ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Friday, April 17, 2009

အချစ်သော့တံတား (၀ါ) Ponte Milvio padlocks

ကျွန်တော် ဒီနေ့ မိတ်ဆွေတွေကို တကယ့် romantic ဆန်တဲ့နေရာလေးကို အလည်ခေါ်သွားမယ်နော်… မိတ်ဆွေများလည်း မရောက်ဖူးတောင်မှ သိမယ် ထင်ပါတယ်။ “ အချစ်သော့တံတား ” လို့ ဒီပို့စ်မှာအမည် ပေးထားတဲ့ ပွန်တေမီဗရို Ponte Milvio Bridge လေးပါ။









လူတိုင်းအချစ်နဲ့ မကင်းနိုင်သလို ကျွန်တော် မောင်မောင် တစ်ယောက်လည်း အချစ်နဲ့ ဘယ်ကင်းနိုင် မလဲလေ… ဒါကြောင့် မိတ်ဆွေတွေကို ကျွန်တော် ရောမမှာရှိတုံး အလည်တစ်ခေါက် ပို့ဖြစ်အောင် ပို့လိုက်တာပါ…




ဒီတံတာလေးက ရောမမြို့ နေရာအနှံ့ဖြတ်စီးနေတဲ့ တိုင်ဗာမြစ် Tiber ပေါ်မှ ရှိတဲ့ တံတားတွေအနက် ရှေးအကျဆုံး၊ အရေးအပါဆုံး (most important) တံတား လေးတစ်ခုပေါ့။

အရေပါဆုံးဆိုတော့ ဒီတံတားလေးက အချက်အချာ ကူးသန်းရောင်းဝယ်ရာ တံတားတစ်ခု ဖြစ်နေလို့ပါလား…ဒါကြောင့်လည်း ဖြစ်မယ်မထင်၊ ဒီတံတားလေးက လမ်းလျှောက်လို့ဘဲ ရပါတယ်၊ မည်သည့်ယာဉ်မှ ဖြတ်ကျော် မောင်းနှင်လို့ မရပါဘူး၊

206 B. C တုံးက စတင် တည်ဆောက်ခဲ့တဲ့ ဒီတံတားလေကို ဘယ်လောက် တန်းဖိုး ထားသလဲဆို လွန်ခဲ့တဲ့ သုံး၊ လေး လလောက်က မိုးတွေ တအားရွာပြီး တိုင်ဗာမြစ် ရေကြီးတဲ့အချိန် ဒီတံတားလေး တစ်ခုခု ဖြစ်မှာစိုးလို့ စိုးရိမ်စိတ်နဲ့ လာကြည့်တဲ့ ရောမသူ၊ ရောမသားတွေ ကမ်းလုံးညွတ် မတတ်ဘဲ ရှိခဲ့တယ်။



သူတို့ဘာကြောင့် ဒီတံတားလေးကို တန်ဖိုးထားကြသလည်းဆိုတော့ ဒီတံတား လေးက ” အချစ်နဲ့ မကင်းလို့ပါဘဲ ” လို့ ဆိုချင်ပါတယ်။
စာရေးဆရာ Federico Moccia ရဲ့ ၀တ္ထုနဲ့ ရုပ်ရှင် "I Want You" ကြောင့် အချစ်နဲ့ မကင်းတဲ့ တံတားလေး အဖြစ် အသစ် ပြန်လည် မွေးဖွားပေးခဲ့တယ်လို့ ဆိုရမလားမသိ …..



များစွာတဲ့ ချစ်သူစုံတွဲတွေဟာ ဒီတံတားလေးကိုလာ၊ သူတို့ရဲ့ အမည်နာမတွေ သော့ခလောက်မှာရေး၊ တံတားရဲ့ မီးတိုင် (lamppost) မှာ သော့ကိုခတ်လိုက်ပြီး၊ သော့ချောင်းတွေကို တိုင်ဗာမြစ်ထဲ ယုံကြည်မှု အပြည့်နဲ့ ပြစ်ချခဲ့ကြတယ်၊ သော့မရှိတော့တဲ့အတွက် သော့ခလောက်လို ပြန်ဖွင့်လို့မရ၊ မြဲမြံစွာ ရှိနေသလို သူတို့တွေရဲ့ အချစ်မေတ္တာဟာလဲ အဆုံးအစမရှိ ခိုင်မြဲစွာ တည်ရှိနေအောင် နှစ်ယောက်သား အသေအချာ ပြုလုပ်လိုက်ပြီးပြီဆိုတဲ့ ယုံကြည်ချက်အပြည့်ပေါ့။



” မောင်…… မေ တို့ရော သော့ခတ် ရအောင်လေ ” လို့ ပြောလာတဲ့ ချစ်ဇနီးရဲ့ အသံလေး ကြားယောင် နေမိတယ်၊





ဒီတံတားပေါ်မှာ ရောင်းနေတဲ့ သော့တွေ ကိုယ် စိတ်မချဘူးမေရယ်… မြန်မာပြည်က အာမခံသော့ ပြန်မှာပြီးမှ လာခတ်ကြ တာပေါ့လို့ ” နှစ်သိမ့်လိုက်ရ တယ်။






သော့တွဲတွေ ဘယ်လောက် များသလဲဆို မီးတိုင် (lamppost) ဟာ သော့တွဲ တွေရဲ့ အလေးချိန်ကို မခံနိုင်လို့ လဲကြတဲ့ အထိပါဘဲ၊ ဒါကြောင့် အခုနောက်ပိုင်း မီးတိုင်မှာ သော့ခတ်ခွင့် မပြုတော့ဘဲ၊ မီးတိုင်ခြေ၊ တံတားပေါ်မှာဘဲ ပုံမှမြင်ရတဲ့ အတိုင်း ခတ်ထားကြတဲ့သော့တွေ ……….



မိတ်ဆွေတို့လဲ သော့ခတ်ချင်ရင် ကျွန်တော့စီ ပို့ပေးပါ၊ မိတ်ဆွေတို့ ကိုယ်စား ကျွန်တော် ခတ်ပေးပါ့မယ်။
ချစ်သူတိုင်း ပေါင်းရပါစေ၊ ချစ်မေတ္တာ ခိုင်မြဲပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

3 Comments:

မသက်ဇင် said...

မိတ်ဆွေတို့လဲ သော့ခတ်ချင်ရင် ကျွန်တော့စီ ပို့ပေးပါ၊ မိတ်ဆွေတို့ ကိုယ်စား ကျွန်တော် ခတ်ပေးပါ့မယ်။

လာဖတ်သွားပါတယ်
ပုံတွေကြည့် ပြီးအတော်လေးစိတ်ဝင်စားတယ်
ဝေငှပေးတာကျေးဇူးပါ
ပျော်ရွှင်ပါစေ

ဆန်းဝင်း said...

တခါမှ ကြားဖူးဘူး.. သော့တွေ အများကြီးပဲနော်..

Unknown said...

တစ်ခါမှမဖတ်ဖူးသေးတဲ့
အစ်ကို့ဘလောခ့်လေးမှာ
စိတ်ဝင်စားစရာလေးတွေပြည့်နေလို့
ဝေမျှပေးထားတဲ့ အစ်ကို့ ကို
ကျေးဇူးတင်ပါတယ်....

အစစအရာရာ အဆင်ပြေပါစေအစ်ကို