ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Monday, April 6, 2009

ငလျင်သတင်း

ဒီနေ့ ငလျင် သတင်းကြားလို့ ဖုန်းဆက်သတင်းမေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါ တယ်ဗျာ၊

အိပ်လို့ကောင်းတုံးအချိန်၊ မနက် ၃ နာရီခွဲလေ၊ ညကလည်း အိပ်တာနောက်ကျတယ်၊ ၁၁း၃၀ လောက်မှ အိပ်ရာဝင်ဖြစ်တယ်၊ တော်တော်နဲ့ အိပ်မပျော်၊ နှစ်ယောက်သား အိပ်နေလိုက်တာ၊ ငလျင်လှုပ်တဲ့ အချိန်က ကျွန်တော်သာ အသာလေး နေလိုက်မယ် ဆိုရင် အတူအိပ်နေတဲ့ အချစ်လေးတောင် သိမယ် မထင်ဘူး၊း)

ပထမဆုံး သတိထားမိတာက ကုတင်ကြီးက လှုပ်လာတယ်၊ ဟ ငါလည်း လှုပ်ရှားမှု မရှိ အိပ်နေတာပါဆိုပြီး၊ ဘေးက ဇနီးချောကို မိန်းမ နင်လှုပ်တာလား၊ နင်လှုပ်တာလားလို့ မေးတဲ့အချိန်၊ ဟ...ဟ ကုတင်တင် မကတော့ဘူး၊ အိမ်ကြီးလဲ လှုပ်နေပြီး၊ ပြူတင်းပေါက်တွေ၊ နရံကပ် ဘီဒိုတွေလည်း အသံတွေမြည် တုန်လှုပ်နေပြီ၊ တစ်ချို့ အိမ်တွေ alarm တွေ ထမြည်နေပြီ၊ ငလျင်လှုပ်တာ သေချာပြီပေါ့၊

ဘာလုပ်ရမလဲ၊ ကုတင်အောက်ဝင်ရမှာလား၊ ထပြီးတော့ဘဲ ဆင်းပြေးရမှာလား၊



ဟူး…တော်ပါသေးတယ်၊ ဗဟိုချက်က မိုင် ၅၀ ၊ ၆၀ လောက် ကွာသွားလို့၊
ကျွန်တော် နေတဲ့ ရောမမြို့ကနေ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာ
L’ Aquila မှာ လှုပ်သွား တာပါ။ ရစ်စတာစကေး ၅.၈ လို့ ပြောတာဘဲ၊
တစ်ချို့သတင်းတွေမှာတော့ ၆.၃ တဲ့။



အော်တိတ်ဆိတ်တဲ့ည၊ အိပ်ကောင်းတဲညလေးကို ဖျက်းဆီးပြစ်လိုက်ပါဘိ၊
ဆက်ကြိုးစားအိပ်ခဲ့ပေမဲ့…စိတ်ထဲ ရန်ကုန်မှာရှိတဲ့ သမီးနဲ့
(၇)လွှာရှိတဲ့ကန်ထရိုက်တိုက် အမြင့်ကြီးကို
မျက်စိထဲမြင် စိုးရိမ်ပူပန်မိလိုက်တယ်၊
အမေနဲ့အဖေသာ အခုရေးထား တာသိရင်
ကိုယ့်သမီးကြတော့ကို
စိတ်ပူတတ်သားဘဲလို့
ပြောမှာသေချာတယ်။


တစ်ချို့ဓါတ်ပုံတွေဆို မြင်မကောင်းလို့ မဖေါ်ပြတော့ပါဘူးဗျာ၊



ယခုအချိန်ထိ လူ (၉၀)လောက်သေသွားပြီတဲ့ဗျာ၊ သနားပါတယ်၊ အော် သဘာဝဘေးဒါဏ်၊ သဘာဝဘေးဒါဏ်၊ အင်္ဂါနေ့မှာ သေတာ (၂၀၀) ကျော်သွားပြီတဲ့။ ဒီနေ့ (၈-၄-၂၀၀၉) (၂၅၀) ကျော်သွားပြီတဲ့။

ငါတို့ နာဂစ်နဲ့စာရင် ဘာရှိသေးလို့လဲလို့ စိတ်ထဲမှာ အတွေးဝင်မိသေးတယ်၊
ဘာဘဲဖြစ်ဖြစ် လူဘ၀အသက်တစ်ချောင်း ရခဲတယ်မဟုတ်လား၊

အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ သူ့ရဲ့
ရုရှားနိုင်ငံ ခရီးစဉ်ကိုဖျက်၊ ငလျင်ဘေးသင့်ဒေသကို သွားရောက်အားပေးနေတဲ့ သတင်းတွေ ထုတ်လွှင့်ပြသနေပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း သေဆုံးဒဏ်ရာရသူတွေအတွက် ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

ဗွီအိုအေ သတင်းအရ အမေရိကန်သမ္မတ အိုဘားမား (Barack Obama) က ငလျင်ကြောင့် သေဆုံး ပျက်စီး ဆုံးရှုံးမှုတွေအတွက်
ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့တယ်လို့ ဆိုပါတယ်။

အခု ငလျင်လှုပ်သွားတဲ့ ဒီမြို့လေးက ရှေးဟောင်းမြို့လေးတစ်မြို့၊ ဘယ်လောက်လှပသလဲဆိုရင် မိတ်ဆွေ ခံစားလို့ရအောင် အောက်ကဓါတ်ပုံလေးတင်ပေးလိုက်ပါတယ်၊ ကျွန်တော်လဲ မရောက်ဖူးပါဘူး။း)



4 Comments:

မိုးသောက်မာန် said...

မန်မန်းရေ သတင်းရလို့ အပြေးလာကြည့်တာ မန်မန်းက အိပ်ကောင်းနေတာကိုး တော်သေးတာပေါ့ နည်းနည်းဝေးလို့ နောက်ဆို သတိထားအိပ်နော် :P ငလျင်ကိုပြောတာပါ အခုလိုသတင်းလေး တင်ထားတော့ အခြေအနေလေး သိရတာပေါ့ အိုကေ ပြန်ပြီ ဘိုင်ဘိုင်

မိုးသောက်မာန် said...

မန်မန်းရေ သတင်းရလို့ အပြေးလာကြည့်တာ တော်သေးတာပေါ့ ဘာမှ မဖြစ်လို့ အခုလို သတင်းလေး ရေးပြီးတင်ထားတော့ စိတ်သက်သာရတာပေါ့ ဂွတ်တယ် အိုင်ဒီယာမိုက်တယ် အိုကေ စိတ်ချပြီ ဘိုင်ဘိုင်

နောက်ဆို ဘာက လှုပ်တယ်ဆိုတာ ခွဲခြားပြီး သိနိုင်ပါစေ :P

Anonymous said...

ထပ်လှုပ်သေးတယ်ဆို

မသက်ဇင် said...

လာဖတ်ပါတယ်ရှင်
စိတ်မကောင်းစရာပါပဲ
အစစအရာရာအဆင်ပြေပါစေ--