ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Tuesday, April 21, 2009

Venice သို့ ရောက်ခဲ့စဉ်

၁၇-၄-၂၀၀၉ ရက်နေ့ည ရောမမြို့ကနေ ရထားနဲ့ သွားပြီး၊ ၁၈-၄-၂၀၀၉ ရက်နေ့ နံနက် အစောကြီး ရောက်သွားတာပေါ့၊
တစ်နေကုန် လျှောက်လည်ပြီး ညရထားစီး ရောမကို ပြန်လာခဲ့ကြတာ၊ မြို့ခံကတော့ ညအိပ်လာဖို့ခေါ်ပါတယ်၊ ကိုယ့် အုပ်စုက များတော့ မအိပ်ဖြစ်ခဲ့ဘူး၊ လိုက်ပို့တဲ့ ကိုအောင်ကျော်ဦးနဲ့ ဇနီးချောကို ကျေးဇူးတင်ပါတယ်။

ကျွန်တော် Venice မှာ ကိုယ်တိုင်ရိုက်ခဲ့တဲ့ ပုံလေးတွေ မိတ်ဆွေများ ကြည့်ဖို့ တင်ထားလိုက်ပါတယ်၊ အားပေး ပါခင်ဗျာ။


ကျွန်တော်တို့ စီးတဲ့ရထား

နံနက် ဒီလိုအချိန်မှာ Venice ကို ရောက်သွားတယ်

နဲနဲလင်းလာပြီ


ကျွန်တော်တို့စီးဖို့ စောင့်နေတဲ့ မော်တော်ဘုတ်

ကျွန်တော်တို့ကို စောင့်နေတဲ့ Gondola လှေလေးတွေ

ဒါကတော့ TAXI ပါ

လှေ၊ တံတားနဲ့ တိုင်

လမ်းကြားထဲကတိုက်

ဟိုဘက်ကမ်းလား ဒီဘက်ခြမ်းလား

စီးချင်လိုက်တာ၊ ယူရို ၁၀၀ အနည်းဆုံးဆိုတော့ အိမ်မက်ထဲမှာဘဲ စီးတော့မယ်နော်
(အပေါ်နဲ့ အောက်ပုံ)



ဒီတံတားက ဦးရန်းနားတံတား (ခရမ်းမြို့) နဲ့ ခတ်ဆင်ဆင်
သူတို့က လာကျီစယ်နေတယ် (အပေါ်နဲ့ အောက်ပုံ)



အိမ်မက်ထဲက မမ

ကျွန်တော့ ကင်မရာ ဘက်ထရီ ကုန်သွားလို့ အောက်ကပုံတွေ ကျွန်တော် ဟမ်းဖုန်းနဲ့ ရိုက်ထားတာပါ၊ သီးခံပြီး အားပေးပါနော်
ဘာနဲ့ရိုက်ရိုက် ကျွန်တော့ လက်ရာကတော့ ပြောင်းလဲမှု မရှိပါဘူး၊ ယုံနော်.......

ဒီခြင်္သေ့ ကိုတော့ ရဲရဲကြီး ဝေဖန်ရဲပါတယ် ဦးပေါ်ဦးလို မြစ်ဟိုဘက်ကမ်း ခုန်မကူးဘူး


အဲဒီနေရာမှ ရေနာရီ၊ နေနာရီဆိုတာ ရှိတယ်ဆိုလားဘဲ၊ ရှင်းပြမဲ့သူ မစောင့်ဘဲ ကိုယ်က ရှေ့ကသွားတာ မသိလိုက်ဘူးဗျာ

အော်........ဗင်းနစ်၊ ဗင်းနစ်

ဦးရဲကြီးနဲ့ ဈေးသည်တွေ ပြေးတမ်းလိုက်တမ်းကစားတာ မြင်ခဲ့ရတယ်

မလှဘူးထင်ရင် ကျွန်တော်ရိုက်တာ မကောင်းလို့ပါ

သင်္ဘောရယ် ရွက်လေးလွှင့်လိုက်ပါလားလို့ အော်ပြောတာ မကြားဘူးဗျာ

Piazza San Marco (St Mark's Square) မှာ ရိုက်ခဲ့တဲ့ ပုံတွေ နောက်မှတင်ပေးပါမယ်ခင်ဗျာ၊

အားပေးတဲ့အတွက် ကျေးဇူးပါ။

4 Comments:

မိုးသောက်မာန် said...

Italy ကိုတော့ အရမ်းအားကျသွားပြီ အဲဒီနေရာတွေကို ရုပ်ရှင်တွေထဲမှာတွေ့ကတည်းက သွားချင်နေတာ အခုလို ဓါတ်ပုံတွေ တွေ့လိုက်ရတော့ တကယ်ကို ရောက်ချင်စိတ် ပေါက်သွားတာ အမှန်ပဲဗျို့။ နောက်ထပ်လည်း ခရီးသွားပုံတွေ များများ တင်ပေးပါ ဒါမှ ကိုယ်တိုင်မရောက်လည်း ဗဟုသုတ ရတာပေါ့။ စကားမစပ် အီတလီလိုရော ပြောတတ်နေပါပြီလား။

swem said...

venice ကိုသွားချင်သေးတယ်(လှေစီးရန်)...ဓါတ်ပုံတွေရိုက်ချက်ကတော့ (မိုက်တယ် )တော်ပါပေတယ်..အစ်ကိုနဲ့အစ်မပုံကိုထည့်လိုက်ရင်ပိုပြီးမိုက်မယ်..မိုက်တီးရဲ့ရိုက်ချက်မဟုတ်... ကိုမောင်မောင်ရဲ့ရိုက်ချက်..

မသက်ဇင် said...

ကိုမောင်မောင်ရေ
"Venice သို့ ရောက်ခဲ့စဉ်"
ပုံတွေ တွေ့ရတော့ မရောက်ဘူးပေမယ့်
ရောက်သွားသလို ခံစားရပါတယ်
ကျေးဇူးတင်ပါတယ်
တော်တော်လှပါတယ်
နောက်တခုက ပရိုဖိုင်းထည့်ပေးပါလား
လိုက်လာရတာလွယ်တာပေါ့နော်
အစစအရာရာအဆင်ပြေပါစေ
ခင်မင်စွာဖြင့်

ကဗျာဦး said...

ပထမဆုံးရောက်ဘူးပါတယ်ရှင်
ပုံတွေကြည့်ပြီး သဘောကျနေမိတယ်
လင့်ထားခွင့်ပြုပါရှင်