ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 10, 2009

Paestum သို့ ရောက်ခဲ့စဉ်

Ancient Greek City with three Doric Temples

ကျွန်တော်တို့ အီတလီနိုင်ငံ၊ Campania ဒေသ Salerno နားမှာ ရှိတဲ့ ရှေးဟောင်း ဂရိမြို့လေးတစ်မြို့ ရိုမန် အခေါ် Paestum ဂရိ အခေါ် Poseidonia (600 B. C) ကို
၈-၅-၂၀၀၉ ရက်နေ့က သွားခဲ့တယ်။

ဒီ Paestum မြို့လေးက Greek Temple တွေကို နဂိုမူလအတိုင်း ထိန်းသိမ်းထားလို့ ထင်ရှားတဲ့ မြို့လေးပေါ့။ Poseidon temple (450 B.C.) ၊ Temple of Athena (500 B.C.) Temple of Hera (550 B.C.) စတဲ့ Doric temples (၃)ခု ရှိတယ်။

ဒီ Poseidonia (Paestum) မြို့လေးက 600 B. C ခန့်က တည်ထောင်ခဲ့ပြီး၊ ဂရိလူမျိုးတွေ အီတလီနိုင်ငံမှာ လာရောက်အခြေချ စည်ပင်ဖွံ့ဖြိုးလာတဲ့ Sybaris ရဲ့ ကိုလိုနီ ဖြစ်ခဲ့တယ်လို့ မှတ်ယူကြတယ်။ (သမိုင်းကြောင်းကိုတော့ မိတ်ဆွေများ ကိုယ်တိုင် လေ့လာစေချင်ပါတယ်။)

ကျွန်တော်တို့ ပထမဦးဆုံး Paestum ရောက်တော့ (၅)ရာစုက တည်ဆောက်ခဲ့တဲ့ Palaeochristian Church - Basilica ဘုရားကျောင်းကို အရင်ဆုံးလေ့လာခဲ့တယ်၊ ဒီဘုရား ကျောင်းရဲ့ အကြီးဆုံး ဘုန်းတော်ကြီး က ဘုရားကျောင်းသမိုင်းကို အီတလီလို ရှင်းပြတယ်၊ ဒုတိယအကြီးဆုံးကိုယ်တော် Father က မြန်မာပါ၊ သူက ကျွန်တော် တို့ကို မြန်မာလို ရှင်းပြတယ်၊ ပြီးတော့ ကျွန်တော်တို့ archaeological sites ထဲကို သွားလေ့လာကြတယ်။ ပြီးတော့ Museum ထဲပေါ့။ အစစအရာရာ စီစဉ်ပေးတဲ့ Father ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နေ့လည်စာ Father ကျွေးတဲ့ အီတလီအစားအစာ စားတော့ Father ဧည့်ခံတဲ့ အိမ်လုပ်ဝိုင် အရသာလေးကို စွဲလန်းနေမိတယ်၊ ဘယ်တော့များ ထပ်သောက်ဖို့ အခွင့်အရေး ရအုံးမလဲ မသိဘူးနော်။

မိတ်ဆွေများ ဓါတ်ပုံလေးတွေ အားပေးပါအုံး၊ နောက်တစ်ခေါက်မှ Museum ထဲမှာ ရိုက်ခဲ့တဲ့ ပုံတွေ ဆက်တင်ပေးပါ့မယ်၊

လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။



Palaeochristian Church - Basilica - 5th century

Temple of Athena - also called Ceres temple 500 B.C.





Poseidon temple 450 B.C.







Temple of Hera. Also called Basilica 550 B.C.


0 Comments: