
Posted by မောင်မောင် at 6:38 PM 2 comments
Labels: ခရီးသွားဓါတ်ပုံ
Posted by မောင်မောင် at 8:20 PM 1 comments
Labels: ခရီးသွားဓါတ်ပုံ
တစ်နေ့ ကျွန်တော် သတင်းစာ ဖတ်နေရင်း
တူမလေး စနိုး က အနားကပ်လားပြီး ဘဘ၊ ဘဘ .... လို့ခေါ်ကာ ... ကျီးကန်း က ဘာလို့ မဲတာလဲ လို့ မေးလားတယ်၊
ကျွန်တော် လဲ တော်တော် အဖြေရ ခက်တယ် ... မဲချင်လို့ မဲတာပေါ့ လို့ ဖြေမလို့ဘဲ၊ ကလေးဆိုတော့ သူလက်ခံအောင် ဘယ်လိုဖြေရမလဲ စဉ်းစားနေမိတယ်၊
ဒါနဲ့ ကျွန်တော်လည်း အမေးကို အမေးနဲ့ဘဲ အဆုံးသတ်မှလို့ စဉ်းစားမိတာနဲ့ ... နိုနို ရော ကျွဲဘာလို့ မဲလဲ ဆိုတာ သိလား လို့ ပြန်မေးလိုက်တယ်၊ အဲဒီတော့ မသိဘူး ဘဘတဲ့၊ အေး ဘဘ လည်း ကျီးကန်း ဘာလို့ မဲတယ်ဆိုတာတော့ ဘယ်သိမလဲ ကလေးရယ်လို့ ပြန်ပြောလိုက်ရတယ်။
ဒါနဲ့ မပြီးသေးဘူး၊ ဘဘ၊ ဘဘ ဇီးကွက်က ဘာလို့ မျက်လုံးပြူးတာလဲ၊ အင်း ခက်ချေပြီ၊
ကဲ နိုနို ရေ၊ ဘဘလဲ သတင်းစာ ဖတ်တာ ကောင်းကောင်းမဖတ်ရဘူး၊
သမီးကို ဘဘ ပုံပြောပြမယ် ” ကျီးနဲ့ ဇီးကွက် ပုံပြင် ” သမီး ဘဘ ပုံပြောပြပြီးရင် သွားကစားတော့နော် လို့ အဆုံးသတ်လိုက်ရတယ် ....
ကျွန်တော်လည်း ဖတ်ဖူးတဲ့ ကျီးနဲ့ဇီးကွက် အကြောင်းလေးကို ပြောပြလိုက်တယ်၊
ကလေးနားလည်လား၊ နားမလည်လားတော့ မသိပါ၊ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် လို့ ဆိုတော့ ကလေးလည်း ကျေနပ်သွားတယ်၊ သွားကစားလေရဲ့ ...
ကျွန်တော်ပုံပြင်လို ပြောလိုက်တာ အကြောင်းလေးက အောက်မှာပါ ...........
ဦးဝန်နှင့် ဦးဘ ရေးသည့် ပဌမတန်းမြန်မာဖတ်စာ ဖတ်စာ (၁၃) ဖြစ်ပါသည်။ ယင်းစာအုပ်အား http://www.elibrary.net.mm/ မှ ရယူ ဖတ်ရှုပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Posted by မောင်မောင် at 10:10 PM 4 comments
Labels: ရေးချင်တာရေးထားတာ
MYANMAR |