ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 13, 2008

အထီးကျန်ခြင်းအကြောင်းများ

အထီးကျန်ခြင်းအကြောင်းများ

* လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင် အထီးကျန်ဖြစ်တယ်။

* ဟန်လုပ်တာ များတဲ့သူဟာ အဖေါ်နည်းတဲ့သူ ဖြစ်မှာပဲ။

* သူတပါးကို ပစ်ပယ်လေ့ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ဖြစ်မယ်။

* လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွှတ်နိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။

* သူများအကြောင်း မကောင်းပြောတတ်တဲ့သူဟာလည်း အဖေါ် မဲ့တယ်။

* အပြစ်တင်တတ်တဲ့သူမှာ မိတ်ဆွေရှားတယ်။

* မနာလိုစိတ်ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူ၊ သိမ်ငယ်စိတ် ရှိတဲ့သူလည်း အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* သူတစ်ပါးကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင်ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* မာနသိပ်ကြီးသွားရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* လူမသိအောင်ဖုံးရတာတွေများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တယ်။

* ဒေါသကြီးတဲ့သူလည်း အဖေါ်မဲ့နေတတ်တယ်။

* ဂုဏ်တုဂုဏ်ပြိုင်စိတ်ကြောင့်၊ မနာလိုစိတ်ကြောင့် အဖေါ်မဲ့ သွားတယ်။

* ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါက အထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့နေဦးမှာ ပါပဲ။

ဒါကြောင့်မို့

* အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင်ကိုယ်ကိုယ်တိုင် ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။

* ချစ်တတ် ကိုယ်ချင်းစာတတ်တဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနည်းတယ်။

* အထီးကျန်မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ၊ လူတွေကို တန်းတူ ရည်တူ ဆက်ဆံပါ၊ လူတွေကို စိတ်ဝင်စားပါ၊ လူတွေကို မေတ္တာ ပေးပါ၊ နားလည်မှုပေးပါ၊ သူ့အလိုအလျောက် ပေးလာတဲ့ ချစ်ခင်မှုကို တန်ဖိုးထားပါ။



တစိမ့်စိမ့်တွေးမယ် - ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) မှ ကိုပီကေ ကောက်နှုတ်တင်ပြသည်ကို ထပ်ဆင့်ဖော်ပြပါသည်။

0 Comments: