ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Monday, March 24, 2008

ခြင်္သေ့ မလာ

မင်းယုဝေ စီစဉ်သည့် မင်္ဂလာမောင်မယ်ရုပ်စုံထဲက အငယ်လေးရဲ့ သူတို့ဆီက ဟာသ တစ်ခုကို ဖတ်ပြီးချိန်မှာ ကိုယ့်အတွေး က ပေါ်လာတယ်၊ ဘာမှတော့ မဟုတ်ပါဘူး၊ အချိန်လေးနဲနဲ ပေးနိုင်ရင် ဆက်ဖတ်ပေးပါလား....


သူငယ်ချင်းတွေ လ္ဘက်ရည်သောက်ရင်း လ္ဘက်ရည်ဆိုင်မှာ ငွေရှင်းချိန် American System မဟုတ်တော့ သူထုတ် ကိုယ်ထုတ်ပေါ့၊ တစ်ချို့ကလည်း သူသောက်သလောက် အတိအကျ ပေးတယ်၊ တစ်ချို့ကလည်း မပေး၊ (ဒီနေရာမှာ မပေးတဲ့လူကို အပြစ်မဆိုလိုပါ.... သူ့ကိုတစ်ယောက်ယောက် က ဒကာခံမယ်ဆိုပြီး အခေါ်ခံရတဲ့လူ၊ နေ့တိုင် မထိုင်ဖြစ်တဲ့လူ သို့မဟုတ် သူတစ်နေ့က ရှင်းထားလို့ သို့မဟုတ် သူအဆင်မပြေ လို့ပေါ့ ဗွေမယူပါဘူး၊ သူငယ်ချင်း တွေဘဲ ရှိတဲ့လူအဆင်ပြေ တဲ့သူတိုက်ပေါ့၊) တစ်ချို့ကလည်း သူသောက်ထားတဲ့ ကျသင့် တာထက် တတ်နိုင်သလောက်ပိုပေးတယ်လေ၊ အဲဒီတော့လည်း မျှသွားတာပေါ့၊ ဒါပေမဲ့ ကိုခြင်္သေ့ က ရှိတယ် ..............


တစ်နှစ်သော(၁၀)တန်းအောင်စာရင်းထွက်ချိန်က ညီတော်မောင် တစ်ယောက် (၁၀)တန်းအောင်းပါတယ်၊ ဂုဏ်ထူးတောင်ပါတယ် ဆိုတော့ အားလုံး ၀မ်းသာကြတာပေါ့၊ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ အောင်တယ်ဂုဏ်ထူးနဲ့လို့ဘဲ မှတ်ထားလိုက်တယ်၊ Dဘယ်နှစ်လုံးလဲ မမေးမိလိုက်ဘူး၊

တစ်နေ့ ညီတော်မောင်နဲ့ တွေ့တော့ဟေ့ မင်း (၁၀)တန်းအောင်တာဝမ်းသာတယ်၊ ဂုဏ်ထူးပါတယ်ဆို၊ ဘယ်နှစ်လုံးလည်း မေးလိုက်တဲ့ချိန်........ ညီတော်မောင်ရဲ့ အဖြေစကားကြောင့် သူလည်း ညီခြင်္သေ့ ဘဲဖြစ်နေတယ်...

ကိုခြင်္သေ့က အတန်ကြီးလို့ပြောပြီး တစ်ထောင်တန်ထုတ်ပြ တယ်၊ ညီခြင်္သေ့ အဖြေစကား က ဂုဏ်ထူးဘယ်နှစ်လုံး ပါလဲလို့ မေးတာ... ဖြေတာက တစ်ကောင် တော့ တစ်ကောင်ထဲ ဒါပေမဲ့ ခြင်္သေ့ အင်္ဂလိပ်စာတဲ့ .......


ကျွန်တော်ဆိုတဲ့ကောင်ကလည်း သူငယ်ချင်းတစ်ထောင်တန် ကြီး သိမ်းထားလိုက်၊ အင်္ဂလိပ်စာ ဂုဏ်ထူးဆိုတော့ တော်တာ ပေါ့ အင်္ဂလိပ်စာဂုဏ်ထူးရဖို့ မလွယ်ဘူး စသည်ဖြင့် ခြင်္သေ့များ ကို အလိုက်သင့်လေး ပြန်ပြောဖြစ်ခဲ့တယ်၊ ကိုယ့်မှာတော့ တစ်ထောင်မရှိ (ဒါပေမဲ့စေတနာတော့မမွဲပါ) ကိုယ်(၁၀)တန်း အောင်တော့ အင်္ဂလိပ်စာက အောင်မှတ်ကျော် မဟုတ်လား....ဂုဏ်ယူပါတယ် ခြင်္သေ့ တွေရယ်.....


အော်ဒါနဲ့ မင်္ဂလာမောင်မယ်ရုပ်စုံလေးကို မေ့သွားတယ်၊ သူ့ ခေါင်းစဉ်က..... ခြင်္သေ့မလာ ..........တဲ့....

ခြင်္သေ့မလာ


စိတ်ရောဂါ အထူးကုဆေးခန်းထဲတွင် ဖြစ်သည်။

ဆရာဝန် - ခင်ဗျား ဘာလို့လက်ချောင်းတွေ တစ်ချိန်လုံး လျှောက်ချိုးနေလဲ။

လူနာ - ခြင်္သေ့တွေ မလာနိုင်အောင်ပေါ့။

ဆရာဝန် - ဒါပေမယ့် ဒီနေရာမှာ ခြင်္သေံ့တွေမှ မရှိဘဲ။

လူနာ - ဘယ်ရှိမလဲ၊ ကျွန်တော့်နည်းက သိပ်ထိရောက် တာကိုဗျ။


ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း လာအားပေးနော်.......

0 Comments: