဇင်းတိုက် အသီးသီးကို ပို့တဲ့စာမူတွေကို ကျွန်တော်ဘဲ စာစီပေးရတယ်၊ ကျွန်တော်ကလည်း သီးခြား အချိန်ပေး စာမဖတ်နိုင်တော့ စာစီရိုက်ရင်းနဲ့ ဖတ်ရတာကို ကျေနပ်မိတယ်.....

ကဲ သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဆက်ကြပါစို့ -

သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ကျွန်တော် ဖတ်ကြည့် လိုက်တော့ ... နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ ဆိုတဲ့ ခေါင်းစဉ်လေးပါ... စာဖတ်သူ အပေါင်း ဗဟုသုတ ဖြစ်စေရန် ရည်သန်လျက် အောက်တွင် ဖော်ပြလိုက်ပါတယ်.....


နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ


ဗုဒ္ဓမြတ်စွာဟော ကျမ်းဂန်များနှင့် နီတိကျမ်းများပါ နိုင်ငံဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ နိုင်ငံတော်အတွက် ၀န်ထမ်းကောင်းများ ရရှိပြီး တိုးတက်ကြီးပွားလာမည် ဖြစ်ပါသည် -

- အကြားအမြင် ဗဟုသုတရှိခြင်း၊

- ကိုယ် နှုတ် အမူအရာ ယဉ်ကျေး၍ တင့်တယ်သော ရုပ်ဆင်း အင်္ဂါနှင့် ပြည့်စုံခြင်း၊

- ကိုယ်ကျင့်တရား ကောင်းမွန်သူဖြစ်ခြင်း၊

- ရဲရင့်သူ (ရဲစွမ်းသတ္တိရှိသူ)ဖြစ်ခြင်း၊

- ဇွဲလုံ့လ ၀ီရိယ ရှိခြင်း၊

- အမှုကိစ္ခတာဝန်ကျေအောင် ထမ်းဆောင်သူဖြစ်ခြင်း၊

- ကာယဗလ ဉာဏဗလ ဖွံ့ဖြိုးခိုင်မာခြင်း၊

- ဥစ္ခာကို မမက်မောခြင်း၊

ဤ အထက်ဖော်ပြပါ ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံသူ တို့ကိုသာ ၀န်ထမ်းအဖြစ် ရွေးချယ်ရန်ဲမဃဒေ၀လင်္ကာသစ်ဲ အဖွင့်ကျမ်းတွင် မှတ်သားရလွယ်ကူရန် အောက်ပါအတိုင်း လင်္ကာဖြင့် ဖော်ပြထားပါသည် -

ဲ မြင်ကြားရှိခြင်း၊ အဆင်းအကျင့်

ရဲရင့်လုံ့လ၊ ကိစ္ခပြီးစီး

အားကြီးခိုင်မာ၊ ဥစ္ခာမမက်

ရှစ်ချက်အင်ကြုံ၊ ကုံလုံပြီးသူ

ထိုသည့်လူကို ကောက်ယူရွေးချယ်ပါကုန်လောဲ့

ဟု ညွှန်ပြခဲ့သည်။

ပညာအရည်အချင်း (ဉာဏဗလ) မရှိ၊ ရဲစွမ်းသတ္တိကင်း ညံ့ဖျင်းသူ၊ ဗဟုသုတနည်းပါ၍ ကိုယ်ကျင့်တရား ပျက်ပြားသူ တို့ကို အရည်အချင်းမရှိဘဲ နီးစပ်ရင်းနှီးမှုအရ ၀န်ထမ်းများ အဖြစ် ခန့်ထားမိပါက နိုင်ငံပျက်ပြားဖို့သာဖြစ်၏။ ကိုယ်နှုတ် အမူအရာ မယဉ်ကျေးသော ၀န်ထမ်းများကြောင့် အုပ်ချုပ်သူများနှင့် ပြည်သူတို့အကြား စိတ်ဝမ်းကွဲပြားမှု ပြဿနာများပင် ပေါ်လာ နိုင်၏။

ထိုကဲ့သို့သေဲာဲ လူမွှေ ယောက်ျား၊ မင်းစေမျာဲးဲ ကိဲုဲ ပြည်သူ့ မီးပွာဲးဲ ဟု ဆိုရ၏။ ဆန္ဒာဂတိလိုက်၍ဖြစ်စေ၊ တံစိုး လက်ဆောင်စား၍ ဖြစ်စေ ထိုပြည်သူ့မီးပွားတို့ကို နိုင်ငံဝန်ထမ်း များအဖြစ် အရွေးမမှားစေရန် အထူးသတိထားရပေမည်။

(သာသနာရေး)



ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, May 13, 2008

အထီးကျန်ခြင်းအကြောင်းများ

အထီးကျန်ခြင်းအကြောင်းများ

* လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင် အထီးကျန်ဖြစ်တယ်။

* ဟန်လုပ်တာ များတဲ့သူဟာ အဖေါ်နည်းတဲ့သူ ဖြစ်မှာပဲ။

* သူတပါးကို ပစ်ပယ်လေ့ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ဖြစ်မယ်။

* လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွှတ်နိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။

* သူများအကြောင်း မကောင်းပြောတတ်တဲ့သူဟာလည်း အဖေါ် မဲ့တယ်။

* အပြစ်တင်တတ်တဲ့သူမှာ မိတ်ဆွေရှားတယ်။

* မနာလိုစိတ်ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူ၊ သိမ်ငယ်စိတ် ရှိတဲ့သူလည်း အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* သူတစ်ပါးကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင်ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* မာနသိပ်ကြီးသွားရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* လူမသိအောင်ဖုံးရတာတွေများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တယ်။

* ဒေါသကြီးတဲ့သူလည်း အဖေါ်မဲ့နေတတ်တယ်။

* ဂုဏ်တုဂုဏ်ပြိုင်စိတ်ကြောင့်၊ မနာလိုစိတ်ကြောင့် အဖေါ်မဲ့ သွားတယ်။

* ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါက အထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့နေဦးမှာ ပါပဲ။

ဒါကြောင့်မို့

* အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင်ကိုယ်ကိုယ်တိုင် ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။

* ချစ်တတ် ကိုယ်ချင်းစာတတ်တဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနည်းတယ်။

* အထီးကျန်မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ၊ လူတွေကို တန်းတူ ရည်တူ ဆက်ဆံပါ၊ လူတွေကို စိတ်ဝင်စားပါ၊ လူတွေကို မေတ္တာ ပေးပါ၊ နားလည်မှုပေးပါ၊ သူ့အလိုအလျောက် ပေးလာတဲ့ ချစ်ခင်မှုကို တန်ဖိုးထားပါ။



တစိမ့်စိမ့်တွေးမယ် - ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) မှ ကိုပီကေ ကောက်နှုတ်တင်ပြသည်ကို ထပ်ဆင့်ဖော်ပြပါသည်။

ဗေဒင်၊ ယတြာနဲ့ ကျွန်တော်

ဗေဒင်၊ ယတြာနဲ့ ကျွန်တော်

ကျွန်တော် ဒီခေါင်းစဉ်လေးအောက်မှာ ရေးချင်တာ မရေးခင် စကားချီး နိဒါန်းပျိုးပါရစေခင်ဗျာ.....

ဗေဒင် ဆိုတာကို ကျွန်တော် ယခင်က အပျော် သဘောပဲ မေးတာပါ.....ကိုယ်ကတောင် အပျော်သဘောနဲ့ တစ်ခွန်းစ နှစ်ခွန်းစ ဟောခဲ့သေး၊

ယတြာဆိုတာ ယခင်က ဘယ်တော့မှ မချေ.. ဘယ်တော့မှ မလုပ်ခဲ့..မတတ်သာတဲ့အဆုံးမှ ဆရာဘဲကြည့်လုပ်ပေးပါလို့ ပြောခဲ့တာ.....

ကျွန်တော့ အမေပြောခဲ့ဖူးတယ်.. စိန်ကဲ မြကဲသာ မခတ်တတ်ရင်နေမယ်၊ မျက်နှာကဲတော့ ခတ်တတ်တယ်တဲ့.....

ကျွန်တော်လည်း အခုတော့ လက္ခဏာ၊ ဗေဒင်၊ ကျမ်းဂန်တွေသာ မဖတ်တတ်ရင်နေမယ် မျက်နှာကဲတော့ဖတ်တတ်တယ်လို့.....

မှန်ပါတယ်... တစ်နေ့တစ်နေ့ ဒီမျက်နှာတွေဘဲကြည့်ပြီး၊ အလုပ် လုပ်ခဲ့ရတာ...လုပ်နေရတာ.....

မြင်ရ.. တွေ့ရ..ကြုံရ..ဆုံရတဲ့ မျက်နှာတွေကလည်း တစ်နေ့ တစ်မျိုး မရိုးနိုင်အောင်ဘဲပေါ့.....(အမျိုးမျိုးလုပ်ပြတတ်တဲ့ မျက်နှာပိုင်ရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။)

ဗေဒင် ဘာကြောင့်မေးလည်း... မေးရတဲ့ ကြောင်းခြင်းရာ... အမျိုးမျိုး ရှိကြတာ စာဖတ်သူ သိမှာပါ.....

အပျော်ဘာရယ်မဟုတ်...အပူကင်းဝေးစေဖို့...လာဘ်လာဘ ရွှင်မြူးဖို့...ဆောင်ရန်...ရှောင်ရန်... ကံဇာတာ အနိမ့် အမြင့် အစရှိသဖြင့် သိရဖို့... လိုဘပြည့် သောကငြိမ်းဝေး စေဖို့လို့ဘဲ ကျွန်တော် မှတ်ယူ ပါတယ်.....

ဒီလိုနဲ့ ..စကားချီး နိဒါန်းပျိုးတာလည်း ရှည်သွားပြီ.....

ကျွန်တော်နဲ့ ဗေဒင်

တနင်္ဂနွေသား မောင်မောင်...ငယ်နာမည် သံမဏိ (နေ့နံ မကိုက်ညီ)

နာမည် ဘယ်သူပေးသလည်း... အဖေ ပေးတာပါ...အမေ ပေးတာပါ...ဘာလို့ဒီအမည်ပေးလည်း... မသိပါဘူးခင်ဗျား...

သိုက်ဖွား၊ ဗေဒင်ကိန်းအရ လက်ရှိ ရှိနေတဲ့ အခြေအနေမျိုး မဖြစ်နိုင်...(အရက်သောက်တတ်လား) ဟုတ်ကဲ့ သောက်တတ်ပါတယ်..... (လူကိုဖျက်အရက်လို့ ဆိုလိုချင်ပုံ။)

အော်ဒီလိုနဲ့...ဟောခဲ့.. ဆိုခဲ့...တွက်ခဲ့ချက်ခဲ့တဲ့... ကျွန်တော်နဲ့ ဗေဒင်ပေါ့.....

ဗေဒင်မေးရင် ကျွန်တော် ကိုယ်တိုင် ဆရာရှေ့ထိုင်ပြီး မေးဖြစ်တာနဲပါတယ်... ဇနီးချောဘဲ ဓါတ်ပုံလေးယူသွား၊ အဖေဒီလိုဟောတယ်၊ ဒီယတြာလေး လုပ်လိုက်ပါလား... ကျွန်တော်ကလည်း အေးအေး အမေကြီးဘဲ ကြည့်လုပ် လိုက်ပါဆိုပြီး တစ်ခန်းရပ်သွား ပြန်ရောပေါ့.....

ကျွန်တော်ကိုယ်တိုင် ဗေဒင်ဆရာရှေ့မှာထိုင်ပြီး မေးပြီ

မှန်ပါတယ်...ကျွန်တော် ဗေဒင်ဆရာရှေ့ရောက်ခဲ့ပါပြီ... ဘာကြောင့် ရောက်ခဲ့သလည်း... အပူကြောင့်လား... လာဘ်လာဘကြောင့်လား......

အကြိုးကြောင့် အကြောင်းဖြစ်တယ်... ကျွန်တော် ဆက်ရေးရင် စာသံပေသံပေါက်တော့မယ်...ဗဟုသုတ မကြွယ်တော့ စာသံ ပေသံပေါက်အောင်လည်း မရေးတော့ပါဘူးဗျာ၊

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နိုင်ငံခြားသွားချင်လို့ ဗေဒင် မေးတာပါ.....

ဆရာက ဟောပါပြီ...ခင်ဗျား နိုင်ငံခြားသွားရမယ် (၃)လ အတွင်း သွားရမယ်...(ကျွန်တော့မိန်းမ ဆရာ့ဟောစကား ကြောင့် ပျော်သွားပုံ ရပါတယ်။) (မိန်းမဆိုတာ လျှာတော့ ရှည်သား ဆရာ ကျမတို့ရော လိုက်ရမှာလား....) မဟုတ်ဘူး တစ်ယောက်ထဲသွားရမှာ...(ကဲဘာပြောအုံးမလည်း။ မိန်းမ မျက်နှာညှိုး သွားပြီ။)

မိန်းမမျက်နှာလေး ညှိုးသွားတာ မြင်တော့ ကျွန်တော်လည်း မနေနိုင်တော့...ဆရာနဲ့ ဆွေးနွေးကြတာပေါ့... ဆရာက ခင်ဗျားဘာဘဲ ပြောပြော ခင်ဗျားတစ်ယောက်ထဲ အရင် သွားရမယ် သုံး၊ လေး လ ကြာမယ်၊ အဲဒီက ပြန်လာ ပြီးရင် ခင်ဗျားတို့ မိသားစုအတူ အ နဲ့စတဲ့ နိုင်ငံကို သွားရမယ်၊ ဒါပေမဲ့ အနှောက်အယှက်၊ အခက်အခဲ ရှိတယ်၊ ယတြာချေရမယ်... နောက် နေ့နံကျတဲ့ တနင်္ဂနွေနေ့ အခုပြောလိုက်တဲ့ကိစ္စတွေ စီမံပြီးပြန်လာခဲ့... ကဲဆိုလေပြီ.....

ပြဿနာစပါပြီ၊ ယတြာဆိုတာ ဘယ်တော့မှ မလုပ်ခဲ့တဲ့ ကျွန်တော်၊ တတွတ်တွတ် ပြောတဲ့မိန်းမ၊ နားလည်း ငြီးလှပြီ၊ လုပ်မယ်၊ မလုပ်ဘူး၊ ငါမလိုက်ဘူး၊ နင်ဘဲသွား၊ နင်မပါရင် ဘယ်ဖြစ်မလည်း၊ ရှုပ်နေပြီ...(နောက်ဆုံး)

ယတြာချေရန် ဆရာရှေ့ ကျွန်တော် ရောက်ခဲ့ရပြီ

(မှန်ပါသည်။ ဆရာဟောတဲ့အတိုင်း ကျွန်တော် တစ်ယောက်ထဲ နိုင်ငံခြားကို (၃)လခန့်သွားခဲ့ရပါသည်။ ပြန်ရောက်ပြီး (၁)လ ကျော်တွင် နိုင်ငံခြားသို့ မိသားစုနှင့်အတူ သွားရောက်ခဲ့ရ ပါသည်။)(ကျေးဇူးတင်ပါတယ်ဆရာ။)

ဒီနေရာတွင် ပြန်လည်ဖော်ပြလိုသည်မှာ ဆရာဟောခဲ့တဲ့ အနှောက်အယှက်၊ အခက်အခဲ ရှိတယ်ဆိုတဲ့စကားပင် ဖြစ်ပါတယ်။

(မှန်ပါသည်။ အနှောက်အယှက်၊ အခက်အခဲ အမှန်ပင် ကြုံတွေ့ ခဲ့ရပါသည်။ ယတြာအစွမ်းကြောင့်ရယ်ဘဲ ကျော်လွှားနိုင်ခဲ့ ခြင်းပင်လား။)

ဆရာဟောခဲ့တဲ့ အဟောနဲ့ ဆရာရဲ့ယတြာ






နောက်လဆက်ဖတ်ရန်