Saturday, October 10, 2015
Thursday, November 1, 2012
ဦးပိန်တံတား
မြို့စာရေး ဦးပိန်ဟာ မိုးတွင်းကာလ မှာ တောင်သမန်ရွာနေ လူအများ သွားရေးလာရေးခက်ခဲတာကို မြင်ပြီး၊ တောင်သမန်အင်းကို ဖြတ်ကာ သစ်သား တံတားတစ်စင်း တည်ဆောက်ဖို့ အကြံဖြစ်ပေါ် ခဲ့တဲ့အတွက် ပုဂံမင်းထံ ခွင့်တောင်းပြီး၊ စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်း များကို စုဆောင်းပြီး တံတားတည်ဆောက်ခဲ့ တယ်လို့ဆိုပါတယ်။
Posted by မောင်မောင် at 10:08 AM 1 comments
Wednesday, December 7, 2011
ကျိုက်ထီးရိုး ဘုရားဖူးရအောင်
ကျွန်တော်လည်း ဘလော့ကို (၂)နှစ်လောက်ရှိပြီ၊ ဘာဓါတ်ပုံမှ မတင်ဖြစ်တာ၊ အလုပ်ကလည်းမအား၊ ဘယ်မှလည်း မသွားဖြစ်နဲ့၊ ကျွန်တော်အီတလီက ပြန်ရောက်ပြီ (၂)နှစ်လောက်ရှိမှ ဟိုတစ်နေ့က ကျိုက်ထီးရိုးဘုရားကို မိသားစုနဲ့ရောက်ခဲ့တယ်၊
အဲဒါနဲ့ အီတလီမှာ ရှိတဲ့ ကျွန်တော့ရဲ့မိတ်ဆွေတွေကို ကျိုက်ထီးရိုးဘုရားဖူးရအောင် ဓါတ်ပုံလေးတွေ တင်လိုက်အုံးမယ် စိတ်ကူးတာနဲ့ ကျိုက်ထီးရိုးဘုရားပုံလေးတွေ တင်လိုက်ပါတယ်။
ကျွန်တော့မိတ်ဆွေများသိတဲ့အတိုင်း ကျိုက်ထီးရိုးစေတီတော်ဟာ မွန်ပြည်နယ်ရှိ ပေါင်းလောင်းတောင်ရဲ့ ကြီးမားမတ်စောက်တဲ့ တောင်ထွဋ်အစွန်းမှာ လုံးပတ်ပေ ၅၂ ပေခန့်ရှိ (ရသေ့ဦးခေါင်းနှင့်ပုံသဏ္ဍန်တူသည့်) ကျောက်လုံးကြီးပေါ်မှာ အံဖွဃ်ထူးဆန်းစွာတည်ထားတဲ့ ဥာဏ်တော် ၁၂ တောင်ခန့်ရှိ စေတီတော် ဖြစ်ပါတယ်။
မွန်ဘာသာဖြင့် ရသေ့ရွက်ထားသောဘုရား ကျိုက်ဏ္ဍသိရိုးလို့ အဓိပ္ပါယ်ရကြောင်းနဲ့၊ ကေလာသရသေ့ထံမှ ဆံတော်တစ်ဆူ၊ တိသရသေ့ကြီးထံမှ ဆံတော် နှစ်ဆူကို ဌာပနာကာ မဟာသက္ကရာဇ် ၁၁၈ ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ သီဟရာဇာမင်းကိုယ်တိုင်ရွှေထီးအထွတ်တင်လှူ ရေစက်သွန်းချခဲ့တဲ့ စေတီဖြစ်ပါတယ်။
သက္ကရာဇ် ၉၁၇ တွင် ဘုရင့်နောင်၊ ၁၀၃၁ တွင် ပြည်မင်း၊ ၁၀၄၈ တွင် မင်းရဲကျော်ထင်၊ ၁၀၆၂ တွင် စနေမင်း တို့ ရွှေထီးတော်များ တင်လှူခဲ့ကြကြောင်းနဲ့ ထူးဆန်းအံ့သြဖွယ် တည်ရှိနေတာကြောင့် ကမ္တာ့အံ့ဖွယ်စာရင်းဝင် စေတီတစ်ဆူဖြစ်တယ်လို ဆိုပါတယ် မိတ်ဆွေများခင်ဗျာ။

ကိုလှစိုးမောင်တို့၊ မမျိုးတို့၊ ကိုဝင်းနိုင်တို့၊ ကိုစောမူလယ်တို့၊ ကိုထွန်းထွန်းတို့ တ၀ကြီး ဖူးလိုက်ကြပါ...
Posted by မောင်မောင် at 8:21 AM 0 comments
Labels: ခရီးသွားဓါတ်ပုံ
Tuesday, September 27, 2011
Saturday, September 3, 2011
အပြုံးပုံရိပ်
ကျွန်တော် ဓါတ်ပုံလေးတစ်ပုံ ရိုက်ဖြစ်ခဲ့တယ်၊
ဒီပုံလေးကို အပြုံးပုံရိပ် လို့ အမည်ပေးထားပါတယ်၊
သူတို့နှစ်ဦးဟာ ကင်မရာကို တစ်ယောက်ကို အကူအညီ တောင်းပြီး ရိုက်ခိုင်းလိုက်တယ်၊
အဲဒီလို ရိုက်ပြီး ရလာတဲ့ ပုံရိပ်ကို ကင်မရာမှာ သူတို့နှစ်ဦး ပြန်ကြည့်တဲ့အချိန်၊
သူတို့နှစ်ဦးလုံးက ကင်မရာရဲ့ ပုံရိပ်မှာ နစ်မျောခံစားပြီး၊ အပြုံးလေးတွေ ပွင့်အံလာခဲ့ကြတယ်၊
ဒီအချိန်မှာသူတို့ နှစ်ဦးရဲ့ အပြုံးက အသက်ဝင်လို့ ကျွန်တော်လည်း ရိုက်လိုက်မိတာ၊
ခံစားကြည့်ပါခင်ဗျာ၊
Posted by မောင်မောင် at 10:03 AM 0 comments
Labels: ခရီးသွားအမှတ်တရ
Saturday, September 19, 2009
Sunday, September 13, 2009
မပြီးသေးတဲ့ Vatican Museum
ကျွန်တော်လည်း သူများတွေ ပြောသလို ဆားချက်နေတာပါ။ ကျွန်တော့ဘလော့မှာ အမှတ်တရ အဖြစ် ကျန်နေအောင်လို့။ မိတ်ဆွေတို့လည်း ကြုံတုံးအားပေးသွားပါအုံးဗျာ။ အားလည်းနာတယ် ခင်လည်း ခင်တယ်ပေါ့။
Posted by မောင်မောင် at 8:14 PM 0 comments
Sunday, September 6, 2009
painting inside Vatican Museum
ကျွန်တော် Vatican Museum ထဲမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံအချို့ပါ။ လူတွေက များတော့ ရိုက်ရတာ မကောင်းဘူး၊ တချို့ပုံတွေ ကောင်းမယ်ထင်သလို ဖြတ်ညှပ် crop လုပ်ပြီး တင်လိုက်ပါတယ် ... ကျွန်တော့ရဲ့ အီတလီ အမှတ်တရ documentary ပါ။ အခုတော့ ပန်းချီပုံတွေ တင်လိုက်ပါတယ်၊ နောက်တခါ ရုပ်ထုတွေ တင်ပါမယ်၊ နောက်တခါ Ceiling Painting တင်မယ်လို့ စိတ်ကူးပါတယ်။
ကျေးဇူးတင်ပါတယ်။
Posted by မောင်မောင် at 10:19 AM 0 comments
Monday, August 31, 2009
Sphere Within Sphere (Sfera con Sfera)
ဒီအလုံးကြီးကို အီတလီ ပန်းပုအကျော်အမော် Arnaldo Pomodoro ထုလုပ်သွန်းလောင်း ထားတယ်လို့ဆိုပါတယ်၊
သူ့ရဲ့လက်ရာတွေကို အခုကျွန်တော် ဓါတ်ပုံရိုက်ထားတဲ့ ဗာတီကန်၊ ဒူဘိုင်းမှာရှိတဲ့ Trinti College ၊ နယူးယောက် UN Headquarter ၊ ၀ါရှင်တန် မှာရှိတဲ့ Hirshhorn Museum နဲ့ Sculpture Garden ၊ Indianapolis က Christian Theological Seminary ၊ အီရန်မှုာရှိတဲ့ Tehran Museum ၊ Berkeley က University of California နေရာတွေမှာ ကြည့်ရှု့နိုင်တယ်လို့ဆိုဘဲ၊
ကျွန်တော်လည်း ဘာအလုံးကြီးမှန်း မသိလို့ အင်တာနက် မှာ လွယ်လွယ်ကူကူ တွေ့တာလေး ရေးလိုက်တာပါ၊ အသေးစိတ် သိချင်ရင်တော့ မိတ်ဆွေများကိုယ်တိုင် ရှာဖွေ လေ့လာဖတ်ပါခင်ဗျာ။ :D) ကျေးဇူးတင်ပါတယ်။
(Sphere Within Sphere by Arnaldo Pomodoro in the Cortile della Pigna, Vatican, Rome)
Posted by မောင်မောင် at 9:35 PM 0 comments
Sunday, August 30, 2009
Monumental Stairs of the Vatican Museum
ကျွန်တော် ဒီနေ့ (၃၀-၈-၂၀၀၉)ရက်နေ့မှာ Vatican Museum ကို သွားခဲ့တယ်၊ မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ သြဂုတ်လ (၃၀)ရက်နေ့က တနင်္ဂနွေနေ့ လေ၊ ဟုတ်ပါတယ် တနင်္ဂနွေနေ့ပါ၊ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက လ တစ်လရဲ့ နောက်ဆုံး တနင်္ဂနွေနေ့။
Vatican Museum က လတစ်လရဲ့ နောက်ဆုံး တနင်္ဂနွေနေ့မှာ Museum ထဲကို အလကား ၀င်ခွင့် Entrance Free ပေးပါတယ်၊ ကျွန်တော် လည်း Free ရလို့ အခု အကြိမ်နဲ့ဆို ရောက်ခဲ့တာ (၂)ကြိမ်ရှိသွားပါပြီ။
နေ့လည် ၁၂း၃၀ ဆို ၀င်ခွင့်ပိတ်ပါတယ်။ မနက် (၇)နာရီလောက် ထသွားရင် အကောင်းဆုံးပါ။ ကျွန်တော်တော့ အအိပ်မက်လို့ ၈ နာရီခွဲမှ သွားတယ်၊ မနက် ၉ နာရီက စပြီးတန်းစီတာ ၁၀ နာရီလောက်မှာ Museum ထဲ ရောက်ပါတယ်။ နေ့ခင်း ၂ နာရီမှာ ပြန်ထွက်လာခဲ့တယ်။ ဒီတစ်ကြိမ်တန်းစီတာ မြန်တယ်လို့ ပြောရမယ်၊ အရင်ကဆို ၂ နာရီလောက်ကြာတယ်၊
အီတလီ၊ ရောမမှာ ရောက်ဖူးသင့်တဲ့ နေရာတစ်ခုပါ။ အီတလီ၊ ရောမမှာလို့ ဆိုလိုက်ပေမဲ့ Vatican ဟာ သီးခြား City State ဆိုတာ ကျွန်တော်တို့ ရွှေတွေ မပြောလဲ သိမှာပါ။
Free ၀င်ခွင့်ပေးတဲ့နေ့ဆိုတော့ လူကများပါတယ်။ တန်းစီတဲ့ လူတွေဟာ တမျှော်တခေါ် ဘဲလေ၊ Museum ထဲ တစ်ချို့နေရာတွေ ၀င်ခွင့်မပေးပါဘူး၊ မလှမ်းမကမ်းကဘဲ ကြည့်လို့ရပါတယ်။ လူများတော့ သေသေချာချာတော့ မကြည့်ရဘူးပေါ့။
ကျွန်တော် Vatican Museum မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို မိတ်ဆွေတို့ကို မျှဝေချင်ပါတယ်၊ အခုတော့ လှေကား stairs ကို အပေါ်နဲ့ အောက်က ရိုက်ထားတဲ့ ဓါတ်ပုံလေးနဲ့ စလိုက်ကြရအောင် ......
အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်၊ ခင်မင်စွာဖြင့်
Posted by မောင်မောင် at 11:02 PM 0 comments
Labels: ခရီးသွားဓါတ်ပုံ

