ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 26, 2009

Champions League

”မနက်ဖြန် ရုံးစောစောဆင်းရင်ကောင်းမယ် ”

ကျွန်တော် အလုပ်လုပ်ရင်းနဲ့ ဒီစကားကြားတော့ စိတ်ဝင်းစားသွားတယ်၊

အလုပ်လုပ်ချင်ယောင်ဆောင် ပေကပ်ပြီး ဆက်နားထောင်နေတာ၊

”ဘာဖြစ်လို့လဲ”

ဘောစိက မသိချင်ယောင်ဆောင် ပြန်မေးတယ်၊

” ဘောလုံးပွဲ ရှိတယ်လေ၊ နေ့လယ်ထဲက လူအုပ်ကို ရှောင်ဖို့မလွယ်ဘူး ”

အမှန်တော့ ဘောစိရော၊ အီတလီတွေအားလုံး ဘောလုံးပွဲကြည့်ချင်နေတာ၊


ကျွန်တော်လဲ ဘောလုံးပွဲကြည့်ချင်ပေမဲ့ အနားတောင် မကပ်နိုင်ပါဘူး၊ အညံ့ဆုံး အတန်းတောင်း ယူရိုတစ်ထောင်ကျော်နေပြီ။ တီဗီကဘဲ ကြည့်တော့မယ်။

တစ်ချို့ကလဲ ဘောလုံးကွင်းအပြင်က တီဗီအကြီးကြီးမှာ သွားကြည့်ကြမယ်၊

တစ်ချို့ကလည်း ချိန်းပွဲလေ၊ ခြံကျယ်၊ အိမ်ကျယ်ကြီးမှာ ရေ၊ မီးအဆုံနဲ့၊

ကျွန်တော်မောင်မောင် တစ်ယောက်လဲ သူဌေးရပ်ကွက်ထဲမှာရှိတဲ့ ခြံကျယ်၊ အိမ်ကျယ်ကြီးမှာ အစီအစဉ်ဆွဲထားတယ်၊ တစ်ချို့ အပေါင်းအသင်းတွေနဲ့တောင် ချိန်းထားပြီးပြီ။

Champions League ဘောလုံးပြိုင်ပွဲရဲ့ Manchester United Vs Barcelona Final ပွဲစဉ်ကို မနက်ဖြန် ရောမမြို့ အီတလီအိုလံပစ်ကွင်း Stadio Olimpico မှာ ကျင်းပမှာပါ၊

မန်ချက်စတာယူနိုက်တက် က အင်္ဂလန်ပရိတ်သတ်၊ ဘာစီလိုနား က စပိန် ပရိတ်သတ်၊ ဒီပရိတ်သတ်တွေ ရောမမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲ ကရောက်နေကြပြီ။ အီတလီ ကတော့ အေစီမီလန်နဲ့ ရောမ အသင်းတို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ရင်မှာ ဟာတာတာနဲ့ ဒီဗိုလ်လုပွဲကို ကြည့်ကြမှာပေါ့။
မန်ယူနိုင်ရင် ပွဲကြမ်းမယ် လိုလို ဘာလိုလို။ ရွှေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာဘဲလေ။
မနက်ဖြန် ဘောလုံးပွဲမှာ ဆုချီးမြှင့်မဲ့ ဖလားကို ဒီနေ့ ရောမမြို့ အထင်ကရ နေရာ ကိုလိုဆဲလို မှာ ပြထား ပါတယ်။ ဘောလုံး ပရိတ်သတ်တွေ လာကြည့်ကြ၊ ဘောလုံးသမားတွေ အချိန်ပိုင်းနဲ့ လက်မှတ် ထိုးပေးတယ်လို့ ဆိုပါတယ်။
မိတ်ဆွေတွေအတွက် ဒီဖလားကြီးကို ကျွန်တော် လက်ဆင့်ကမ်းလိုက်ပါတယ်၊ ယူထားလိုက်ပါနော်........
ကျွန်တော့ရဲ့ မိတ်ဆွေများ အောက်ကဘောလုံးကွင်းရဲ့ ဘယ်ထိုင်ခုံမှာ ထိုင်နေကြပါသလဲ။ ကျွန်တော်တော့ ရောမ ဒီကွင်းကြီးနားမှာ ဖြတ်သန်းဖြတ်လာ လုပ်နေရပေမဲ့ ကွင်းထဲတော့ မရောက်ဘူးသေးပါဘူးခင်ဗျာ။


3 Comments:

ကဗျာဦး said...

ပုံတွေကြည့်ပြီး ပျော်လိုက်တာ

မိုးသောက်မာန် said...

ကိုမောင်မောင်ရေ

ရောက်တုန်းတော့ ရောက်အောင်သွားခဲ့နော် ဗိုက်ထဲမှာချည်းပဲ စုမနေနဲ့အုံး ဟီး.....
ပျော်ရွှင်ပါစေဗျာ.............

ဆန်းဝင်း said...

ရောက်ပါတယ်ခင်ဗျာ.. ချန်ပီယံလိပွဲကို ကြည့်ဖြစ်ပါတယ်. ကော်ဖီရှော့မှာပေါ့.. ကျနော်က မန်ယူ ပရိတ်သတ်ပါ.. အဲဒီနေ့က ဘာကာ ကစားတာ ကောင်းပါတယ် ။