ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 15, 2009

ချိန်ခွင်လျှာ ဘယ်သို့ယိမ်း

ကျွန်တော့ရဲ့ မိတ်ဆွေများအတွက် အောက်ကပုံလေး တင်ပေး လိုက်ပါတယ်
(ဒီပုံလေးကို ကျွန်တော် ဗာတီကန် မှာ ရိုက်ထားတာပါ။)



ဒီပုံလေးမြင်တာနဲ့ ချိန်ခွင် (Scales) ကတော့ မျှတခြင်း၊ တန်းတူရှိခြင်း၊ ညီမျှခြင်း ကို ဖေါ်ညွှန်းပြီး၊ တုတ်တံ (Stick) ကတော့ ဥပဒေကို ကိုယ်စားပြုတယ် ဆိုတာ ကျွန်တော်တို့ရွှေတွေ မပြောပြလဲသိမှာပါ….



ကျွန်တော် ပြောချင်တာ တစ်ခုဘဲ ရှိပါတယ်။ ဒါက “ ချိန်ခွင်လျှာ ဘယ်မှ မယိမ်း” တာ အကောင်းဆုံးလို့ …….. ဆိုလိုချင်တာက “ အမှန်တရား ” ပေါ့။


မှန်ကန် ပြည့်စုံစွာ သိရှိအောင် အချိန်အတိုင်းအတာ တစ်ခုကို စောင့်ပြီး ချင့်ချိန် တွေးဆကြပါ၊ ထင်ကြေးနဲ့ ဆုံးဖြတ် မလုပ်ကိုင်ကြပါနဲ့၊ မျှတစွာ ပြောဆိုဆောင်ရွက်ကြပါ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှု လွဲမှားမှုများ ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းအောင် ဆောင်ရွက်ကြပါလို့ အကြံပြုချင်ပါတယ်ဗျာ…....

နောက်ပြီးတော့လေ …. မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ စကားနဲ့ အညီ မိတ်ဆွေများ တစ်ဦးနဲ့ တစ်ဦး ချစ်တတ်ကြပါစေ……

မေတ္တာ = မရောက်သေးသော ဒုက္ခများ မရောက်အောင် ကြိုတင် ဆောက်ရွက်ခြင်း။

ကရုဏာ = ရောက်နေသော ဒုက္ခများကို ပပျောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ခြင်း။

မုဒိတာ = အောင်မြင် ချမ်းသာ ပျော်ရွှင်သည်ကို တွေ့လျှင် ကြည်နူး ကျေနပ်ခြင်း။

ဥပေက္ခာ = မိမိကို ထိခိုက်စေသည့် ကိစ္စများကို အပြစ်မတင်ဘဲ ခွင့်လွှတ်ခြင်း။

ဒီ အထက်က အင်္ဂါ (၄)ရပ်နဲ့ညီမှ အမှန်တကယ်ချစ်တတ်ပြီလို့ ဆိုပါတယ်၊ ခက်တာက ဒီအင်္ဂါ (၄)ရပ်ကလည်း မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်းနှင့် သတိပဋ္ဌာန်(၄) ပါး ကျွမ်းကျင်မှသာ အထက်ပါ အင်္ဂါလေးရပ် ပြည့်စုံနိုင်တယ် ဆိုတော့ ခက်သားဘဲ၊

(မဂ္ဂင်(၈)ပါး၊ (၂၄)ပစ္စည်းနှင့် သတိပဋ္ဌာန်(၄) ပါး တို့ဆိုတာတွေ ကျွန်တော် သိအောင်လုပ်ရအုံးမယ်၊ ကျွန်တော် ဒီဘလော့ဂ်က ကူးထားတာ http://aung-myay.blogspot.com/ :p) ကျွန်တော်နှစ်သက်တဲ့ ဘလော့ဂ် လေးပါ၊)

မိတ်ဆွေများအားလုံး အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ကြပါစေ။

မိတ်ဆွေများအားလုံး တကယ်ချစ်တတ်တဲ့သူတွေ ဖြစ်ကြပါစေ။

အချစ်ကြောင့် လောကကြီး သာယာလှပပါစေ။

ရေးချင်းတာရေးထားတာပါ။

အဆုံးတိုင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

0 Comments: