ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 28, 2008

ကျွန်တော်သုံးတဲ့ မြန်မာဖေါင့်

ကျွန်တော်သုံးတဲ့ မြန်မာဖေါင့်

ကျွန်တော်တို့ မြန်မာစာရိုက်ရင် Fonts အမျိုးမျိုး သုံးကြတယ်။ ကျွန်တော် ပထမဆုံး သုံးခဲ့တာ Win Innwa Fonts ပေါ့။ အဲဒီမှာလည်း True Type Font လား ATM လား ကျွန်တော် နားမလည်ပါ။ -Win---Innwa (or) Win Innwa လို့ဘဲ ထားလိုက်ပါစို့။ Unicode Font အမျိုးမျိုး ထွက်လာတဲ့အခါ ကျွန်တော် ပထမဆုံးသုံးခဲ့တာက Myanmar2 ပေါ့။ သူက Keyman နဲ့ တွဲသုံးရတယ်။ အခု Myanmar3 Font ဖြစ်နေပြီ။ အခုအချိန်အထိ အဲဒီလက်ကွက်ကို စမ်းကြည့်နေတုံးပါ။ ဘာဘဲ ဖြစ်ဖြစ် ဒီ Font ကိုသုံးမှ ဖြစ်မှာကို။

ကျွန်တော်အခုသုံးနေတာက Alpha Zawgyi ပါ။ http://www.alpha.com.mm/blogday/ မှာ download လုပ်လို့ရပါတယ်။ အဲဒီ Alpha Zawgyi ကိုသုံးရင် Gtalk မှာလဲ မြန်မာလို ရိုက်လို့ အဆင်ပြေပါတယ်။ Zawgyi-One နဲ့ရိုက်ရတာ အတူတူဘဲလို့ ထင်ပါတယ်။

Gtalk မှာ မြန်မာလို မသုံးချင်သူတွေအဖို့ ဒါမှမဟုတ် မြန်လစ် Nay Kaung Lar? လို့ မမေးချင် သူတွေအဖို့တော့ အင်္ဂလိပ်လိုဘဲ သုံးကြမှာပေါ့။ ထားလိုက်ပါတော့။

ကျွန်တော်အခုရေးချင်တဲ့ ရည်ရွယ်ချက်က…………..

Myanmar2 ကိုသုံးနေလို့ Alpha Zawgyi ကို download ချသုံးတဲ့အခါ IE မှာ မြန်မာလို ဖတ်လို့ အဆင်မပြေ၊ ဂျီမစ် မှာလဲအဆင်မပြေလို မသုံးဘူးလို့ မိတ်ဆွေတစ်ယောက်နဲ့ စကားစပ်မိ ပြောမိလို့ပါ။ စာလုံးတွေ ပေါက်ကရတွေ ဖြစ်နေတယ်လို့ သူပြောတယ်။ (ဥပမာ- ရောမ ဆိုရင် ရောမ ၊ ဂျကာတာဆိုရင် ဂကြာတာ အဲဒီလို မြင်နေရတယ်ပေါ့။)

အဲဒီလိုလောက်နဲ့ ဆိုရင်လေ Internet Option မှာ ကောင်းကောင်းမွန်မွန် ဖတ်လို့ရအောင် ပြင်လို့ရပါတယ်။

Tools >Internet Option > General > Accessibility ကို နှိပ်လိုက်ပါ။

Formatting မှာ အလယ်က အကွက် Ignore font styles specified on webpages ကို အမှန်ခြစ်ထားရင် အဲဒါလေးကို ဖြုတ်လိုက်ပါ။ အားလုံး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ အဲဒါလေးကိုတော့ Option ထဲဝင်ပြီး ပြင်ပေးရမှာပေါ့။

မိတ်ဆွေ RFA ကို ဖတ်မယ်ဆိုရင်လည်း အဲဒီအကွက်လေး အမှန်ခြစ်ထားတယ်ဆိုရင် အဆင် မပြေပါဘူး။ ဖြုတ်လိုက်ရင် အဆင်ပြေမှာပါ။ (သတင်းဌာနတွေရဲ့ "We Report, You Decide?" ဆိုတဲ့ ဆောင်ပုဒ် SLOGAN ကိုတော့ မိတ်ဆွေ မမေ့နဲ့နော်)

အခုနောက်ဆုံး မိတ်ဆွေကို မြန်မာ Blog လေးတစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ ကွန်ပြူတာ၊ ဆော့ဝဲလ်၊ အင်တာနက် အစရှိသဖြင့် ဗဟုသုတများ မျှဝေပေးနေလို့ပါ။ ကျွန်တော် ကြိုက်လို့ပါ။ မိတ်ဆွေလဲ သွားရောက် လည်ပတ်ကြည့်ရှုနိုင်ပါတယ်။ အဲဒီဘလော့က http://www.thanlonengal.co.cc/ ပါ။

မိတ်ဆွေ ဒီဘလော့ကို ဖတ်ခြင်းဖြင့် အကျိုး မယုတ်ဘူး ဆိုတာကို ကျွန်တော် ရဲရဲကြီး အာမခံ ရဲပါတယ်။


Monday, October 27, 2008

ဖိတ်ခေါ်ခြင်း

ဖိတ်ခေါ်ခြင်း

တစ်နေ့က မိတ်ဆွေတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ အီတလီကို ရောက်တော့ ရောက်ဖူးချင်တယ်တဲ့။ မှန်ပါတယ်။ အမှန်တကယ် ရောက်ဖူးသင့်တဲ့နေရာပါ။ လာဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့လူတွေအဖို့တော့ “ရောမရောက်ရင် ရောမလိုကျင့်” ဆိုတဲ့စကားနဲ့အညီပေါ့။ အဲလိုရေးလိုက်လို့ တလွဲမထင်လိုက်ပါနဲ့ တကယ်ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုပါ။

ရောက်ဖူးချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်အောက်ကပုံလေးတွေ ကြိုတင်ကြည့်ထားလို့ရအောင် တင်ပေးလိုက်ပါတယ်။
မိတ်ဆွေစိတ်ကူးနဲ့ အရင်လာကြည့်ပေါ့............