ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 14, 2008

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ

တစ်နေ့ ကျွန်တော့ကို ဆရာ လှိုင်မြင့်ဦး (ကလောင် အမည်) က သတင်းစာ ဖြတ်ပိုင်းလေး တစ်ခု လာပေးတယ်၊ သူက စာရေးဆရာပီပီ သူဖတ်မိတာလေးတွေ၊ မှတ်သားသင့် တာလေးတွေ အများသူငှာဖတ်ဖို့ သူကိုယ်တိုင် Copy ကူပြီး လိုက်လိုက် ဝေလေ့ရှိတယ်.....

နောက်ပြီး ဘယ်နေရာကဘဲဖြစ်ဖြစ် ရသမျှ စာအုပ်၊ စာစောင် အကုန် ယူလာတယ်၊ ပြီးရင် သင့်တော်တဲ့ နေရာ တွေကို ပို့ပါလေရော၊ ဒီအလုပ်ကို ကျွန်တော်က ဒိုင်ခံ လုပ်ပေးရတယ်၊ သူပို့လိုက်တဲ့ နေရာတွေက ကျေးဇူးတင် လက်ခံရရှိကြောင်း များစွာ အကျိုးရှိ အထောက်အကူ ဖြစ်ပါကြောင်း စတဲ့ ပြန်ကြားစာ acknowledgement လေးတွေ ရရင်လဲ သူပီတိ ဖြစ်သလို အများသူငှာကိုလဲ ပီတိ ဖြစ်စေချင် တဲ့သူ.....

သူမဂွဇင်းတိုက် အသီးသီးကို ပို့တဲ့စာမူတွေကို ကျွန်တော်ဘဲ စာစီပေးရတယ်၊ ကျွန်တော်ကလည်း သီးခြား အချိန်ပေး စာမဖတ်နိုင်တော့ စာစီရိုက်ရင်းနဲ့ ဖတ်ရတာကို ကျေနပ်မိတယ်.....

ကဲ သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဆက်ကြပါစို့ -

သူပေးတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ကျွန်တော် ဖတ်ကြည့် လိုက်တော့ ... နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ ဆိုတဲ့ ခေါင်းစဉ်လေးပါ... စာဖတ်သူ အပေါင်း ဗဟုသုတ ဖြစ်စေရန် ရည်သန်လျက် အောက်တွင် ဖော်ပြလိုက်ပါတယ်.....


နိုင်ငံဝန်ထမ်းရွေးချယ်ရာ၌ ပြည့်စုံရမည့် အင်္ဂါရပ်များ


ဗုဒ္ဓမြတ်စွာဟော ကျမ်းဂန်များနှင့် နီတိကျမ်းများပါ နိုင်ငံဝန်ထမ်းများ ရွေးချယ်ခန့်ထားရာတွင် အောက်ပါအင်္ဂါရပ်များနှင့် ပြည့်စုံမှသာ နိုင်ငံတော်အတွက် ၀န်ထမ်းကောင်းများ ရရှိပြီး တိုးတက်ကြီးပွားလာမည် ဖြစ်ပါသည် -

- အကြားအမြင် ဗဟုသုတရှိခြင်း၊

- ကိုယ် နှုတ် အမူအရာ ယဉ်ကျေး၍ တင့်တယ်သော ရုပ်ဆင်း အင်္ဂါနှင့် ပြည့်စုံခြင်း၊

- ကိုယ်ကျင့်တရား ကောင်းမွန်သူဖြစ်ခြင်း၊

- ရဲရင့်သူ (ရဲစွမ်းသတ္တိရှိသူ)ဖြစ်ခြင်း၊

- ဇွဲလုံ့လ ၀ီရိယ ရှိခြင်း၊

- အမှုကိစ္ခတာဝန်ကျေအောင် ထမ်းဆောင်သူဖြစ်ခြင်း၊

- ကာယဗလ ဉာဏဗလ ဖွံ့ဖြိုးခိုင်မာခြင်း၊

- ဥစ္ခာကို မမက်မောခြင်း၊

ဤ အထက်ဖော်ပြပါ ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံသူ တို့ကိုသာ ၀န်ထမ်းအဖြစ် ရွေးချယ်ရန်ဲမဃဒေ၀လင်္ကာသစ်ဲ အဖွင့်ကျမ်းတွင် မှတ်သားရလွယ်ကူရန် အောက်ပါအတိုင်း လင်္ကာဖြင့် ဖော်ပြထားပါသည် -

ဲ မြင်ကြားရှိခြင်း၊ အဆင်းအကျင့်

ရဲရင့်လုံ့လ၊ ကိစ္ခပြီးစီး

အားကြီးခိုင်မာ၊ ဥစ္ခာမမက်

ရှစ်ချက်အင်ကြုံ၊ ကုံလုံပြီးသူ

ထိုသည့်လူကို ကောက်ယူရွေးချယ်ပါကုန်လောဲ့

ဟု ညွှန်ပြခဲ့သည်။

ပညာအရည်အချင်း (ဉာဏဗလ) မရှိ၊ ရဲစွမ်းသတ္တိကင်း ညံ့ဖျင်းသူ၊ ဗဟုသုတနည်းပါ၍ ကိုယ်ကျင့်တရား ပျက်ပြားသူ တို့ကို အရည်အချင်းမရှိဘဲ နီးစပ်ရင်းနှီးမှုအရ ၀န်ထမ်းများ အဖြစ် ခန့်ထားမိပါက နိုင်ငံပျက်ပြားဖို့သာဖြစ်၏။ ကိုယ်နှုတ် အမူအရာ မယဉ်ကျေးသော ၀န်ထမ်းများကြောင့် အုပ်ချုပ်သူများနှင့် ပြည်သူတို့အကြား စိတ်ဝမ်းကွဲပြားမှု ပြဿနာများပင် ပေါ်လာ နိုင်၏။

ထိုကဲ့သို့သေဲာဲ လူမွှေ ယောက်ျား၊ မင်းစေမျာဲးဲ ကိဲုဲ ပြည်သူ့ မီးပွာဲးဲ ဟု ဆိုရ၏။ ဆန္ဒာဂတိလိုက်၍ဖြစ်စေ၊ တံစိုး လက်ဆောင်စား၍ ဖြစ်စေ ထိုပြည်သူ့မီးပွားတို့ကို နိုင်ငံဝန်ထမ်း များအဖြစ် အရွေးမမှားစေရန် အထူးသတိထားရပေမည်။

(သာသနာရေး)



ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Tuesday, May 13, 2008

အထီးကျန်ခြင်းအကြောင်းများ

အထီးကျန်ခြင်းအကြောင်းများ

* လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင် အထီးကျန်ဖြစ်တယ်။

* ဟန်လုပ်တာ များတဲ့သူဟာ အဖေါ်နည်းတဲ့သူ ဖြစ်မှာပဲ။

* သူတပါးကို ပစ်ပယ်လေ့ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ဖြစ်မယ်။

* လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွှတ်နိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။

* သူများအကြောင်း မကောင်းပြောတတ်တဲ့သူဟာလည်း အဖေါ် မဲ့တယ်။

* အပြစ်တင်တတ်တဲ့သူမှာ မိတ်ဆွေရှားတယ်။

* မနာလိုစိတ်ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူ၊ သိမ်ငယ်စိတ် ရှိတဲ့သူလည်း အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။

* သူတစ်ပါးကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင်ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* မာနသိပ်ကြီးသွားရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။

* လူမသိအောင်ဖုံးရတာတွေများရင်လည်း အဖေါ်မဲ့အထီးကျန် ဖြစ်တယ်။

* ဒေါသကြီးတဲ့သူလည်း အဖေါ်မဲ့နေတတ်တယ်။

* ဂုဏ်တုဂုဏ်ပြိုင်စိတ်ကြောင့်၊ မနာလိုစိတ်ကြောင့် အဖေါ်မဲ့ သွားတယ်။

* ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက် ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါက အထက်တန်းစား ပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့နေဦးမှာ ပါပဲ။

ဒါကြောင့်မို့

* အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင်ကိုယ်ကိုယ်တိုင် ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။

* ချစ်တတ် ကိုယ်ချင်းစာတတ်တဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနည်းတယ်။

* အထီးကျန်မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားပါ၊ လူတွေကို တန်းတူ ရည်တူ ဆက်ဆံပါ၊ လူတွေကို စိတ်ဝင်စားပါ၊ လူတွေကို မေတ္တာ ပေးပါ၊ နားလည်မှုပေးပါ၊ သူ့အလိုအလျောက် ပေးလာတဲ့ ချစ်ခင်မှုကို တန်ဖိုးထားပါ။



တစိမ့်စိမ့်တွေးမယ် - ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) မှ ကိုပီကေ ကောက်နှုတ်တင်ပြသည်ကို ထပ်ဆင့်ဖော်ပြပါသည်။

Monday, March 24, 2008

Currency

Currency Converter

Sunday, March 23, 2008

ဇော်ဂျီဖောင့်နဲ့ စာရိုက်မယ်

ကိုရန်အောင်ရဲ့ ဇော်ဂျီလက်ကွက်ဖြင့်စာရိုက်နည်းကို ScrollBox လုပ်နည်းလုပ်ကြည့်ရင်းနဲ့ မူရင်းအတိုင်း ဖော်ပြစမ်းသပ်ကြည့်ပါတယ်... ကျေးဇူးတင်ပါတယ် ကိုရန်အောင်



မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ဇော်ဂျီလက်ကွက်အကြောင်း နည်းနည်းပြောပြချင်ပါတယ်. လက်ရှိရေးနေတဲ့ ဘလော့ဂါတွေအတွက်တော့ ဒီပို့စ်လေးက နှမ်းဖြူးသလို ဘာမှမပြောပလောက်ပေမယ့် အခုမှ စရေးမယ့် ဘလော့ဂါအသစ်လေးတွေ၊ လူကြီးတွေအတွက်တော့ အသုံးဝင်မယ်လို့ ယူဆပါတယ်. ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆီကို တစ်ချို့ အီးမေးလ်ပို့ပါတယ်. ဇော်ဂျီမှာ ပါဠိပါဋ္ဌ်ဆင့်တွေ ဘယ်လိုရိုက်ရလဲ မသိလို့ ရှင်းပြပေးစေလိုပါတယ်တဲ့.

ဒါတင်မကသေးပါဘူး. တစ်ချို့သော ဘလော့ဂ်တွေကို လိုက်ကြည့်မိတော့ သူတို့တွေ ပါဠိပါဋ္ဌ်ဆင့်တွေကို မှန်ကန်အောင် မရိုက်ယူနိုင်တာတွေ တွေ့နေရပါတယ်. ဒါကြောင့် ကျွန်တော်ဒီပို့စ်ကို ရေးဖြစ်သွားခဲ့ပါတယ်လို့ စကားပလ္လင်ခံလိုပါတယ် ခင်ဗျာ.

ကဲ. စလိုက်ကြရအောင်နော်.

ဒါက ဇော်ဂျီလက်ကွက်ပါ. ဒေါင်းလုပ် ရယူနိုင်ပါတယ်.

ဇော်ဂျီလက်ကွက်မှာ အင်္ဂလိပ်နဲ့ မြန်မာကို တွဲရိုက်လို့သိပ်လွယ်ကူပါတယ်. Ctrl+Shift နှိပ်လိုက်တာနဲ့ အင်္ဂလိပ်စာနဲ့ မြန်မာစာကို အလွယ်တကူ Switch လုပ်ယူလို့ ရပါတယ်.

“~” ဆိုတဲ့ လက်ဝဲဖက်အပေါ်ဆုံးက Key လေးကို ဇော်ဂျီမှာ Tide Key လို့ခေါ်ပါတယ်. အရမ်းအသုံးဝင်တဲ့ Key လေးတစ်ခုပဲ ဖြစ်ပါတယ်. ဘယ်လိုအသုံးဝင်လဲဆိုတာ နောက်ဆက်ဖတ်ရင် သိလာပါလိမ့်မယ်ခင်ဗျာ.

ဇော်ဂျီကီးဘုတ်ရဲ့ ထူးခြားချက်ကတော့ Key တစ်ခုတည်းမှာ စာလုံး လေးလုံးမြှုပ်နှံထားတာပဲ ဖြစ်ပါတယ်. တစ်ခြားသော Unicode System တွေမှာဆိုရင်တော့ ပါဋ္ဌ်ဆင့်တွေ ရိုက်ယူဖို့ Alt+1234 စတဲ့ နံပါတ်တွေ ရိုက်ယူရတာမျိုး ရှိတတ်ပါတယ်. အဲဒါတွေကို အလွတ်သိအောင် မှတ်ယူရတာ (သို့) ကီးဘုတ် Layout ကို တစ်ချိန်လုံး ဆောင်ထားရတာမျိုးတွေကို ဇော်ဂျီ ယူနီကုဒ်စနစ်က ဖြေရှင်းပေးလိုက်ပါတယ်. Compact ဖြစ်တဲ့ Unicode System တစ်ခု ပဲ ဖြစ်ပါတယ်.

ဥပမာလေးတွေနဲ့ စပြီး စမ်းရိုက်ကြည့်လိုက်ကြရအောင်လား…

ရှင်မဟာ ရဋ္ဌသာရ ရေးသားတော်မူတဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ထဲက ကောက်နုတ်ချက်လေးတွေနဲ့ ဆွေးနွေးပေးသွားပါမယ်.

“ဧသုကာရီ၊ ကျော်ညီသတင်း၊ ထိုသည်မင်းနှင့်၊ ရောင်းရင်းတူကွ၊ ငယ်သော်ကလျှင်၊ ပိယသဟာ၊ မေတ္တာကျွန်းမ၀င်၊ တိုင်ပင်ကြသော်၊ ချစ်မွေ့လျော်သား…”

Shift ခံ၍ရိုက်နည်း.

အဲဒီ့စာပိုဒ်လေးကို ရိုက်မယ်ဆိုရင် ပထမဦးဆုံး “ဧ” ဆိုတာကို ရိုက်ဖို့အတွက် လိုက်ကြည့်တော့ [ ဆိုတဲ့ Key လေးရဲ့ အပေါ်မှာ တွေ့ရပါတယ်. ဒါကြောင့် shift+[ ကိုရိုက်ပါတယ်.

ကျန်တဲ့စာလုံးလေးတွေကို ဆက်တိုက်ကြိုးစားရိုက်ကြည့်ပါ. အခက်အခဲမရှိနိုင်ပါဘူး. ပုံမှန်အတိုင်းပဲ ရိုက်ယူသွားမှာ ဖြစ်ပါတယ်.

ပါဋ္ဌ်ဆင့် ရိုက်နည်း

ကဲ. မေတ္တာဆိုတဲ့ စကားလုံးလေးနားကို ရောက်လာပါပြီနော်. ပါဋ္ဌ်ဆင့်ကို စရိုက်ပါတော့မယ်.

A = ေ
R = မ
W = တ

“မေတ” ဆိုတာထိ ရပြီနော်.

တ၀မ်းပူ နောက်တစ်လုံးရိုက်ဖို့အတွက် ကီးဘုတ်ကို ကြည့်လိုက်တော့ “w” ဆိုတဲ့ ကီးလေးရဲ့ ညာဖက်အောက်နားမှာ တ၀မ်းပူ နောက်တစ်လုံးတွေ့ရပါတယ်.

ဇော်ဂျီကီးဘုတ်မှာ ရှင်းပြထားတာက လက်ယာဘက်အောက်က စကားလုံးကို ရိုက်မယ်ဆိုရင် Tide+Key (သို့) Ctrl+Alt+Key လို့ ပြောထားပါတယ်.

ကဲ. ဆက်ရိုက်မယ်နော်.

မေတ ဆိုတာပြီးသွားရင် နောက်ထပ် တ၀မ်းပူကို ဒီလိုရိုက်မယ်.

~ + w = တ္တ
M =ာ

မေတ္တာ ဆိုတဲ့ စကားလုံးလေး ပေါ်လာပါပြီ ခင်ဗျား

ဒါဆိုရင် ကျန်တဲ့ ပါဋ္ဌ်ဆင့်စကားလုံးလေးတွေကို စမ်းရိုက်လို့ရနိုင်ပါပြီ.

ခု ကျွန်တော်ရှင်းပြခဲ့တာတွေက key တစ်ခုစီမှာ ရှိတဲ့ ပုံမှန် အက္ခရာကို ရိုက်နည်း၊ Shift ခံပြီး အပေါ်က အက္ခရာကိုရိုက်နည်း၊ ညာဖက်အောက်နားမှာ ရှိတဲ့ အက္ခရာကို ~ key ခံပြီး ရိုက်ယူနည်းတို့ပဲ ဖြစ်ပါတယ်.

ညာဖက်အပေါ်က အက္ခရာကို ဘယ်လိုရိုက်မလဲ ဆိုတာကို ဆက်လက်ဆွေးနွေးပေးပါမယ်.

“ဃရာဝါသ၊ သမ္ဗာဓဖြင့်၊ ဒုက္ခဖွဲ့နှောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ညွှတ်ကွင်း၊ သံချိုင့်တွင်းမှ၊ ရှင်းရှင်းလွတ်စင်၊ တောချောင်ဝင်၍…”

ကဲ. ဒီစာပိုဒ်လေးကို ရိုက်ကြည့်ရအောင်.

Shift+C = ဃ

ကျန်တာတွေ ဆက်ရိုက်လို့ရပါတယ်.

Key ၏ ညာဖက်အပေါ်မှ အက္ခရာကို ရိုက်ယူနည်း

“သမ္ဗာဓ” ဆိုတာကိုရိုက်မယ်နော်.

0 = သ
R = မ

ဒီထိရတာက “သမ” ပဲ ရှိသေးတယ်.

“ဗ” ကို “မ” အောက်မှာ ပေါ်ဖို့ ရိုက်မယ်.

ကီးဘုတ်မှာ ပြန်ကြည့်လိုက်တော့ အောက်ဆင့် “ဗ” က “A” Key ရဲ့ ညာဖက်အပေါ်မှာ ရှိနေပါတယ်.

အဲဒါကို ဘယ်လိုရိုက်ယူရမလဲဆိုတော့ ဇော်ဂျီလက်ကွက်မှာ ပြောထားတာက Ctrl+Shift+Key (သို့) Shift+Tide+Key လို့ ပြောထားပါတယ်.

ဒါကြောင့်မို့…

“သမ” လို့ ရိုက်ပြီးရင်

Ctrl+Shift+Alt+A = ၺ

ဆိုပြီး ရိုက်ယူလိုက်ပါမယ် ခင်ဗျား

အခုထိ ကျွန်တော်ဆွေးနွေးပေးခဲ့တာကတော့ ဇော်ဂျီကီးတစ်ခုစီမှာ ရှိနေတဲ့ အက္ခရာ လေးခုကို ရိုက်ယူနည်းတွေပါပဲ.

ပြန်ပြီး အနှစ်ချုပ်ပြောပါမယ်.

ပုံမှန်အက္ခရာအတိုင်း ရိုက်ချင်ရင် သူနဲ့သက်ဆိုင်ရာ ကီးကို ရိုက်ယူပါ.
လက်ဝဲဖက်အပေါ်က အက္ခရာကို ရိုက်ချင်ရင် Shift+ Key ကို ရိုက်ယူပါ
လက်ယာဖက်အောက်က အက္ခရာကို ရိုက်ချင်ရင် ~+Key (သို့) Ctrl+Alt+Key ကို ရိုက်ယူပါ.
လက်ယာဖက်အပေါ်က အက္ခရာကို ရိုက်ချင်ရင်တော့ Shift+~+Key (သို့) Ctrl+Alt+Shift+Key ကို ရိုက်ယူပါ.

ဒီထိရမယ်ထင်ပါတယ်.

ကဲ. တစ်ချို့ ခက်ခဲမယ်ဆိုတာလေးတွေကို အစမ်းရိုက်ကြည့်ကြရအောင်.

“မဇ္ဈိမ” ဆိုတာကို ရိုက်ကြည့်ပါ.

ဒီလိုရိုက်ပါမယ်.

R = မ
Shift + Z = ဇ
Ctrl+Alt+Shift+N =္ဈ
D =ိ
R = မ

ရပါပြီနော်.



ဒီစာပိုဒ်လေးကို ရိုက်ပြီး ကိုယ့်ရဲ့တတ်ကျွမ်းမှုကို စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား...

“မသိတတ်ဘိ - မောဟသိလော့၊ အဟိရိက - မရှက်စွတည့်၊ နောတ္တပ္ပမူ - မလန့်ဟူ၏၊ မှတ်ယူပျံ့လျက် - မငြိမ်သက်ထ - ဥဒ္ဓစ္စနှင့်၊ လောဘသဘော - လိုချင်ဟော၍၊ မှားသောအမြင် - ဒိဋ္ဌိတွင်သား၊ မာနကားမူ - ထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့် - ခက်ခက်ထန်ထန်၊ ဣသာလျှံမူ - လွန်ငြူစူ၏။ ပြောထူမစ္ဆေ - ၀န်တိုလေသတဲ့၊ တစ်ထွေမှတ်ကြ - ကုက္ကုစကား၊ နောင်တတစ်ဖန် - ပူပန်ထန်ပြင်း၊ ထိုင်းခြင်းထိန၊ မှိုင်းမိဒ္ဓနှင့်၊ ဗုဒ္ဓစသည့်၊ ယုံမှားဘိမူ - ၀ိစိကိစ္ဆာ၊ ဆယ့်လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။”

(နှာ - ၁၃၊ “ကိုယ်ကျင့်အဘိဓမ္မာ”၊ ရှင်ဇနကာဘိဝံသ)

“ဣသာ” ကို ဒီလိုရိုက်ပါ.

Ctrl+Shift+4 = ဣ
O+M = သာ

“ကုက္ကုစ” ကို ဒီလိုရိုက်ပါ.

U+K = ကု
U = က
Shift+U =္က
Shift + K =ု
P = စ

အဲလောက်ပဲ ခက်မယ်ထင်ပါတယ်. ကျန်တာတွေတော့ ကြိုးစားရိုက်ကြည့်ကြပါ. မရှင်းတာရှိရင် ကော်မန့်မှာ မေးမြန်းနိုင်ပါတယ်.

ချစ်ခင်လေးစားလျက်

ရန်အောင်