ဝါသနာအရ လုပ်ကြည့်နေသည့် ဘလော့ဂ် တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 1, 2012

ဦးပိန်တံတား



မိတ်ဆွေများခင်ဗျာ

ဒီတစ်ခါတော့ ဦးပိန်တံတား မှာ ကျွန်တော်ရဲ့ ရိုက်ချက်လေးတွေ တင်ပြလိုပါတယ်။ ဦးပိန်တံတားကို ကျွန်တော် ပထမဆုံး အကြိမ် ရောက်ဖူးခြင်းဖြစ်ပါတယ်။


  ဦးပိန်တံတားဟာ မိတ်ဆွေတို့သိတဲ့ အတိုင်းဘဲ တောင်သမန်အင်းကို ဖြတ်ပြီး တည်ဆောက်ထားတဲ့ သစ်သားတံတား တစ်ခုဖြစ်ပါတယ်။ ဦးပိန်တံတားကို ကမ္တာပေါ်မှာ အရှည်ဆုံး သစ်သားတံတားလို့ အဆိုရှိကြပါတယ်။



ပုဂံမင်းလက်ထက် အမရပူရမြို့စာရေး ဦးပိန်က တည်ဆောက်ခဲ့လို့ ဦးပိန်တံတားဟု အမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။



ဦးပိန်တံတားကို မြန်မာသက္တရာဇ် ၁၂၁၀ခု (ခရစ်နှစ် ၁၈၄၉) တွင် တည်ဆောက်ခဲ့ပြီး၊ ၁၂၁၂ ခု (၁၈၅၁ ခုနှစ်) တွင် တည်ဆောက်ပြီးစီး ခဲ့ပါတယ်။



မြို့စာရေး ဦးပိန်ဟာ မိုးတွင်းကာလ မှာ တောင်သမန်ရွာနေ လူအများ သွားရေးလာရေးခက်ခဲတာကို မြင်ပြီး၊ တောင်သမန်အင်းကို ဖြတ်ကာ သစ်သား တံတားတစ်စင်း တည်ဆောက်ဖို့ အကြံဖြစ်ပေါ် ခဲ့တဲ့အတွက် ပုဂံမင်းထံ ခွင့်တောင်းပြီး၊ စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်း များကို စုဆောင်းပြီး တံတားတည်ဆောက်ခဲ့ တယ်လို့ဆိုပါတယ်။



1 Comment:

hteinlynnmyint.blogspot.com said...

Excellence shot of sunset Ko Maung Maung Tun Gyi...