ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 25, 2008

ထိုင်းနိုင်ငံရောက်စဉ်က အကြောင်းလေးများ

ကျွန်တော်ထိုင်းနိုင်ငံရောက်စဉ်က အကြောင်းလေးတွေ ပြန် မျက်စိထဲ မြင်နေတယ်...

ဘာကြောင့်လည်းဆိုတော့ ကျွန်တော့ သူငယ်ချင်း က ဗန်ကောက်မှာ ရှိနေတာကို...

တလွှဲမထင်လိုက်ပါနဲ့ သူနဲ့ကျွန်တော်က နှစ်ပေါင်း (၂၀)ကျော် ပေါင်းသင်းလာတာ...

ကျွန်တော် ထိုင်းနိုင်ငံရောက်တော့ ကျွန်တော့သူငယ်ချင်းကို ဖုန်းဝယ်မယ် နဲနဲပါးပါး လိုအပ်တာရှိတာ ၀ယ်မယ်လို့ ပြောလိုက်တယ်...

ကျွန်တော့ ဖုန်းရောဂါက မသေးပါ ကိုင်မှ မကိုင်နိုင်တာကို ကိုင်နိုင်တဲ့နေရာမှာ အကိုင်ချင်ဆုံးက အဲဒီ အုန်းသီး အဲ မဟုတ်ပေါင် အဲဒီ ဟမ်းဖုန်း...

အဲလိုနဲ့ ဟိုတယ်သွား အထုပ်အပိုးတွေ ချပြီး သူငယ်ချင်း ငါတို့ ဟိုဟာကြီးစီးမယ် ဆိုပြီး ကားပေါ်က မြင်ရတဲ့ အပေါ်က ပြေးနေတဲ့ဟာကြီးကို လက်ညိုးထိုးလိုက်မိတယ်...

အေးစီးရမယ် နေအုံး အပေါ်က ဟာလည်း စီးရမယ် အောက်က ဟာလဲ စီးရမယ် ကမ္ဘာကျော်တဲ့ နေရာလည်း လိုက်ပို့အုံးမယ် ဆိုဘဲ (မင်းကလည်း အောက်ကဟာတော့ မစီး ချင်ပါဘူးလို့ ထိုစဉ်က ပြောခဲ့မိတယ်။)...

ထိုင်းနိုင်ငံ ရောက်ရောက်ချင်းတော့ အားလုံးဟာ အမြင် ဆန်း နေတာပေါ့... ဆန်းလည်း ဆန်းလောက်ပါတယ်...

သူငယ်ချင်းအိမ်မှာ ထမင်းစားပြီးတော့ MBK လို့ ခေါ်တဲ့နေရာကို အဲဒီအပေါ်က ဟာကြီး Sky Train နဲ့ ခေါ်သွားတယ်...

အော် ရောက်ခဲ့ပြီပေါ့ ထိုင်းနိုင်ငံ.......

ကျွန်တော် ထိုင်းနိုင်ငံမှာ မြဘုရား (Emerald Buddha) ကို သွားရောက် ဖူးမျှော်ခဲ့တယ်... မိတ်ဆွေလည်း ရောက်ဖူးမယ် ထင်ပါတယ်...

Grand Palace ထဲ လည်ပတ်ခဲ့တယ်။

အဲ Wat Arun ဘုရားကိုလည်း ရောက်ခဲ့တယ်ပေါ့။
အဲနောက်နေ့တွေ ကြတော့လေ.....

Bang Pa-in Palace

Ayutthaya

Muang Boran Ancient City

Pathom Chedi

Thai Human Imagery Museum

Nong Nooch Tropical Garden

Pattaya Beach

Laser Buddha Image အဲဒီနေရာတွေ ရောက်ခဲ့တယ်...

နေရာတိုင်းမှာ အမှတ်တရလေးတွေ ရှိနေပေမဲ့ နောက်မှဘဲ ဆက်ရေးပေးပါ့မယ်.....

ကျွန်တော် မပြန်ခင် တစ်ရက်အလို ........

Siam Niramit မှာ Buffet Dinner စားကြတယ်၊ ပြီးတော့Journey to the Enchanted Kingdom of Siam လို့ အမည်ရှိတဲ့ Spectacular performance of Thailand ကို ပျော်ပျော်ပါးပါး ကြည့်ခဲ့ဖြစ်သေးတယ်။ ကျွန်တော့ဘ၀မှာ ကြည့်ဘူးတဲ့ အကောင်းဆုံး STAGE စင်ကြီးပါဘဲ။ ပြန်ရတော့မယ် ဆိုတဲ့ အသိကြောင့် သူငယ်ချင်းတွေ အားလုံးရင်ထဲမှာ မကောင်းကြ...ဒါပေမဲ့ ပျော်တော့ ပျော်ကြတယ်...

(ညစာမစားခင် ရိုးရာ အိမ်လေးတွေမှာ မောင်းထောင်းခဲ့တယ်၊ သရုပ်ပြလုပ်ကျွေးတဲ့ မုန့် လေးတွေ စားပြီး၊ လှေလေးတောင် စီးခဲ့ဖြစ်သေးတယ်။)

မြန်မာ တွေအတွက် အဆန်း မဟုတ်ပေမဲ့ သူတို့ရဲ့ လုပ်နည်း လုပ်ဟန်ကိုတော့ အားကျ အတုယူစရာပါ..

မေ့နေလို ..

Pattaya Beach မှာလေ Banana Boat စီးတာ ကံကောင်းလို့ မသေကောင်း မပျောက်ကောင်း၊

အဲ နောက်ပြီး Pattaya မှာလေ gay show ကို သွားကြည့်ဖြစ်သေးတယ်...

အဲဒီ အခြောက် အဲမဟုတ်ပေါင် အဲဒီ အလှဖန်တီးရှင်များ မရှိတဲ့နိုင်ငံ၊ အဲဒီ အလှဖန်တီးရှင်တွေ ကို နေရာ မပေးတဲ့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ နိုင်ငံဆိုဘဲ...(သူတို့အဆို)

ရဟတ်ကြီးနဲ့ နိုက်ဘစားကိုလည်း ရောက်ခဲ့တယ်...
အဲဒီမှာ Puppet Show ကို ကြည့်ဖြစ်ခဲ့တယ်။ အ၀င်မှာ ကိုယ့်ကို ဓါတ်ပုံရိုက်တော့ ရုပ်သေးနားတောင်ကပ်ပြီး အရိုက်ခံခဲ့ သေးတယ်...

ကြည့်ပြီးပြန်အထွက် ကိုယ့်ဓါတ်ပုံလေးကို ခွက်လေးမှာ ကပ်ပြီး ဈေးနှုန်းလေး ချိတ်ထားတယ်..

အို ငါ့ဓါတ်ပုံ ငါမှ မယူရင် သူတို့ လုပ်ချင်တာ လုပ်ပစ်ရော့မယ် ဆိုပြီး ၀ယ်လာတာ...အခုတော့
အမှတ်တရပေါ့..

ကျွန်တော် ရောက်ခဲ့တဲ့နေရာ တစ်ခု ဖေါ်ပြဖို့ ကျန်သွားတယ် အဲဒါ က ကမ္ဘာကျော်တဲ့ နေရာ.........

မိတ်ဆွေ သိမှာပါ........

ကျွန်တော် တည်းခိုခဲ့တဲ့ နေရာက နားနာ Nana အနီးမှာ...သတိရသွားတယ်.. Nana ဆိုတဲ့ ထိုင်းဗီဒီယိုကားလည်း ကြည့်ဖြစ်ခဲ့တယ်။ ထိုင်းအချစ်သရဲကားလေး၊ သေသည်အထိ ချစ်ကြတယ်...

အဲနောက်ပြီး အပေါ်ကဟာ စီးပြီးတော့ အောက်ကဟာလည်း စီးဖြစ်ခဲ့တယ်... သိတ်တော့မကွာပါဘူး မှန်ကာထားတာဘဲ ကွာပါတယ်...


ရှေ့လဆက်ဖတ်ရန်..

0 Comments: