ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 22, 2008

ကင်မရာနဲ့ကျွန်တော်

ကျွန်တော်လေ ဒီပို့စ်မှာ ဓါတ်ပုံလေးတွေ တင်ချင်လို့ အလိုချင်ဆုံးက ကင်မရာ တစ်လုံးပေါ့...

ကင်မရာ အသေးလေးဆို စိတ်မ၀င်စားတော့ ခက်တယ်...

လူပိန်းလို ပြောရရင်တော့ ကင်မရာအကြီးကြီးနဲ့ ရိုက်ချင်တာ ....

အဲဒီအကြီးကြတော့လည်း မ၀ယ်နိုင်...

အရင်က ဖလင်ကင်မရာလေးတစ်လုံးရှိတယ် ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ဒါကလည်း အလုပ်မဖြစ်တော့ဘူး မဟုတ်လား...

ဗန်ကောက်ကို မထင်မှတ်ဘဲ ရောက်ခဲ့တယ်၊ ဖလင်ကင်မရာ ဘဲရှိတော့ ယူမသွားဖြစ်ဘူး....

ကင်မရာ မပါဘဲနဲ့ ခရီးသွားရတာ တခုခုလိုနေသလိုဘဲ တော်သေးတာပေါ့...

သူငယ်ချင်း နှစ်ယောက်က ဗန်ကောက်မှာ ကင်မရာ တစ်ယောက် တစ်လုံးစီ
ဝယ်လိုက်လို့...

ဒီဘလော့မှာ ထိုင်းနိုင်ငံရောက် အမှတ်တရပုံရိပ်များ ဆိုပြီး တင်နိုင်ခဲ့တာ.. (ကျေးဇူးတင်ကြောင်း ဖော်ပြထားပါသည်။)

ဒါနဲ့ ကျွန်တော်လည်း ဒစ်ဂျစ်တယ် ကင်မရာလေးတစ်လုံးဝယ်မယ်လို့ စိတ်ကူးခဲ့တာ ကြာပြီ၊ အကြောင်းအမျိုးမျိုးကြောင့်မ၀ယ် ဖြစ်ခဲ့ဘူးလေ။

တိုက်တိုက် ဆိုင်ဆိုင် ဆိုရမလားဘဲ နိုင်ငံခြားခရီး တစ်ခု ထွက်ဖို့ ရှိတာနဲ့ မဖြစ်မနေ ၀ယ်မယ်ဆိုပြီးဝယ်လိုက်တာ ကျွန်တော် လိုချင်တဲ့ အကြီးကြီးတော့ မဟုတ်ဘူးပေါ့...

ဒါပေမဲ့ ကျွန်တော့ မိုက်တီးရဲ့ ရိုက်ချက်လေးတွေကို ဒီဘလော့မှာ တင်နိုင်ခဲ့တယ်.. ကျွန်တော်ဝယ်လိုက်တဲ့ ကင်မရာက အောက်မှာပါ ကြွားတာ မဟုတ်ဘူးနော် စာဖတ်သူ သနားသွားမယ်....

သူ့ခဗျာ မရှိမဲ့ရှိမဲ့နဲ့ ၀ယ်ထားတာဆိုပြီး၊

ကင်မရာနဲ့ ပတ်သက်တာတွေ ဆက်လက် ဖတ်ရှုပေးပါလာ




အခုတော့မဟုတ်ဘူး.... နောက်မှ ရေးပြီးမှ တင်လိုက်မယ်

0 Comments: