ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 22, 2008

ကွန်ပြူတာနဲ့ကျွန်တော်

ကွန်ပြူတာနဲ့ ကျွန်တော် နီးစပ်တာ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ သူများတွေ ကွန်ပြူတာနဲ့ အလုပ်လုပ်ဖို့ ကျွန်တော်က မ ပေး၊ သယ်ပေး ခဲ့ရတာ၊ ဥပမာ... ဆီဒိုးနားဟိုတယ်၊ ထရိတ်ဒါး ဟိုတယ်၊ အင်းယားလိပ်ဟိုတယ်တို့ ဘာတို့မှာ ရုံးခန်းသွားဖွင့် ရရင်လေ ကျွန်တော်က ကွန်ပြူတာတွေ၊ ပရင်တာတွေ မပီး စင်ပေးရတင်္ယ (ကိုယ်လုပ်ပေးနိုင်တာ၊ ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်ရမှာကို အောင်မြင်အောင် စုပေါင်းဆောင်ရွက်ခဲ့ကြတာ ပေါ့။) ကွန်ပြူတာ စင်ပေးရတယ်ဆိုလို့ တမျိုးတော့ မထင် လိုက်ပါနဲ့။ မီးခလုပ်တွေ ဘာတွေ တပ်ပေးရတာ၊ စားပွဲတွေ ဘာတွေ နေရာ ချပေးရတာပါ။ ကွန်ပြူတာနဲ့ မြန်မာလို စာရိုက်ရင်း အင်္ဂလိပ်လို Font ချက်ချင်း ပြောင်းရိုက်သွားတာ ကိုဘဲ အဆန်းဖြစ်နေခဲ့ရတာ....ဘာမှန်း မသိခဲ့ဘူးပေါ့။ ကြွက်တောင်မှ ဘယ်လို ရွှေ့ရမှန်း မသိခဲ့...


အဲဒီလို ရင်းနှီးခဲ့တဲ့ ကွန်ပြူတာ ....ထမင်းစား ရေသောက်လောက်တော့ ကွန်ပြူတာ နဲ့ပတ်သက်တာ သိချင်၊ တတ်ချင်ခဲ့တယ်လေ.....


ဒီလိုနဲ့ ကံကောင်း ထောက်မစွာ ကျွန်တော်ကို ကွန်ပြူတာနဲ့ ပတ်သက်တဲ့ အခြေခံနဲ့ Microsoft Word ကို ဂျကာတာမှာ သင်ပေးတဲ့ အကို တစ်ယောက် ပေါ်လာခဲ့တယ်၊ ဒီနေရာမှာ သူအမည်ကို ဂုဏ်ယူဝင့်ကြွားစွာ ဖေါ်ပြလိုပါတယ် ချင်းအမျိုးသား တစ်ဦး၊ ရိုးသားပွင့်လင်း အပိုစကား မပြောတဲ့ ကိုခွာလ် လို့ခေါ်တဲ့လူကြီးပေါ့၊ ယနေ့အထိ ကျေးဇူးတင်လျှက်ပါ ကိုခွာလ်... ဇနီးချော မဟောင်နု၊ ကလေးများစွာနဲ့ ပျှော်ရွှင် ချမ်းမြေ့ပါစေ။


အဲ... နောက်တစ်ယောက်က ကျွန်တော့ရဲ့ Yahoo Account ကို ဖွင့်ပေးခဲ့တဲ့ အင်ဒိုနီးရှားလူမျိုး Mr. Iwan ကိုလည်း ကျေးဇူး တင်လျှက်ပါ။ သူစီက Internet နဲ့ ပါတ်သက်တဲ့ အခြေခံတွေ လေ့လာခွင့်ရခဲ့တယ်။ သို့သော်လည်း ကိုယ်က အင်္ဂလိပ်စာ ကလည်း အားနည်းတော့ ကိုယ့်အခြေအနေကို ကိုယ်နားလည်း ခဲ့ရတာပေါ့။


နောက်ပြီး ကြားဆရာ၊ မြင်ဆရာတွေကိုလည်း ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ မြင်ဆရာ ဆိုတဲ့နေရာမှာ မတတ်လို့ သင်ချင်လို့ ပြပေးပါလို့ မေတ္တာရပ်ခံ ကြည့်နေပေမဲ့ Short cut Key တွေနဲ့ ပညာပြသွားတဲ့ သူတွေကိုလည်း ကျေးဇူးတင်တဲ့အထဲမှာ ပါ ပါတယ်လို့ ပြောလိုပါတယ်ခင်ဗျား၊


ဆက်ရန်၊ အခန်းဆက် ၀တ္ထုရှည်တော့ မဟုတ်ပါ........

1 Comment:

Anonymous said...

I think I tried to show the short cuts even though sometimes I may not have shown. Anyway, you are the computer geek now. Cheers!